ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (အင်္ဂလိပ်: Environmental Conservation Department)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှုများအတွက် လိုအပ်သော နည်းလမ်းများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ခုနှစ်၊ ဧပြီလတွင် အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်တွင် ရုံးခွဲဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ရုံးကို သစ်တောရေးရာဝန်ကြီးဌာနလက်အောက်သို့ တစ်ဖန် ပြောင်းရွှေ့ဖွင့် လှစ်ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် သစ်တောရေးရာဝန်ကြီးဌာနကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တွင် အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အဖြစ် အဆင့်မြှင့်တင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်တွင် ဌာနအသစ်တစ်ခုအဖြစ် တိုးချဲ့ပြီး နေပြည်တော်၊ ရုံးအမှတ်(၅၃)တွင် ရုံးစတင်ဖွင့်လှစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။[][]

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသည် အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သောလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ နှီးနွယ်နေသော အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆက်သွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများ၊ နည်းဥပဒေများ၊ စီမံကိန်း၊ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

Remove ads

ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို အရာထမ်း(၁၅၆)ဦး၊ အမှုထမ်း(၂၄၇)ဦး၊ စုစုပေါင်းဝန်ထမ်း(၄၀၃)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စီမံခန့်ခွဲရေးဌာန၊ မူဝါဒ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် လေ့ကျင့်သုတေသနဌာန၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာန၊ သယံဇာတထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာန ဟူ၍ ဌာန(၄)ခုဖွဲ့စည်းထားရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ညွှန်ကြားရေးမှူးရုံးများကို ၂၀၁၃ ခုနှစ်မှ စတင်၍ဖွင့်လှစ်ခဲ့ရာပြည်နယ်နှင့် တိုင်းဒေသကြီး(၁၄) ခုတွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။[]

Remove ads

ဆက်စပ်ကြည့်ရှုရန်

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads