နတ်မောက်မြို့နယ်
မကွေးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
နတ်မောက်မြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် ပါဝင်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နတ်မောက်မြို့ဖြစ်သည်။ နတ်မောက်မြို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိမြို့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၇၃ ခုနှင့် ကျေးရွာပေါင်း ၂၃၇ ရွာပါဝင်သည်။ မြို့နယ်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၀၆,၉၉၆ ယောက်[၁] ဖြစ်သည်။
Remove ads
နဂါးမောက်စေတီ
နတ်မောက်မြို့ အရှေ့ဘက် ၁၄ မိုင် ကွာဝေးသော ရွာမွန်ဟု ခေါ်သော ကျေးရွာတွင် တောင်ကျောင်း၊ မြောက်ကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်းဟူ၍ ဘုန်းကြီးကျောင်း လေးကျောင်း ရှိရာတွင် တောင်ကျောင်း ပရိဝုဏ်အတွင်း၌ ရှေးဟောင်းစေတီ ၃၅ ဆူ ရှိသည်။ ၎င်း ၃၅ ဆူထဲမှ စေတီလေးဆူမှာ ပုံမှန် ထီးတော်နေရာတွင် ထီးတော်မရှိမူဘဲ နဂါးခေါင်းများ ရှိကာ ယင်း နဂါးခေါင်း လေးခုသည် အရပ်လေးမျက်နှာသို့ မျက်နှာပြုလျက် ရှိသည်။ တောင်ကျောင်း၏ မူလ ပဓာန နာယက ဆရာတော်ကြီး ဦးအာလောဘာသက ထိုရွာတွင် ဘေးအန္တရာယ် မကျရောက်စေရန် ရည်စူး၍ နှစ်ပေါင်း ရာကျော်က တည်ထားခဲ့ကြောင်း ရှေးလူကြီးသူမများက ပြောကြားသည်မှ လွဲ၍ စေတီ ငှက်ပျောဖူးအထက်က နဂါးဦးခေါင်းများနှင့် ပတ်သက်၍ အဓိပ္ပာယ်ကို မသိကြချေ။ နှစ်ရာကျော်ခဲ့ပြီ ဖြစ်၍ နဂါးမောက် စေတီလေးဆူမှာ ဟောင်းအို ဆွေးမြည့်ကာ အချို့မှာ ပြိုကျပျက်စီးခြင်း ဖြစ်သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads