ပလိပ်အင်း
From Wikipedia, the free encyclopedia
Remove ads
ပလိပ်အင်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်လက်တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်း ရေဝင်ရေထွက် ပြုလုပ်သည်။ ရေအရည်အသွေးမှာ PH 9.2 ဖြစ်သည်။ အင်းအတွင်းတွင် ကြာလင်ပန်းများ ပေါများစွာ ပေါက်ရောက်သည်။ အခြားအပင်များ အနေဖြင့် ရေမှော်၊ ကနဖော့၊ ဟင်းညံ၊ ရေကန်စွန်းတို့ ပေါက်သည်။ အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ် ၇ မျိုး၊ ငါးမျိုးစိတ် ၈ မျိုး၊ ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။ ၂၀၁၂-၂၀၁၃ ခုနှစ် ကွင်းဆင်းလေ့လာမှု မှတ်တမ်းအရ ရေငှက်မျိုးစိတ် ၃၀၊ ရာသီအလိုက် ပြောင်းရွေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁-မျိုးနှင့် ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉-မျိုး ကျက်စားသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads