ပထဝီ
From Wikipedia, the free encyclopedia
Remove ads
ပထဝီ = ပုထဝီ = ပုထုဝီဟုခေါ်နိုင်သည်။ [၁] အမျိုးအစားအားဖြင့်-
- (၁) မြေ၊ မြေကြီး၊ ဝဏ္ဏ, ဂန္ဓ-စသည်နှင့် ရောနှောသော သသမ္ဘာရပထဝီ။ [၂]
- (၂) မြေဓာတ်၊ ကြမ်းတမ်း-ခက်မာ-သော သဘော၊ ပထဝီဓာတ်၊ ပထဝီရုပ်။ [၃] ယင်းပထဝီဓာတ်သည် ကြမ်းတမ်း ခက်မာခြင်းဟူသော-မှတ်ကြောင်း-လက္ခဏာ-ရှိသည်၊ အတူတကွဖြစ်ဖက်တရားတို့၏ တည်ရာ၏ အဖြစ်ဟူသော-ကိစ္စ-ရသ-ရှိသည်၊ တကွဖြစ်ဖက်တရားတို့ကို ခံလင်သောအခြင်းအရာအားဖြင့် ဉာဏ်အား ရှေးရှူ ထင်သော-အခြင်းအရာ-ပစ္စုပဋ္ဌာန်-ရှိသည်၊ ကြွင်းမဟာဘုတ် ၃-ပါး ဟူသော-နီးသော အကြောင်း-ပဒဋ္ဌာန်-ရှိသည်။
- (၃) ပထဝီကသိုဏ်းဝန်း-အာရုံ-နိမိတ်။ [၄]
- (၄) ပထဝီ မည်သောသူ၊ ပထဝီနတ်။ [၅]
- (၅) ပထဝီ ဟူသော-အမည်-နာမပညတ်[၆] ဟူ၍ ဖြစ်ပါသည်။
Remove ads
ပထဝီသည် အဇ္ဈတ္တိကပထဝီ, ဗာဟိရ (ဗဟိဒ္ဓ) ပထဝီ-ဟူ၍ ၂-မျိုး ကွဲပြားသည်။ ထိုတွင် သတ္တဝါတို့၏ သန္တာန်၌တည်ရှိသော ဆံပင်, မွှေးညှင်းစသော ၂၀-သော ပထဝီကောဋ္ဌာသ(မြေ အစု)သည် အဇ္ဈတ္တိကပထဝီ မည်၏။ သံ, ကြေး, ခဲဖြူ, ခဲမည်း၊ ပုလဲ, သန္တာ, ရွှေ, ငွေ, ပတ္တမြား၊ ကျောက်တုံး, ကျောက်ခဲ၊ သစ်သား၊ မြေကြီး, တော, တောင်-စသော သက်မဲ့ အရာဝတ္ထု၌ရှိသော ပထဝီသည် ဗာဟိရပထဝီ မည်၏ [၇]။
တနည်း-ပထဝီသည် လက္ခဏပထဝီ, သသမ္ဘာရပထဝီ, အာရမ္မဏပထဝီ, သမ္မုတိပထဝီ-ဟူ၍ ၄-မျိုး ပြားသည်။ ထိုတွင် ရုပ်ကလာပ်တစ်ခု၌ ပါဝင်သော ကြမ်းတမ်းခက်မာခြင်း သဘောသည် လက္ခဏပထဝီ မည်၏။ ပြဆိုခဲ့ပြီး အဇ္ဈတ္တိကပထဝီ, ဗာဟိရပထဝီ ၂-မျိုးတွင် ပါဝင်သော သက်ရှိ, သက်မဲ့ အရာဝတ္ထုသည် ဝဏ္ဏ, ဂန္ဓ-စသော အခြံအရံ အဆောက်အဦးနှင့် တကွဖြစ်သောကြောင့် သသမ္ဘာရပထဝီ မည်၏။ ဥပစာရဘာဝနာ နှင့် တကွ အပ္ပနာဈာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်သည် အာရမ္မဏပထဝီ မည်၏။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံပြုသည် ဈာန်ကိုရသော နတ်, ဗြဟ္မာတို့၏ ပထဝီနတ်, ဗြဟ္မာဟူသော အမည်ပညတ်သည် သမ္မုတိပထဝီ မည်၏ [၈]။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads