နန်းမယ်ခုံမြို့
From Wikipedia, the free encyclopedia
Remove ads
နန်းမယ်ခုံမြို့သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြို့အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသည်။ မြို့အနီးတွင် နန်းမယ်ခုံရေထွက်ပေါက်နှင့် လွိုင်နန်းဖတောင်တို့မှာ ထင်ရှားသည်။
Remove ads
သမိုင်းကြောင်း
ယခင်က ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာအုပ်စုအား ရပ်ကွက် (၄)ခု ပါဝင်သော နန်းမယ်ခုံမြို့အဖြစ် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အဆင့်တိုးမြှင့်ခဲ့သည်။
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၃၈.၅၂ စက္ကန့်နှင့် ၁၉ ဒီဂရီ ၃၉ မိနစ် ၄၈.၀၃ စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၆ မိနစ် ၂၆.၆၃ စက္ကန့်နှင့် ၉၇ ဒီဂရီ ၀၆ မိနစ် ၃၉.၃၉ စက္ကန့်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၀.၆ မိုင်၊ တောင်မှမြောက်သို့ ၀.၈ မိုင်ရှိပြီး ၀.၅၆၅ စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
နန်းမယ်ခုံမြို့၏ အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု၊ အနောက်ဘက်နှင့်တောင်ဘက်တွင် အိုကေကျေးရွာအုပ်စုနှင့် မြောက်ဘက်တွင် ဆင်တောင်ကျေးရွာအုပ်စုတို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
နန်းမယ်ခုံမြို့သည် တောင်ကုန်းတောင်တန်းများဝန်းရံနေသော မြေပြန့်ဒေသဖြစ်သည်။
Remove ads
လူဦးရေ
နန်းမယ်ခုံမြို့တွင် ကယားတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ ကရင်နှင့် ဗမာလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၁]
စီးပွားရေး
နန်းမယ်ခုံမြို့သည် ဒီးမော့ဆိုနှင့် ရှမ်းပြည်နယ် မိုးဗြဲကို ဆက်သွယ်သော လမ်းပေါ်တွင် တည်ရှိကာ စီးပွားရေးကောင်းမွန်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။

ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads