နယူးယောက် တိုင်းမ်စ်

From Wikipedia, the free encyclopedia

Remove ads

နယူးယောက်တိုင်းမ် (အင်္ဂလိပ်: the New York Times, N.Y.T. or N.Y. Times) သည် နယူးယောက်မြို့တွင် အခြေစိုက်သည့် အမေရိကန် နေ့စဉ်သတင်းစာ[][] ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးနှင့် သြဇာအရှိဆုံး သတင်းမီဒီယာများထဲမှ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသည်။ ၎င်းကို "မှတ်တမ်းစာအုပ် (The Record)" ဟုလည်း ရည်ညွှန်းလေ့ရှိပြီး၊ ၎င်း၏ သတင်းရေးသားမှုအရည်အသွေး၊ စုံစမ်းစစ်ဆေးမှုများ (investigative journalism) နှင့် နိုင်ငံတကာသတင်းလွှမ်းခြုံမှုများကြောင့် ကျော်ကြားသည်။

အချက်တိုများ အမျိုးအစား, ပုံစံအချိုးအစား ...

၁၈၅၁ တွင်တည်ထောင်ခဲ့သော ဤသတင်းစာသည် ပူလစ်ဇာဆု (Putlizer Prize) ၁၃၀ ခုကို ရရှိထား၍ သတင်းစာလောကတွင် အများဆုံးဖြစ်သည်။[] သတင်းစာလုပ်ငန်း အဝန်းအဝိုင်းတွင် ယုံကြည်ခိုင်မာသော အမျိုးသားသတင်းစာအဖြစ် ကြာလရှည်ကြာသတ်မှတ်ခံရသော သတင်းစာလည်းဖြစ်သည်။[၁၀] သတင်းစာစောင်ရေအရ အမေရိကန်ပြည်ထောင်စုတွင် တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။[၁၁]

သတင်းစာကို အများပိုင်ကုမ္ပဏီဖြစ်သည့် နယူးယောက်တိုင်းမ်ကုမ္ပဏီမှ ပိုင်ဆိုင်၍ ရှယ်ယာများကို အများပြည်သူထံ ရောင်းချပြီးနောက် ရှယ်ယာပုံစံ နှစ်မျိုး/ဆင့် တည်ဆောက်ပုံ (dual-class share) မှတစ်ဆင့် ဆာ(လ်တ်စ်)ဘာဂါမိသားစုက ၁၈၉၆ ကတည်းက အုပ်ချုပ်စီမံခဲ့ကြသည်။[၁၂] အေ. ဂျီ ဆာ(လ်တ်စ်)ဘာဂါ နှင့် ၎င်း၏ဖခင် အာသာ အောခ်စ် ဆာ(လ်တ်စ်)ဘာဂါ ဂျူနီယာ (Ochs Sulzberger Jr.) တို့သည် ထိုမိသားစုမျိုးဆက်၏ ပဉ္စမမြောက်၊ စတုတ္ထမြောက် ထုတ်ဝေသူ၊ ကုမ္ပဏီဥက္ကဋ္ဌတို့ အသီးသီး ဖြစ်ကြသည်။[၁၃] ၁၉၇၀ ခုနှစ်များမှစ၍ သတင်းစာ၏ အပြင်အဆင်၊ အစီအစဉ်များကို တိုးချဲ့ခဲ့၍ ပုံမှန်သတင်း၊ အယ်ဒီတာအာဘော် (ခေါင်းကြီးပိုင်း)၊ အားကစား၊ အထူးအကြောင်းအရာများကို ဖြည့်စွက်အားဖြည့်ပေးနိုင်သော အမျိုးမျိုးသော အကြောင်းအရာများအပေါ် အပတ်စဉ် အထူးကဏ္ဍများကိုလည်း ထည့်သွင်းခဲ့ကြသည်။

၂၀၀၈ မှစ၍[၁၄] နယူးယောက်တိုင်းမ်တွင် သတင်း၊ အယ်ဒီတာအာဘော်၊ ရှုထောင့်အမြင်ဆိုင်ရာ ကော်လံများ/ဆန့်ကျင်ဘက်မျက်နှာရှိ အကြောင်းအရာများ၊ နယူးယောက်မြို့တော်ဆိုင်ရာအကြောင်း၊ စီးပွားရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံ၊ ဖက်ရှင်၊ နေအိမ်၊ ခရီးသွားနှင့် အခြားအကြောင်းအရာများကို စုစည်းစီစဉ် ဖော်ပြသည်။[၁၅] တနင်္ဂနွေနေ့များ၌ သတင်းစာကို "တနင်္ဂနွေသုံးသပ်ချက်" စာစောင်[၁၆] "စာအုပ်ရေးရာသုံးသပ်ချက်"စာစောင်၊[၁၇] နယူးယောက်တိုင်း မဂ္ဂဇင်း"အားဖြည့်စာစောင်[၁၈] တို့နှင့် အားဖြည့်၍ ထုတ်ဝေကြသည်။

Remove ads

ဒစ်ဂျစ်တယ် မဟာဗျူဟာ

၂၁ ရာစုတွင် သတင်းလုပ်ငန်း၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် သည် နယူးယောက်တိုင်းမ်သည် ဒစ်ဂျစ်တယ်နည်းပညာကို အားကောင်းစွာ အသုံးချခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် "metered paywall" ဟုခေါ်သည့် အခမဲ့ဖတ်ရှုခွင့် အကန့်အသတ်ပြီးနောက် အခပေးစာရင်းသွင်းခိုင်းသည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဤမဟာဗျူဟာသည် အစပိုင်းတွင် သံသယများရှိခဲ့သော်လည်း အောင်မြင်မှုရရှိခဲ့ပြီး ဒစ်ဂျစ်တယ်စာရင်းသွင်းသူ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းတို့၏ ဒစ်ဂျစ်တယ်အောင်မြင်မှုသည် မြင့်မားသော သတင်းအရည်အသွေး၊ ခေတ်မီဒေတာဆန်းစစ်မှုများ (data analytics)၊ မာလ်တီမီဒီယာအကြောင်းအရာများ (ဥပမာ- ပေါ့တ်ကတ်များ၊ ဗီဒီယိုများ၊ အပြန်အလှန်တုံ့ပြန်နိုင်သော ဂရပ်ဖစ်များ) နှင့် "NYT Crossword" ကဲ့သို့သော နယ်ပယ်သစ်များသို့ တိုးချဲ့မှုများကြောင့် ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဒစ်ဂျစ်တယ်စာရင်းသွင်းခြင်းမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်။

Remove ads

လွှမ်းမိုးမှုနှင့် ဝေဖန်မှုများ

သည် နယူးယောက်တိုင်းမ်သည် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းမီဒီယာလောကတွင် ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည်။ ၎င်း၏ သတင်းများ၊ ဆောင်းပါးများနှင့် အယ်ဒီတာ့အာဘော်များသည် လူထုအမြင်နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများအပေါ် သက်ရောက်မှုရှိသည်။ သို့သော်လည်း ၎င်း၏ သတင်းရေးသားမှုများနှင့်ပတ်သက်၍ ဘက်လိုက်မှု၊ တိကျမှုနှင့် နိုင်ငံရေးအမြင်များကြောင့် ဝေဖန်မှုများလည်း မကြာခဏ ရှိတတ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads