ပင်လောင်းမြို့

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်အတွင်း၌ရှိ‌သောမြို့တစ်ခု From Wikipedia, the free encyclopedia

ပင်လောင်းမြို့map
Remove ads

ပင်လောင်းမြို့ (ရှမ်း: ဝဵင်းပၢင်လွင်းပအိုဝ်း: ဝေင်ꩻပင်လောင်ꩻ) သည် ရှမ်းပြည်နယ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ မြို့တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ ဖြစ်သည်။ နိုင်ငံခြားဧည့်သည်များ လာရောက်ရာ အင်းလေးကန်သည် ယင်းမြို့နယ်ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်။[][] လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသော အမှတ် ၅၄ အမျိုးသားအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကလော-လွိုင်ကော် မီးရထားလမ်းသည် မြို့၏ အလယ်မှ ဖြတ်သန်းသွားသည်။[][]

Thumb
ပင်လောင်းမြို့မြင်ကွင်း
အချက်တိုများ ပင်လောင်းမြို့ ဝေင်ꩻပင်လောင်ꩻဝဵင်းပၢင်လွင်း, နိုင်ငံ ...

ပင်လောင်းဒေသ၏ အဓိကစီးပွားရေးမှာ လက်ဖက်ခြောက်လုပ်ငန်းများ ဖြစ်သည်။

Remove ads

လူမှုပထဝီဝင်

ပင်လောင်းမြို့သည် ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင်သော မြို့တစ်မြို့ဖြစ်သည်။[]

ခရီးသွားလုပ်ငန်း

ပင်လောင်းမြို့တွင်တည်ရှိသော မွေတော်ဘုရား၊ နန်းဟူးကျောင်းတိုက်၊နှင့် ရိုးရာလက်မှုပစ္စည်းဈေးတို့သည် ခရီးသွားများ လည်ပတ်ရာနေရာများ ဖြစ်သည်။ မြို့မှ မိနစ်နှစ်ဆယ်ခန့် အကွာတွင် လွိုင်မောင်တောင် စေတီ တည်ရှိသည်။ စေတီသည် ဒေသတွင်းရှိ အမြင့်ဆုံးတောင်ဖြစ်သော လွိုင်မောင်တောင်တွင် တည်ရှိသည်။ မြို့အပြင်တွင် သမိုင်းဝင် ဝင်္ဂဘာတောင် တည်ရှိပြီး ယင်းသည် ပင်လောင်းမြို့မှ ၃.၅ မိုင် (၅.၆ ကီလိုမီတာ)အကွာ တောင်ထီဗွာရွာတွင် တည်ရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads