နန်းယွန်းမြို့

From Wikipedia, the free encyclopedia

Remove ads

နန်းယွန်းမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[]

အချက်တိုများ နန်းယွန်းမြို့, နိုင်ငံ ...

နန်းယွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြောက်ဘက်စွန်း မြို့နယ် တခု ဖြစ်သည်။ ၁၉၄၆ က နန်းယွန်းတွင် ဦးဆွမ်ဘောကို တောင်အုပ်အဖြစ် ခန့်ထားသည်။ ၁၃ နိုဝင်ဘာ ၁၉၅၄ တွင် နန်းယွန်းတောင်အုပ် ဦးဆွမ်ဘောသည် ဟူးကောင်း၌ ကွယ်လွန်သောအခါ နန်းယွန်းကို ကားမိုင်းနယ်၏ လကအောက်ခံ အဖြစ် ထားရှိသည်။ ထိုစဉ် ဝိုင်းဝန်းကန့်ကွက်ကြ၍ စစ်ကိုင်းတိုင်းအတွင်း ပါဝင်သွားသည်။

နန်းယွန်းသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသ ဖြစ်ပြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည်။ ၁၄-၁၆ ဇန်နဝါရီ ၂၀၁၀ တွင် ခန္တီးခရိုင်၊ နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads