နျူကလီးယား အပြင်းစက်
From Wikipedia, the free encyclopedia
Remove ads
နျူကလီးယား အပြင်းစက် (သို့) နျူကလီးယား သက်ရောက်မှုအပြင်း (Nuclear Strong Interaction) (သို့မဟုတ်) နျူကလီးယား အားအပြင်း (Strong Nuclear Force) သည် အရောင်ဓာတ် (color charge) ရှိသည့် အခြေခံ အမှုန်လေးများကို အစုလိုက်ပေါင်းစည်းလျက် အမှုန်၁ခုတည်းသဖွယ် သွားလာလှုပ်ရှားအောင် ပြင်းထန်စွာ စုစည်းပေးသည့် သဘောတရားဖြစ်သည်။ လောက(Universe) တွင် အရောင်ဓာတ်ရှိသော အမှုန်များမှာ ကွာ့ခ်များ ဖြစ်သဖြင့် နျူကလီးယား အပြင်းစက်က ကွာ့ခ်များကို ဟဒ်ရွန်များ ဖြစ်အောင် စုစည်းပေးသည်။ အရေအတွက် မကိန်း ရှိသည့် ကွာ့ခ်များ စုစည်းမှုကြောင့် ဖြစ်ပေါ်သော ဖှာမီယွန်ဆန်သည့် ဟဒ်ရွန်များကို ဘက်ရီယွန် (baryon) ဟုလည်းကောင်း၊ အရေအတွက် စုံကိန်း ရှိသည့် ကွာ့ခ်များ စုစည်းမှုကြောင့် ဖြစ်ပေါ်သော ဘိုဇွန်ဆန်သည့် ဟဒ်ရွန်များကို မေဇွန် (meson) ဟုလည်းကောင်း ခွဲခြားခေါ်ဆိုသည်။ လူသိများဖွယ် ဥပမာမှာ ကွာ့ခ် ၃ခုစီဖြင့် စုဖွဲ့ထားသော ပရိုတွန်နှင့် နျူထရွန် ဟူသည့် နျူကလီယွန် ၂မျိုး ဖြစ်ပေမည်။
![]() |

နျူကလီးယား အပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပျော့စက်နှင့် ဒြပ်ဆွဲမှုတို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄ ခုထဲမှ တစ်ခုအပါဝင်ဖြစ်သည်။
၁၀−၁၅ မီတာ အတိုင်းအတာ၌ ဤအပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်ထက် အဆပေါင်း ၁၃၇ နီးပါးခန့်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုထက် အဆပေါင်း တစ်သိန်း၊ ဒြပ်ဆွဲငင်အားထက် အဆပေါင်း ၁၀၃၈ ပိုမိုများပြားသည်။[၁] ကွာ့ခ်များကို စုစည်းလျက် နျူကလီယွန်များကို ဖြစ်ပေါ်စေသကဲ့သို့ ၎င်းနျူကလီယွန်များကို ထပ်မံစုစည်းလျက် အက်တမ့် ဗဟိုဆံ ဖြစ်ပေါ်စေသည်မှာလည်း ဤ နျူကလီးယား အပြင်းစက် ဟု ဆိုနိုင်သည်။ ဤ အခြေခံသက်ရောက်မှိုကို ဖော်ဆောင်သူ ဘိုဇွန် ၂မျိုး တွေ့ရသည်။ ၁ မှ ၃ ဖန်တိုမီတာခန့်မျှသော တိုင်းဝန်းတာ(scale) တွင် နျူကလီယွန်တို့ကို အက်တမ်ဗဟိုဆံအဖြစ် စုစည်းပေးနေသည်မှာ မေဇွန်များက ဖြစ်သည်။ (၎င်းမေဇွန် တစ်ခုချင်းမှာ ကွာ့ခ်၂ခု စုစည်းထားခြင်းဟု နားလည်နိုင်သည်။) ပိုသေးငယ်သည့် ၀.၈ ဖန်တိုမီတာခန့်သော တိုင်းဝန်းတာအတွင်း ကွာ့ခ်များကို ၃ခု၁စု စုစည်းလျက် နျူကလီယွန် ဖြစ်ပေါ်စေသည်မှာ ဖော်ဆောင်သူ ဂလူယွန် (gluon) အမှုန် ဖြစ်လေသည်။ [၂] ထို့ကြောင့် နျူကလီးယားအပြင်းစက်ကို အရင်းခံ ဖော်ဆောင်သူ ဘိုဇွန်မှာ ဂလူယွန်ပင် ဖြစ်သည်။ ၎င်း၏ သဘောတရားက အရောင်ဓာတ် (color charge) ရှိသော အရာများကို ပေါင်းစည်းပေးခြင်း ဖြစ်သဖြင့် ဤနျူကလီးယားအားအပြင်းကို အရောင်အား (color force) ဟုလည်း ခေါ်နိုင်သည်။
Remove ads
ကိုးကား
ထပ်မံဖတ်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads