စဉ့်ကိုင်မြို့နယ်

From Wikipedia, the free encyclopedia

စဉ့်ကိုင်မြို့နယ်map
Remove ads

စဉ့်ကိုင်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စဉ့်ကိုင်မြို့ ဖြစ်သည်။

အချက်တိုများ စဉ့်ကိုင်မြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

စဉ့်ကိုင်မြို့နယ်တွင် ရှေးဟောင်းသုတေသန၏တွေ့ရှိချက်များအရ ကျောက်ခေတ်ယဉ်ကျေးမှုကိုတွေ့ရှိရပြီး နောက်ပိုင်းတွင် ပဒေသရာဇ်တို့၏ လက်အောက်တွင်ရှိခဲ့သည်။ အနော်ရထာမင်းမတိုင်မီတွင် မွန်၊ပလောင်၊ဝ၊ဗမာတိုင်းရင်းသားများ နေထိုင်ခဲ့ကြသည်။ အင်းဝခေတ် ဇော်ဂျီ၅ခရိုင်တွင် ပါဝင်ခဲ့သည်။ လက်ရှိ စဉ့်ကိုင်မြို့နယ်သည် ယခင် ဆဌဂံကုန်းဟုခေါ်ခဲ့သည်။ စဉ့်ကိုင်မြို့နယ်၏ တောင်ဘက် (၁)မိုင်ခန့်အကွာတွင် စဉ့်ကိုင်ကြီးရွာ ရှိပြီး ရာဇဝင်များအရ ငစဉ့်ကိုင်ဟုခေါ်ခဲ့ရာမှ အင်္ဂလိပ်တို့လက်ထက်တွင် 'င'ကိုဖြုတ်ကာ စဉ့်ကိုင်ဘူတာကို တည်ဆောက်ဖွင့်လှစ်ပြီး ဘူတာအနီးတွင် စဉ့်ကိုင်မြို့ကို တည်ခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၉မိနစ်နှင့် ၂၁ဒီဂရီ ၅၁မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၇မိနစ်နှင့် ၉၆ဒီဂရီ ၁၆မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၃မိုင်၊ တောင်မှမြောက်သို့ ၁၅မိုင်ရှိပြီး ၁၇၃.၁၈စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်၊မြောက်ဘက်တွင် ဒုဌဝတီမြစ်ခြားကာ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀ပေတွင် တည်ရှိပြီး မြို့နယ်အတွင်းအမြင့်ဆုံးတောင်မှာ ကိန္နရာတောင်ဖြစ်ပြီး ပေ၂၀၀၀မြင့်သည်။ စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ရှမ်းရိုးမတောင်တန်း၏ တောင်စွယ်များ တည်ပြီး အခြားဒေသများမှာ ညီညာပြန့်ပြူးသော လွင်ပြင်ဒေသများဖြစ်သည်။ မြို့နယ်အတွင်းတွင် ဒုဌဝတီမြစ်သည် အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းနေသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်တို့သည် တောင်မှမြောက်သို့ စီးဆင်းကာ ဒုဌဝတီမြစ်အတွင်း စီးဝင်သည်။ စွန်ရဲအင်း၊မင်းလှကန်တို့မှာလည်း ထင်ရှားလှသည်။

Remove ads

လူဦးရေ

စဉ့်ကိုင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်၊ကချင် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[]

စီးပွားရေး

စဉ့်ကိုင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အဓိကအားဖြင့် စပါးမြေပဲနှမ်းနေကြာပဲတီစိမ်းပဲစင်းငုံဝါကြံ၊ အစေ့ထုတ်ပြောင်းတို့ စိုက်ပျိုးသည်။ မြို့နယ်၏ အဓိကထုတ်ကုန်မှာ ဆန်စပါးဖြစ်ကာ မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။ ပုဂ္ဂလိကစက်ရုံ ၂ ရုံ၊ အလုပ်ရုံ ၁၂ ရုံ၊ အိမ်တွင်းစက်မှုလုပ်ငန်း ၂၆၆ ခုကျော်ရှိသည်။ []

Thumb
စိုက်ပျိုး​ရေးလုပ်ငန်းများ

ဈေးများ

  • မြို့မဈေး
  • ပလိပ်ဈေး
Remove ads

ပို့ဆောင်ဆက်သွယ်ရေး

မြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေးလမ်းမှာလည်း ၃.၆မိုင်ခန့် ဖြတ်သန်းသွားသည်။

ပညာရေး

အဆင့်မြင့်ပညာ

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက စဉ့်ကိုင်
  • အထက ပလိပ်ကျင်း
  • အထက ဘယ်လင်း
  • အထက ဟင်းငူ
  • အထက ဆည်ရွာ

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) စွန်ရဲ
  • အလက (ထ(ခွဲ)) ဧည့်ပြ
  • အလက (ထ(ခွဲ)) ကြက်မျှား
  • အလက (ထ(ခွဲ)) ထန်းတော
  • အလက (ထ(ခွဲ)) ရွာဘို
  • အလက (ထ(ခွဲ)) မုံပင်
  • အလက ပလိပ်စက်ရုံမြေ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၀ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • မြို့နယ်ဆေးရုံ
  • တိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ

ဘာသာရေး

  • ရွှေကျီးနား
  • ဖားလင်ပိုး
  • ပေါ်တော်မူ
  • ကံကြီးမ
  • မြွေဘုရား

အခြား

  • ပလိပ်ယဉ်ကျေးမှုဇုန်
  • မက္ခရာယဉ်ကျေးမှုဇုန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads