နေမျိုးသန့်

From Wikipedia, the free encyclopedia

Remove ads
အချက်တိုများ နေမျိုးသန့်, မွေးဖွား ...


  1. အမည်ရင်း - ဦးတင်မြင့်
  2. မိဘအမည် - ကုန်သည် ဦးဘဆန့် + ဒေါ်အေးကြွယ်
  3. မွေးသက္ကရာဇ် - ၁ဝ၊ ၁၊ ၄၃ စနေနေ့
  4. မွေးဖွားရာ ဒေသ - အောင်နန်းရွာ၊ ရေစကြိုမြို့၊ ပခုက္ကူမြို့
  5. ကလောင် အမည်ခွဲများ - တင်မြင့်


Remove ads

ကိုယ်ရေး ဖြစ်စဉ်


ငယ်စဉ်က ရွာငယ်ရွာ(ခ)အောင်နန်းရွာ အောင်သာကျောင်း ဆရာတော် ဦးနန္ဒထံတွင် ပညာ သင်ကြား ခဲ့သည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ကာလတွင် မိဘများနှင့် အတူ ပခုက္ကူ မြို့သို့ ပြောင်းရွှေ့ ခဲ့ရပြီး၊ ရွှေကူ အမက ဆရာမကြီး ဒေါ်ခင်သိန်း ကျောင်းတွင် တတိယ တန်းမှ စတင် ပညာ သင်ခဲ့သည်။ စတုတ္ထတန်းတွင် စကောလားရှစ် စာမေးပွဲကို အောင်မြင်ပြီး နိုင်ငံတော် အစိုးရ၏ အလယ်တန်း ပညာ သင်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၉ ခုနှစ်မှာပင် မန္တလေးတက္ကသိုလ်သို့ တက်ရောက်ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ဥပစာတန်း အောင်မြင်၍ ရန်ကုန် တက္ကသိုလ် ပညာရေး မဟာ ဌာနသို့ တက်ရောက်ကာ (B.A, ED.) ဘွဲ့ကို ရယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြင်းမူမြို့ အစိုးရ အထက်တန်း ကျောင်း၌ အလယ်တန်းပြ ဆရာ အဖြစ် စတင် အမှုထမ်းသည်။ ၁၉၆၉ ခုနှစ်တွင် အထက်တန်းပြ ဆရာမ ဒေါ်ခင်ရီနှင့် လက်ထပ်ခဲ့ပြီး စစ်ကိုင်တိုင်း မြင်းမူ မြို့မှာပင် အခြေချ နေထိုင် ခဲ့သည်။ သားသမီး သုံးယောက် ထွန်းကား ခဲ့သည်။ သမီး မခင်အေးမြင့်မွန်၊ မခင်တာရာမြင့်နှင့် သား မောင်မျိုးမင်းသန့်တို့ ဖြစ်သည်။


၁၉ရဝ ပြည့်နှစ်မှ စတင်၍ ဟံသာဝတီ သတင်းစာ၊ လုပ်သား ပြည့်သူ့ နေ့စဉ် သတင်းစာ၊ ကြေးမုံ သတင်းစာ တို့တွင် တင်မြင့် အမည်ဖြင့် သတင်း ဆောင်းပါးများ စတင် ရေးသား ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ သင့်ဘဝ မဂ္ဂဇင်း တို့တွင် မြန်မာမှု၊ သုတေသနနှင့် ယဉ်းကျေးမှု ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်မှစ၍ နေမျိုးသန့် အမည်ဖြင့် ဝတ္ထုတို များကို ငွေတာရီ၊ မြဝတီ၊ စပယ်ဦး မဂ္ဂဇင်း တို့တွင် ရေးသားသည်။ ၁၉၈၅ ခုနှစ်တွင် အလယ်တန်း ကျောင်းအုပ် ဆရာကြီး အဖြစ် စင်တောင် သတ္တုတွင်း၊ ရွာသစ်ကြီး ချည်မျှင်စက် ကျောင်းတို့တွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ အထက်တန်း ကျောင်းအုပ် ဆရာကြီး အဖြစ် ပုလဲမြို့နယ် မင်းတိုင်ပင် ရွာနှင့် မြင်းမူမြို့ အခြေခံ ပညာ အထက်တန်း ကျောင်းများတွင် တာဝန် ထမ်းဆောင် ခဲ့သည်။


၁၉၈၉ ခုနှစ်တွင် တင်မြင့် အမည်ဖြင့် ရေးသားသော ပုံတောင်ပုံညာ ခရီးသည် ဖြင့် စာပေဗိမာန် စာပဒေသာ ပထမဆုကို လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ဗန့်ကျီကို လှမ်းပါလို့ ပခန်းကို ဝင်ခဲ့တယ် စာမူဖြင့် စာပဒေသာ ပထမဆုကို လည်းကောင်း၊ ၁၉၉၃ ခုနှစ် အဂ္ဂံတောင်က မောင်သန့် ထခဲ့ စာမူဖြင့် စာပဒေသာ ပထမဆုကို လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ် လိုက်ခဲ့တော့ စာမူဖြင့် စာပဒေသာ ဒုတိယဆုကို လည်းကောင်း ရရှိခဲ့သည်။


ထို့အပြင် ၁၉၉၇ ခုနှစ်တွင် နေမျိုးသန့် ကလောင် အမည်ဖြင့် ခရောင်းမြေမှာ ပန်းတွေကမွှေး ဝတ္ထုတိုပေါင်းချုပ် စာမူဖြင့် ပခုက္ကူ ဦးအုံးဖေစာပေ ပထမဆု ရရှိခဲ့သည်။ ခရောင်းမြေမှာ ပန်းတွေကမွှေး ဝတ္ထုတို ပေါင်းချုပ်ကို စာပေဗိမာန်က စာအုပ် ထုတ်ဝေဖြန့်ချိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အမျိုးသား စာပေဆုကို ရရှိခဲ့သည်။ ထိုစာအုပ်မှာပင် အနှစ်တရာ မေတ္တာ ကိုယ်စား နှင်းသူရယ် ဝတ္ထုကို ရွေးထုတ် ဘာသာပြန်၍ ASEAN နိုင်ငံနှင့် စာပေများ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် မှ စာအုပ် ထုတ်ဝေဖြန့်ဝေခြင်းကို ၂ဝဝဝ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည်။


ယခုအခါ အထက် မြန်မာပြည် အမှတ် (၂) အခြေခံပညာဦးစီးဌာန (ရုံးချုပ်) မန္ဈလေးမြို့တွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရင်း စာပေများ ရေးသားလျက် ရှိသည်။ ၂ဝဝ၁ ခုနှစ် အထိ ဆောင်းပါး ပုဒ်ရေ (၂ဝဝ)၊ ဝတ္ထုတို (၁၅ဝ)၊ ဝတ္ထုရှည် (၇)ပုဒ်၊ ကဗျာ (၅ဝ)၊ စာအုပ် (၇) အုပ် ရေးသား ပြုစုခဲ့ပြီး ဖြစ်သည်။ စစ်ကိုင်းတိုင်း မြင်းမူမြို့ ဘုရင့်နောင်ရပ်တွင် ဇနီး ဒေါ်ခင်ရီ၊ သားသမီး သုံးဦးတို့နှင့် အခြေချ နေထိုင်လျက် ရှိသည်။ စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင် အမှတ်မှာ ၁၅၉ဝ ဖြစ်သည်။


Remove ads

ဆရာ ဦးတင်မြင့် (နေမျိုးသန့်) ပြုစု ထုတ်ဝေ ခဲ့သော စာအုပ်များ

  1. ခရောင်းမြေမှာ ပန်းတွေက မွှေး - ၁၉၉၈ ခုနှစ် (၁၉၉၇ ခုနှစ် ပခုက္ကူ ဦးအုန်းဖေ ဝတ္ထုတိုပေါင်းချုပ် ပထမဆု)(၁၉၉၈ ခုနှစ် အမျိုးသားစာပေဆု ဝတ္ထုတိုပေါင်းချုပ်)
  2. ဆရာဖိုး၏ ဘဝနှင့် စာပေ - ၁၉၉၇ ခုနှစ် (၁၉၉၄ ခုနှစ် စာပေဗိမာန် စာပဒေသာ ဒုတိယဆု)
  3. နွေကန္တာနှင့် ထနောင်းစိမ်း
  4. ပုံတောင်ပုံညာ ခရီးသည် - ၁၉၉၂ ခုနှစ် (၁၉၈၉ ခုနှစ် စာပေဗိမာန် စာပဒေသာ ပထမဆု)
  5. ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ် လိုက်ခဲ့တော့ - ၂ဝဝဝ ပြည့်နှစ် (၁၉၉၇ ခုနှစ် စာပေဗိမာန် စာပဒေသာ ဒုတိယဆု)
  6. ဗန့်ကျီကို လှမ်းပါလို့ ပခန်းကို ဝင်ခဲ့တယ် - ၁၉၉၃ ခုနှစ် (၁၉၉၁ ခုနှစ် စာပေဗိမာန် စာပဒေသာ ပထမဆု)
  7. အဂ္ဂံတောင်က မောင်သန့်ထခဲ့ - ၁၉၉၅ ခုနှစ် (၁၉၉၃ ခုနှစ် စာပေဗိမာန် စာပဒေသာ ပထမဆု)[]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads