ပရိုတွန်

From Wikipedia, the free encyclopedia

ပရိုတွန်
Remove ads

ပရိုတွန် (အင်္ဂလိပ်: proton) သည် ကွာ့ခ်၃ခုက ဒြပ်မှုန် ၁ခု သဖွယ် စုစည်းမှုကြောင့် ရလဒ်ဖြစ်ပေါ်နေသည့် အက်တမ်အောက်အမှုန် တစ်မျိုး ဖြစ်သည်။ လျှပ်ဓာတ်ပိုင်ဆိုင်မှုမှာ အီလက်ထရွန်နှင့် ပမာဏချင်းတူလျက် လက္ခဏာသဘာဝချင်း ဆန့်ကျင်ဘက် ဖြစ်သည်။ သဘာဝအားဖြင့် ပရိုတွန်တို့သည် အက်တမ်နျူကလိယ (nucleus) အဖြစ် ပါဝင်တည်ရှိတတ်သည်။ အီလက်ထရွန်၏ လျှပ်ဓာတ်ပမာဏနှင့် ယှဉ်ပြောရသော် ပရိုတွန်မှာ အဖို 2/3 unit (+⅔) ဆောင်သော အထက်ကွာ့ခ် နှစ်ခုနှင့် အမ 1/3 unit (-⅓) ဆောင်သော အောက်ကွာ့ခ် တစ်ခု ပါဝင်နေသဖြင့် လျှပ်စစ်အဖိုဓာတ် (positive charge) အသားတင် ဆောင်သည်။ ပရိုတွန်တစ်ခု၏ ဒြပ်ပမာဏမှာ 1.67262192369(51)×10−27 kg ဖြစ်၍ အီလက်ထရွန်ဒြပ်၏ အဆပေါင်း ၁၈၄၀ ခန့် ဖြစ်သည်။
အခြား အက်တမ်အောက်အမှုန် ဖြစ်သော နျူထရွန် နှင့်အတူ ပရိုတွန်တို့က နျူကလီးယပ်စ် အဖြစ် စုဖွဲ့တည်ရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း နယူထရွန်နှင့် ပရိုတွန် ၂မျိုးလုံးကို ခြုံငုံ၍ နျူကလီယွန် ဟု ခေါ်နိုင်သည်။

အချက်တိုများ ခွဲခြားမှု, ပါဝင်မှု ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads