ပုဂံခေတ်ရွာကြီး(၁၉)ရွာ

From Wikipedia, the free encyclopedia

Remove ads

ပုဂံခေတ်ရွာကြီး(၁၉)ရွာမှာ -

  1. ညောင်ဦး
  2. နဂါးဗိုလ်နဂါးဆိုင် (ယခု ပုဂံ)
  3. နဂါးကျစ် (ယခု နဂါးကျစ်မှော်)
  4. မန်ကျည်းကြီး (ယခု မရှိ)
  5. တူတည် (ယခု စတယ်)
  6. ကျောက်စကား (ယခု သီရိပစ္စယာ)
  7. ကုတ်ကသိန် (ယခု မရှိ)
  8. ညောင်တန်း (ယခု မရှိ)
  9. အနုရာဓ (ယခု မြင်းကပါ)
  10. တန်ဆောင်ကွန် (ယခု မြင်းခြံနယ်၌ ရှိသည်။)
  11. ရွာမုံး (ယခု ရွာမိုင်း)
  12. ကြင်လုံ (ယခု ကျောက်ကန်ရွာအနီး နေရာသာ ရှိသည်။)
  13. ကုက္ကို (ယခု တောင်ခွင်)
  14. တောင်ဖ (ယခု တောင်ပ)
  15. မြေသင်းတွင်း (ယခု မြေခဲတွင်း)
  16. သရက်ရ (ယခု မရှိ)
  17. စဉ့်ကူ (ယခု စဉ့်ကူ)
  18. ယုန်လွယ် (ယခု ယုန်လွှတ်ကျွန်း)
  19. ရွာစိုက် (ယခု ဖွားစောရွာ)

ယုန်လွှတ်ကျွန်းကို အခြေပြုပြီး တိုင်းပြည်တည်ထောင်ရာ ပုဂံနေပြည်တော်၏

  1. ပထမမြို့သည် (ယုန်လွှတ်ကျွန်း) အရိမဒ္ဒန။
  2. ဒုတိယမြို့သည် သေဉ်လည်ကြောင်မင်း လက်ထက် ကျောက်စကားရွာ၌ သီရိပစ္စယာ ။
  3. တတိယမြို့မှာ သိုက်တိုင်မင်းလက်ထက်တွင် ယခု ဖွားစောရွာ နေရာ၌ တမ္ပဒီပ။
  4. တဖန် ပျဉ်ပြားမင်းလက်ထက်တွင် ပုဂံကို တည်သည်။

တရုတ်ပြေးမင်းလက်ထက်တွင် တရုတ်တို့၏ စစ်မက်အန္တရာယ်ကြောင့် မြို့ကိုချဲ့ထွင်ပြီး ခံတပ်အခိုင်အမာ အရေးပေါ်တည်ဆောက်ရသည်။ စေတီ ဂူကျောင်း ဘုရား အမြောက်အမြားကို ဖျက်၍ အုတ်ကျောက်တို့ကို ယူရသည်ဟု ဆိုကြသည်။ ဂူကြီး တစ်ထောင်၊ ဂူငယ် တစ်သောင်း။ ကုလားကျောင်း သုံးထောင် ပျက်စီးကြောင်း ဆိုသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads