မြေတိုင်း ဦးစီးဌာန

From Wikipedia, the free encyclopedia

မြေတိုင်း ဦးစီးဌာန
Remove ads

​မြေတိုင်း ဦးစီးဌာန (အင်္ဂလိပ်: Survey Department)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

၁၉၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ မြေတိုင်းလုပ်ငန်းများကို အိန္ဒိယမြေတိုင်းဌာန (SURVEY OF INDIA) မှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစ၍ မြန်မာနိုင်ငံမြေတိုင်းဌာန (BURMA SURVEY DEPARTMENT) ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်၌ စတင် ဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံ မြေတိုင်းကျောင်းကို ၁၉၁၈ ခုနှစ်တွင် Special Survey အမည်ဖြင့် ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မြေတိုင်းသင်တန်းကျောင်းကို ပြင်ဦးလွင်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြေတိုင်းဦးစီးဌာနအား လယ်ယာနှင့်သစ်တောဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားရှိခဲ့သည်။

၁၉၉၂ ခုနှစ်၊ မတ်လတွင် မြေတိုင်းဦးစီးဌာနကို သစ်တောရေးရာ ဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ပြောင်းလဲဖွဲ့စည်းကာ မြေတိုင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် လွှဲပြောင်း ရောက်ရှိခဲ့သည်။[]

မြန်မာနိုင်ငံ၏ တည်နေရာ အကျယ်အဝန်း၊ မြေမျက်နှာပြင်အနေအထားတို့ကို တိုင်းတာ ရေးဆွဲရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်တိကျမှန်ကန်စွာ ဖြစ်ပေါ်လာရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲတိုင်းတာသတ်မှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ မြေတိုင်းဦးစီးဌာနသည် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

Remove ads

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads