နန်းပန်မြို့

From Wikipedia, the free encyclopedia

နန်းပန်မြို့map
Remove ads

နန်းပန်မြို့ သို့မဟုတ် နန့်ပန်မြို့ သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အင်းလေးဒေသရှိ မြို့တစ်မြို့ ဖြစ်သည်။ နန့်ပန်ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ရပ်ကွက်ဖြင့် မြို့အဖြစ်အဆင့်တိုးမြှင့်ခဲ့​​ခြင်းဖြစ်သည်။

အချက်တိုများ နန်းပန်မြို့ နန့်ပန်, နိုင်ငံ ...

ယခင်က နမ့်ပန်ကျေးရွာအုပ်စုကို ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခုအခါ နမ်းပန်ကျေးရွာကုန့်ကယ်ကျေးရွာကြာတောကျေးရွာတို့ကို ရပ်ကွက်(၁) အဖြစ်လည်းကောင်း၊ ပေါက်ပါးကျေးရွာရေလယ်ကျေးရွာတို့ကို ရပ်ကွက်(၂) အဖြစ်လည်းကောင်း၊ ဈေးပါးကျေးရွာဈေးကုန်းကျေးရွာနောက်ကန်ကျေးရွာတို့ကို ရပ်ကွက်(၃) အဖြစ်လည်းကောင်း၊ သရက်ပင်ကျေးရွာမန်ကျီးကုန်းကျေးရွာ၊ ရေတွင်းပက်ကျေးရွာတို့ကို ရပ်ကွက်(၄)အဖြစ်လည်းကောင်း မြို့အဖြစ်ဖွဲ့စည်းခဲ့သည်။[]

နမ့်ပန်ကျေးရွာအုပ်စုကိုယခင် ၁၉၅၉ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်စဉ်က အင်းလေးတောင်ပိုင်းဒေသကို နမ့်ပန်မြို့နယ်အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး အင်းလေးဒေသတွင် ညောင်ရွှေနှင့်နန်းပန်မြို့နယ် ၂ ခုရှိခဲ့ရာမှ ပြည်တွင်းမငြိမ်းချမ်းမှု အခြေအနေ‌များကြောင့် နန်းပန်မြို့နယ်ကို မြို့နယ်အဆင့်မှ လျှော့ချပြီး ညောင်ရွှေမြို့နယ်အတွင်းကို ထည့်သွင်းကာ ညောင်ရွှေတစ်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads