နာရေးကူညီမှုအသင်း(ရန်ကုန်)

မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း From Wikipedia, the free encyclopedia

Remove ads

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်လက်ရှိတည်နေရာမှာသင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မဝိဟာရ ပရိယတ္တိစာသင်တိုက်တွင် ဖြစ်သည်။ အသင်း၏ဥက္ကဋ္ဌမှာ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုကျော်သူဖြစ်သည်။

စတင်ပေါ်ပေါက်လာပုံ

ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်း တည်ထောင်ပြီး ပထမဦးဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာ့ပန်းပုပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို မြန်မာအနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီကိုကျော်သူက နာရေးယာဉ်ကို ကိုယ်တိုင်မောင်းနှင်၍ ပို့ဆောင်ပေးခဲ့သည်။

ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး အခမဲ့ အကူအညီပေးမည် ဟူသော အသင်း၏ ဆုံးဖြတ်ချက်အတိုင်း ဆရာကြီးဦးဟန်တင် ကဲ့သို့သော ချမ်းသာကြွယ်ဝသူ၊ ငွေကြေးတတ်နိုင်သူတို့၏ တဖန်ပြန်လည် လှူဒါန်းငွေများဖြင့်လည်း ငွေကြေးချို့တဲ့ နွမ်းပါးသူတို့၏ နာရေးကိစ္စများတွင် အားဖြည့်သုံးစွဲခွင့် ရခဲ့သည်။

ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည် ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေး ကော်မတီတွင် နိုင်ငံကျော် အနုပညာရှင်များ၊ စာရေးဆရာကြီးများ၊ မဂ္ဂဇင်းထုတ်ဝေသူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ လက်လုပ်လက်စားများ၊ စသည့် လူတန်းစားမျိုးစုံ ပါဝင်သည်။

လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ခုနှစ်ရက်သားသမီးတို့၏ နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ လေးဘေး၊ မီးဘေး၊ ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အခမဲ့ ကူညီ ဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့သည်။


Remove ads

သုခ ကုသိုလ်ဖြစ် ဆေးခန်း

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသင်္ဂြိုဟ် ပေးနေသလို၊ သုခ ကုသိုလ်ဖြစ် ဆေးခန်း ကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။


ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads