နီလာ

From Wikipedia, the free encyclopedia

နီလာ
Remove ads

နီလာ သည် ပတ္တမြားနည်းတူ ကိုရမ်ဒမ် ဒြပ်ပေါင်း (AL2O3) ပင်ဖြစ်ပြီး တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ဖွဲ့စည်းမှုပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်သည်။ ပုံဆောင်စနစ်မှာ ပတ္တမြား ကဲ့သို့ပင် တြိဂုဏ်စနစ် ဖြစ်ပြီး ပတ္တမြားနှင့် အပြင်ပန်းပုံသဏ္ဌာန်မတူညီရခြင်းမှာ ပါဝင်သော ဒြပ်စင်များ၏ အမျိုးအစားခြားနားခြင်းကြောင့်သာဖြစ်သည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်ပြီး မာဆင့် ၉ ရှိသည်။

အချက်တိုများ နီလာ, ယေဘုယျ ...
Remove ads

ထွက်ရှိရာ ဒေသများ

Thumb
နီလာပုံဆောင်ခဲ

နီလာကို သီရိလင်္ကာဩစတြေးလျကတ်ရှ်မီးယားမြန်မာထိုင်းကမ္ဘောဒီးယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၎င်း၏နောက်တွင် ရပ်တည်သည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ)၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။

မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး

မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည် -

လေးသွယ်နီလာ၊ ပြားကြရာတွင်၊

  1. 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
  2. ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊
  3. 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
  4. တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည့်၊
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads