နျူကလီးယား ပေါင်းစည်းမှု
From Wikipedia, the free encyclopedia
Remove ads
အက်တမ်ဗဟိုဆံချင်း ပေါင်းစည်းမှု (သို့) နျူကလီးယား ပေါင်းစည်းမှု (အင်္ဂလိပ်: nuclear fusion) ဆိုသည်မှာ ပြင်းထန်လှသော ဖိသိပ်မှုကြောင့် တခုထက်ပိုသော အက်တမ်ဗဟိုဆန်များက အချင်းချင်း ဖိသိပ်ပေါင်းစည်းလျက် ပရိုတွန်အရေအတွက် ပြောင်းလဲမှုကြောင့် အခြားဒြပ်စင် သဘောဆောင်သော ပိုကြီးမားလေးလံသည့် နျူကလိယတစ်ခု ဖြစ်ပေါ်လျက် စွမ်းအင်လည်း ဖြာထွက်သည့် ဖြစ်စဉ် ဖြစ်ပေသည်။ ဒြပ်သားအချို့က စွမ်းအင် အဖြစ်သို့ ပြောင်းလဲမှုများ ဆက်စပ်ပါဝင်တတ်သည်။

နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲအမျိုးမျိုး ရှိသေးသည်။ နေလုံးကြီးထံမှ ကမ္ဘာဂြိုဟ်ထံသို့ စွမ်းအင် ဖြာထွက်နေခြင်းမှာ နေ၏ အတွင်းဗဟို၌ နျူကလီးယားပေါင်းစည်းမှု တစ်မျိုး အစဉ်ဖြစ်ပျက်နေ၍ ဖြစ်သည်၊ ဟိုက်ဒြိုဂျင်ဗဟိုဆန် အချင်းချင်း ပေါင်းစည်းလျက် ဟီလီယမ်ဗဟိုဆန်များ အဖြစ်သို့ အစဉ် ဖိသိပ်ပေါင်း ပြောင်းလဲကာ လျှပ်စစ်သံလိုက်လှိုင်းအသွင်ဖြင့် စွမ်းအင် ဖြာထွက်နေခြင်း ဖြစ်သည်။
Remove ads
ကြယ်များအတွင်း ပေါင်းစည်းမှု


ကြယ်များ တောက်လောင်နေမှု၊ စွမ်းအင်ထုတ်လုပ်မှုမှာ နျူကလီးယား ပေါင်းစည်းမှုတို့ကြောင့် ဖြစ်သည်။
- နေထက် ဒြပ်ပမာဏ လျော့နည်းသော ကြယ်များနှင့် နေနှင့် ဒြပ်ပမာဏချင်း မတိမ်းမယိမ်း ရှိသော ကြယ်များ၏ အတွင်းပိုင်း၌ ဖြစ်ပျက်နေသည့် နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲမှာ ပရိုတွန်လုံးချင်း ပေါင်းစည်းမှု (proton-proton chain or p-p chain) ဖြစ်သည်။ တဆင့်ချင်းစီ၌ ပရိုတွန် အသစ်တလုံးချင်းသာ ပါဝင်လာသည့် ပေါင်းစည်းမှု ဖြစ်သည်။
- နေဒြပ်ထု၏ ၁.၃ ဆနှင့် အထက် ရှိသွားသော ကြယ်ကြီးများ၏ အတွင်းပိုင်း၌ ပိုမို အဖြစ်များသွားသည့် နျူကလီးယား ပေါင်းစည်းမှု အသွင်ကွဲမှာ ကာ-နိုက်-အောက် သံသရာ (CNO cycle) ဖြစ်သည်။ ကာဗွန် (C)၊ နိုက်ထြိုဂျင် (N)၊ အောက်စီဂျင် (O) ဗဟိုဆန်များအဖြစ် ပြောင်းချည်ပြန်ချည် ဖြစ်ပျက်လျက် စွမ်းအင် ဖြာထွက်ခြင်း ဖြစ်သည်။
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads