အက်တမ်၏ နျူကလိယ
ဗဟုသုတ From Wikipedia, the free encyclopedia
Remove ads
အက်တမ် တစ်ခု၏ နျူကလီးယပ်စ် (ခေါ်) ဗဟိုဆန် သည် နျူကလီးယား အပြင်းစက်၏ သက်ရောက်မှု ခံရသော နျူကလီယွန်တို့က အလွန်သိပ်သည်းသော နေရာအဖြစ် တည်ရှိနေကြသည့် အစုအထွေး ဖြစ်သည်။ ပရိုတွန် နှင့် နျူထရွန် တို့ကသာ နျူကလီးယပ်စ်အဖြစ် စုဝေးပါဝင်တတ်ပြီး နျူကလီးယား အပြင်းစက်၏ သက်ရောက်ချက် မခံရသော အီလက်ထရွန်မှာမူ နျူကလီးယပ်စ် (ဗဟိုဆန်)အတွင်း မပါဝင်ချေ။
နျူကလီးယပ်စ် တို့၏ သဘာဝနှင့် အချင်းသတ္တိများကို မလေ့လာမီ ယင်းတို့မှာ ပါရှိသော ဒြပ်မှုန်များအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်လျှင် နျူကလီးယပ်စ် တွင် ပရိုတွန် (proton) နှင့် နျူထရွန် (neutron) ဟူသော အခြေခံအမှုန် ၂ မျိုးနှင့်ဖွဲ့စည်းထားသည်ကိုတွေ့မြင်ရသည်။
ဟိုက်ဒရိုဂျင်အက်တမ်၏ နျူကလိယတွင်ပင် ပရိုတွန်တစ်လုံး ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e = အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိသည်။ ဒြပ်ထုမှာ အီလက်ထရွန် ဒြပ်ထုထက် ၁၈၃၀ ဆမျှရှိသည်။ နျူထရွန်သည် လျှပ်စစ်ဓာတ်မရှိ၊ဓာတ်ပြယ်နေသည်။ပရိုတွန်ထက် အနည်းငယ်(၀.၁%)ပို၍လေးသည်။

နျူကလီးယပ်စ် (nucleus) တစ်ခုတွင် ရှိသော ပရိုတွန် အရေအတွက်နှင့် နျူထရွန် အရေအတွက်တို့ ပေါင်းလဒ်သည် ယင်းနျူကလီးယပ်စ်၏ ဒြပ်ညွှန်းကိန်း (mass number)ပင်ဖြစ်သည်။
ဥပမာ..A=Z+N
A = နျူကလိယ ဒြပ်ညွှန်းကိန်း
Z = ပရိုတွန် အရေအတွက် (atomic number)
N = နျူထရွန် အရေအတွက်
ယေဘုယျအားဖြင့် နျူကလီးယပ်စ်၏ ဒြပ်ညွှန်းကိန်းသည် ၄ဝ အောက် ရောက်ပါက ယင်းတို့အား ပေါ့သော နျူကလီးယပ်စ်အဖြစ် သတ်မှတ်ပါသည်။ ၄ဝ မှ ၁၀ဝ ကြားရှိသော နျူကလီးယပ်စ်များကို အလယ်အလတ် လေးသော နျူကလီးယပ်စ်များအဖြစ် သတ်မှတ်ပြီး၊ ၁၀ဝ ထက် ကျော်သော နျူကလီးယပ်စ်များကို လေးသော နျူကလီးယပ်စ်များ အဖြစ် သတ်မှတ်ကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads