ဒွေး

သရုပ်ဆောင်၊ အဆိုတော် From Wikipedia, the free encyclopedia

ဒွေး
Remove ads

ဒွေး (၇ မေ ၁၉၆၆ – ၁၁ ဇူလိုင် ၂၀၀၇) သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။

အချက်တိုများ ဒွေး, မွေးဖွား ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းများအနက် သားဦးဖြစ်သည်။ Y.I.T (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့မရမီကတည်းက အနုပညာလောကသို့ ဝင်ရောက်ခဲ့သည်။

အနုပညာခရီး

အဆိုတော်တစ်ဦး ဖြစ်လိုခဲ့သော်လည်း ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်း၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။ ပထမဆုံးအနေဖြင့် ၎င်း၏အမည်ရင်း "ထင်လင်း" ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုဇာတ်ကား "ဒုက္ခကို အရောင်ဆိုးတယ်" နှင့် ရုပ်ရှင်ကား "ဝေလည်းမွှေး၊ ကြွေလည်းမွှေး" တို့ဖြင့် ပရိသတ်အကြား လူသိများလာပြီး စတင်အောင်မြင်ခဲ့သည်။ ထိုအချိန်မှစ၍ "ဒွေး" ဟူသော အမည်ဖြင့် လူသိများခဲ့သည်။

ဒွေးသည် ဗီဒီယိုဇာတ်ကားနှင့် ရုပ်ရှင်ကားများစွာကို ရိုက်ကူးခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် "အမေ့ခြေရာ" ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု (အကယ်ဒမီ) ကို ရရှိခဲ့သည်။ ရုပ်ရှင်နှင့် ဗီဒီယိုကားများအပြင် ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သည်။

ဂီတလောကတွင်လည်း အောင်မြင်ခဲ့ပြီး သီချင်း ၃၀ ကျော် သီဆိုခဲ့သည်။ ၎င်း၏ တစ်ကိုယ်တော် အယ်လ်ဘမ်မှာ "ထွန်းလင်းခွင့်ပေးပါ" ဖြစ်ပြီး အတွဲခွေများနှင့် လူစုံတေးစီးရီးများတွင်လည်း ပါဝင်ခဲ့သည်။

ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သော ဇာတ်ကားမှာ "နှင်းဆီမိုးတိမ်" ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဒါရိုက်တာ ချိုတူးဇော် ရိုက်ကူးနေသည့် "ကမ္ဘာတစ်ခြမ်းည" ဇာတ်ကားကို နောက်ဆုံး ရိုက်ကူးလက်စ ဖြစ်သည်။

Remove ads

ကိုယ်ပိုင်ဘဝ

ဒွေးသည် မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျခဲ့သည်။[]

ဘဝနိဂုံး

ဒွေးသည် ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ အမှတ် (၃၄) (စီ)၊ အေးသာယာလမ်းရှိ နေအိမ်၌ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ နှစ် ရှိပြီဖြစ်သည်။[][]

ဇူလိုင် ၁၃ ရက်နေ့ နံနက် ၄ နာရီတွင် နေအိမ်၌ သံဃာတော်များထံမှ သီလခံယူကာ ရေစက်ချ အမျှဝေခဲ့ပြီး နံနက် ၅ နာရီတွင် ရေဝေးအအေးတိုက်မှတစ်ဆင့် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ ဒွေး၏ အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီ တည်ထားခဲ့သည်။

ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်း၌ ဒွေး၏ ပုံတူရုပ်တုနှင့် ၎င်းရရှိခဲ့သော အကယ်ဒမီရွှေစင်ဆုကို အမှတ်တရ ထားရှိထားသည်။

သတိပြုဖွယ်ရာမှာ ၎င်း၏ ဦးလေးဖြစ်သူ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) သည်လည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ၊ ၎င်းတို့နှစ်ဦး ကွယ်လွန်သည့် နေ့ရက်နှင့် လသည် တိုက်ဆိုင်နေသည်။[]

Remove ads

ပန်းချီလက်ရာ

ဒွေးမကွယ်လွန်မီ ရေးဆွဲခဲ့သော ပန်းချီလက်ရာများကို ၎င်းကွယ်လွန်ခြင်း (၂) နှစ်ပြည့် အမှတ်တရအဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ၃၄ လမ်းရှိ Azada ခန်းမ၌ ပြသရောင်းချခဲ့သည်။ ဒွေး၏ ပန်းချီလက်ရာ ၁၁ ကားကို ပြသခဲ့ပြီး ရရှိသော ရန်ပုံငွေများကို စာနယ်ဇင်းရန်ပုံငွေအဖြစ် လှူဒါန်းခဲ့သည်။

ရရှိခဲ့သော ဆုများ


နောက်ထပ် အချက်အလက်များ နှစ်, ဆု ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads