နှမ်းခါးရွာ၊ ဂန့်ဂေါမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

နှမ်းခါးရွာ (အင်္ဂလိပ်: Hnankhar)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်နှမ်းခါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၂၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နှမ်းခါးကျေးရွာအုပ်စုတွင် ကျား ၂၁၀၁ ဦး၊ မ ၂၂၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၇၇ ဦးနေထိုင်သည်။ ကလေး-ဂန့်ဂေါ ကားလမ်း၊ ရထားထမ်းပေါ်၊ မြစ်သာမြစ်ကမ်းတွင် ရှိသောရွာကြီးဖြစ်သည်။ ဘူတာရုံ၊ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနများရှိသည်။ []

အချက်တိုများ နှမ်းခါး, နှမ်းခါးရွာ ...

၂၀၂၁ ဇွန်လ တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို မီးရှို့ခဲ့သည်။[]

၂၀၂၁ ဩဂုတ်လ ၁၈ ရက်တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို ဒုတိယအကြိမ် မီးရှို့ခဲ့သည်။[]

၂၀၂၁ စက်တင်ဘာ ၉ ရက်က ရွာအနီး ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်အပြီး စက်တင်ဘာ ၁၀ ရက်တွင် မြန်မာ့တပ်မတော်က မီးရှို့သဖြင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့သည်။[]

၂၀၂၁ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြန်မာ့တပ်မတော်စစ်ကြောင်းက ရွာတွင်းသို့ သေနတ်ပစ်ဖောက်ဝင်လာပြီး ဒုတိယအကြိမ် မီးရှို့ပြီး မီးလောင်ဗုံးဖြင့်ထုသဖြင့် နေအိမ် ၁၄ လုံး၊ ဆန်စက်ရုံတစ်ရုံ၊ ရိက္ခာတဲ နှစ်တဲ မီးလောင်ပျက်စီးခဲ့သည်။ စစ်ဘေးဒုက္ခသည်များအတွက် စုဆောင်းထားသည့်ရိက္ခများလည်း မီးလောင်ပျက်စီးခဲ့သည်။ [] [] []

၂၀၂၁ စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီကျော်ခန့်အချိန်တွင် မြန်မာ့တပ်မတော်က တတိယအကြိမ် မီးရှို့သဖြင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်သည် ရွာ နေအိမ်များမှ ငွေကြေး၊ ပစ္စည်း၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း လုယက်ခိုးဝှက်ယူဆောင်သွားခဲ့သည်။ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ။ []

၂၀၂၁ ဒီဇင်ဘာ ၁၇ ရက် က ရွာအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေချိန် [] မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်ခန့်တွင် တပ်မတော်က ဝင်ရောက်စီးနင်းပြီး လေကြောင်းမှလည်းတိုက်ခိုက် ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။ [] [] [၁၀]

၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က တပ်မတော်စစ်ကြောင်း နှမ်းခါရွာတွင်းသို့ ဝင်ရောက်က တစ်ည တပ်စွဲထားစဉ် စိတ်ကျန်းမာ‌ေး မကောင်းသူနှစ်ဦးအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်သတ်ထားခဲ့သည်။ [၁၁]

၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ် ခန့်က ရွာလယ်‌ ဆေးခန်းကို စစ်လေယာဉ်က ပေါင်ငါးရာဗုံးနှင့် ကျဲချတိုက်ခိုက် မှုကြောင့် ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတာဝန်ခံ စီဒီအမ် ဆရာဝန် ‌ေါက်ဒေါက်တာမြစိုး‌ေအောင်၊ ဆရာဝန်၏ဇနီးကိုယ်ဝန်သည် သူနာပြု ဒေါ်ခိုင်နှင်းဝေ ၊ ဆရာဝန်မောင်နှံ၏ကလေးငယ်တစ်ဦး၊ အခြားကလေးငယ်ငါးဦး၊ အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး ‌သေဆုံးသည်။ [] [၁၂] [၁၃]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads