နေခြည်ဦး
မြန်မာ အလှအပရေးရာဘလော့စ်ဂါ နှင့် မင်းသမီး From Wikipedia, the free encyclopedia
Remove ads
နေခြည်ဦး (၁၉၉၂−) သည် မြန်မာလူမျိုး အလှအပ ဘလော့ဂါ၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင်မယ်၊ သရုပ်ဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။
မိတ်ကပ်ပြင် ဗီဒီယိုများကြောင့် လူသိများပြီး ဖေ့ဘွတ်တွင် နေခြည်ပြတဲ့အလှအပ (BeautyByNayChi) အမည်ဖြင့် စာမျက်နှာ ဖွင့်ထားသည်။
Remove ads
ငယ်ဘဝနှင့် ပညာရေး
၁၉၉၂ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဗိုလ်မှူးဟောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်စိန်နှင့် ရုက္ခဗေဒပညာရှင် ဒေါ်သန်းသန်းဆွေတို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ မွေးချင်းများမှာ စိမ်းလဲ့ရတနာနှင့် ရဲဝေရန်အောင်တို့ ဖြစ်သည်။
ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၌ ပညာသင်ကာ ၂၀၁၃-ခုတွင် အဆင့်မြင့်ဂျီစီအီးနှင့် ကိန်းဘရစ်နည်းပြကောလိပ်မှ အောင်မြင်သည်။ ဘရက်ဖို့တက္ကသိုလ်မှ မှုခင်းဆေးပညာသိပ္ပံ ဘာသာကိုလည်းကောင်း၊ ထိုင်းနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်မှ စီးပွားစီမံ မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။
Remove ads
စီးပွားရေး လှုပ်ရှားမှု
နိုင်ငံ၏ အကြီးဆုံး အပန်းဖြေဥယျာဉ် စိမ်းလဲ့တင် ကို ကျိုက်ထို၌ ဖွင့်သည်။
၂၀၁၈ ခု၊ နိုဝင်ဘာလ ၁၅ ရက်တွင် ၂၀၁၉ ခုအတွက် အစီအစဉ်ချစာအုပ် သင့်ဆိုရှယ်မီဒီယာသူငယ်ချင်း (Your Social Media BFF) ကို ထုတ်သည်။
နိုင်ငံရေး ဝေဖန်ခံရခြင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး အစောပိုင်းကာလများတွင် နေခြည်ဦးသည် တိတ်ဆိတ်စွာ နေခဲ့ပြီး အာဏာသိမ်းခြင်းအား ဆန့်ကျင်ရန် သူမ၏ ပရိသတ်များက တိုက်တွန်းတောင်းဆိုခဲ့ရာ ကိုယ်ရံတော်များ ခြံရံ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ သူမသည် လူမှုရေးသပိတ်မှောက်ခြင်းနှင့် လူမှုရေးပြစ်ဒဏ်ပေးခြင်း လှုပ်ရှားမှုများ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ နေခြည်ဦးသည် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုအတွက် လှူဒါန်းရန် ကြိုးပမ်းခဲ့သော်လည်း သူမ၏ ငွေကြေးအား ရယူလိုခြင်းမရှိဟု ဆိုကာ အလှူငွေပြန်အမ်းခြင်းခံရသည်။[၁][၂]
အနုပညာ လှုပ်ရှားမှု
ပါဝင်သော ဇာတ်ကားများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads