အင်းဆက်

From Wikipedia, the free encyclopedia

အင်းဆက်
Remove ads

အင်းဆက် ဆိုသည်မှာ ခြင်ယင်ကောင်ပျားစသော ကျောရိုးမဲ့ ပိုးကောင်များကို ဆိုလိုသည်။ အင်းဆက်များသည် တိရစ္ဆာန်အုပ်စုများတွင် မူကွဲအများဆုံးဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ သန်းထက်မက ဖော်ပြထားကာ သက်ရှိဇီဝများအားလုံး၏ ထက်ဝက်မကသော ပမာဏကို ကိုယ်စားပြုသည်။[][] အသစ်ပေါ်ပေါက်လာသော မျိုးစိတ်များမှာ ခန့်မှန်းခြေ ၆ သန်းမှ ၁၀ သန်းဝန်းကျင်ရှိသည်။[][][] ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အင်းဆက်များဖြစ်ကြသည်။[][] မျိုးစိတ်အနည်းငယ်ခန့်သည် ပင်လယ်တွင်နေထိုင်ကြသော်လည်း အင်းဆက်များကို ပတ်ဝန်းကျင်အားလုံးနီးပါးတွင် တွေ့မြင်ရသည်။ အင်းဆက်အားလုံးနီးပါးသည် ဥမှ သားပေါက်ကြသည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အုပ်စုခွဲများ ...
Remove ads

အင်းဆက်နှင့် အခြားပိုးကောင်များ

အသွင်အပြင်များ

အင်းဆက်ပိုးမွှားများ၊ အခြားသော ကုန်းနေကျောရိုးမဲ့သတ္တဝါများနှင့် ခြေထောက်များစွာပါဝင်သော ပိုးမွှားများကို ပိုးကောင်များဟု ခေါ်ဝေါ်ကြသည်။[]

ဇီဝမျိုးကွဲများ

{Main|အင်းဆက် ဇီဝမျိုးကွဲများ}}

Thumb
About half of all eukaryotes are insects (left side of diagram).

သိသိသာသာကွဲပြားသော အင်းဆက်မျိုးစိတ်များ၏ ခန့်မှန်းခြေစုစုပေါင်းတွင် အင်းဆက်မျိုးစိတ်ပေါင်း ၅.၅သန်းခန့် ရှိနေကြောင်း အကြံပြုထားသည်။ ၎င်းတို့အနက် တစ်သန်းခန့်ကို အမည်ပေး ဖော်ပြထားသည်။ [] ၎င်းတို့သည် တိရစ္ဆာန်အပင် နှင့် မှို အပါအဝင် ယူကရီယို မျိုးစိတ်အားလုံး၏ ထက်ဝက်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ [] အကွဲပြားဆုံး အင်းဆက် Orderမျိုးစဉ် များမှာ Hemiptera (အင်းဆက်ပိုးများ )၊ Lepidoptera (လိပ်ပြာနှင့် ဖလံများ)၊ Diptera (ယင်ကောင်များ)၊ Hymenoptera (နကျယ်၊ ပုရွက်ဆိတ်၊ ပျား) နှင့် Coleoptera (ပိုးတောင်မာများ)၊ တစ်ခုစီတွင် ဖော်ပြထားသော မျိုးစိတ်ပေါင်း 100,000 ကျော်ရှိသည်။ []


Remove ads

အင်းဆက် ခန္ဓာဗေဒ

Thumb
အင်းဆက်ခန္ဓာကိုယ် အစိတ်အပိုင်းများ
က- ဦးခေါင်းပိုင်း
  • ၁။ အာရုံခံမျှင်
  • ၂။ အလင်းရောင်အာရုံခံ (အောက်)
  • ၃။ အလင်းရောင်အာရုံခံ (အပေါ်)
  • ၄။ ပေါင်းစပ်မျက်လုံး
  • ၅။ ဦးနှောက် (ဦးနှောက်အာရုံကြောအဖွဲ့အစည်း)
  • ၃၁။ အစာမျိုပြွန် အာရုံကြောအဖွဲ့အစည်း
  • ၃၂။ ပါးစပ်အစိတ်အပိုင်းများ

- ရင်ဘတ်ပိုင်း
  • ၆။ ရင်ညွန့်
  • ၇။ ကျောဘက် သွေးလွှတ်ကြော
  • ၈။ အသက်ရှူလမ်းကြောင်းဆိုင်ရာ လေပြွန်များ (ခရုပတ်ပုံ လမ်းကြောင်းဖြင့်)
  • ၉။ ရင်လယ် (ရှေ့တောင်ပံနှစ်ခုနှင့် တွဲဆက်ထားသည်)
  • ၁၀။ ရင်အောက် (နောက်ပံနှစ်ခုနှင့် တွဲဆက်ထားသည်)
  • ၂၆။ ပေါင်းရင်းအရွတ်
  • ၂၇။ ရှေ့အူလမ်းကြောင်း (ပထမအစာခြေအင်္ဂါ))
  • ၂၈။ ရင်ဘတ်အာရုံကြောဖွဲ့စည်းမှု
  • ၂၉။ အဆစ်ဆုံနေရာများ
  • ၃၀။ တံတွေး ဂလင်း

- ဝမ်းဗိုက်ပိုင်း
  • ၁၁။ ရှေ့တောင်ပံ
  • ၁၂။ နောက်တောင်ပံ
  • ၁၃။ ရှေ့အူပိုင်း (အစာအိမ်)
  • ၁၄။ နှလုံး
  • ၁၅။ မျိုးဥအိမ်
  • ၁၆။ နောက်အူပိုင်း (အူမကြီး၊ အညစ်အကြေးစွန့် အူလမ်းကြောင်းနှင့် မစင်အိမ်)
  • ၁၇။ စအို
  • ၁၈။ မျိုးပွားအင်္ဂါ
  • ၁၉။ အာရုံကြောမကြီး (ဝမ်းဗိုက်အာရုံကြောအဖွဲ့အစည်း)
  • ၂၀။ မယ်လ်ပီဂျီယံ ပြွန်များ (လူပုဂ္ဂိုလ်ကို ဂုဏ်ပြုမှည့်ခေါ်ထားသည်)
  • ၂၁။ ခြေချောင်း အမွေးနုနေရာ
  • ၂၂။ ခြေသည်း
  • ၂၃။ ခြေဖျား
  • ၂၄။ ခြေသလုံး
  • ၂၅။ ပေါင်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads