အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

From Wikipedia, the free encyclopedia

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
Remove ads

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန (အင်္ဂလိပ်: Dry Zone Greening Department) သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသ၏ သဘာဝပတ်ဝန်းကျင် အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၃ ခုနှစ်မှ စတင်၍ မြေယာကျေးလက် တိုးတက်ကြီးပွားရေး ကော်ပိုရေးရှင်း (မြေကျေးရှင်း)ကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၃-၅၄ ဘဏ္ဍာနှစ်မှ ၁၉၆၂-၆၃ ဘဏ္ဍာနှစ် အထိ (၁၀)နှစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ သစ်တောဦးစီးဌာနမှ ဆက်လက် တာဝန်ယူခဲ့ပြီး ၁၉၆၃-၆၄ ဘဏ္ဍာနှစ်မှ ၁၉၈၁-၈၂ ဘဏ္ဍာနှစ်ထိ နှစ်(၂၀)အား (၁၀)နှစ် စီမံကိန်း နှစ်ရပ်ဖြင့် ၁၉၆၃-၆၄ ဘဏ္ဍာနှစ်မှ ၁၉၇၂-၇၃ ဘဏ္ဍာနှစ်ထိ(၁၀)နှစ်နှင့် ၁၉၇၂-၇၃ ဘဏ္ဍာနှစ်မှ ၁၉၈၁-၈၂ ဘဏ္ဍာနှစ်ထိ (၁၀) နှစ်၊ သတ်မှတ်လျက် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခဲ့သည်။ ထိုစဉ်က မိတ္ထီလာသစ်တောခရိုင်တွင်သာ အများဆုံး ဆောင်ရွက်ခဲ့ပြီး၊ အထူးသဖြင့် ပုပ္ပါးတောင် ရေဝေရေလဲသစ်တောများ ပြန်လည်ထူထောင်၍ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို ဦးစားပေး တည်ထောင်ခဲ့သည်။

၁၉၈၂ ခုနှစ် နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံအား ခရိုင်အဆင့်ရုံးများ ဖျက်သိမ်းခဲ့သဖြင့် မြို့နယ်အဆင့်ရုံးများဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ၁၉၉၄-၉၅ ဘဏ္ဍာနှစ်တွင် ပထမ(၃)နှစ်တာကာလအား စမ်းသပ်ကာလအဖြစ် သစ်တောဦးစီးဌာနက အထူးဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းအား စတင်ခဲ့သည်။ ၁၉၉၅-၉၆ ဘဏ္ဍာနှစ်တွင် ကိုးခရိုင် မှ (၁၃)ခရိုင်သို့ တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ၁၉၉၆-၉၇ ဘဏ္ဍာနှစ် မြင်းခြံခရိုင်တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး အထူးလုပ်ငန်း စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်၍ အလေးထားဆောင်ရွက်သွားရန်၊ အပူပိုင်းဒေသ၌ နောင်သားစဉ်မြေးဆက် ရေရှည် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်သွားရန်နှင့် ဒေသခံပြည်သူများလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင်အောင် စည်းရုံး ဆောင်ရွက်သွားရန်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[]သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်စွဲပါ စာအမှတ် ၁/၁၈၀ (က) (၆)/(၆၂၀/၉၇) ဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၇)မြို့နယ်၊ အပူပိုင်းဒေသ၏ သစ်တောဧရိယာ အကျယ်အဝန်း ၂၁.၅၅၇ သန်း ဧက၊ အရာထမ်း(၁၃၇)ဦး၊ အမှုထမ်း(၃၀၉၄)ဦး၊ ပေါင်း (၃၂၃၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ် ကို ဖွင့်လှစ်ခဲ့သည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဖွဲ့စည်းပုံအား ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် (ဂန့်ဂေါ၊ ထီးလင်းနှင့် ဆော) (၃)မြို့နယ်အား ချန်လှပ်၍ တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၄)မြို့နယ်၊ အကျယ်အဝန်း(၂၀.၁၇)ဧကသန်းဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

Remove ads

ရည်ရွယ်ချက်

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် အောက်ဖော်ပြပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည်။[]

  • အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပစေရန်။
  • ရေ၊ မြေသဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်။
  • ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းရန်။
  • ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရန်။
  • သစ်တော၊သစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသနေ ပြည်သူများ သိရှိနားလည်စေရန်။
  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထု အသိပညာ မြှင့်တင်ရန်နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန်။
  • ရာသီဥတု မျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်။
  • သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်တားဆီးရန်။
Remove ads

တည်နေရာနှင့် အကျယ်အဝန်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန စတင်ဖွဲ့စည်းစဉ်က စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၅၇ မြို့နယ်၏ စုစုပေါင်း အကျယ်အဝန်း ၂၁၅၅၇၄၅၉ ဧက (၂၁.၅၆ ဧကသန်း) အတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် (ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်) အား ချန်လှပ်ကာ တိုင်းဒေသကြီး ၃ တိုင်း၊ ၁၂ ခရိုင်၊ မြို့နယ် ၅၄ မြို့နယ်၊ အကျယ်အဝန်း ၂၀၁၇၈၉၂၆ ဧက (၂၀.၁၇ ဧကသန်း) ဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ []

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

အကိုးအကား

ပြင်ပဆက်သွယ်ရေး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads