ပုဇွန်တောင်မြို့နယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ မြို့နယ်များ From Wikipedia, the free encyclopedia

ပုဇွန်တောင်မြို့နယ်map
Remove ads

ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။

အချက်တိုများ ပုဇွန်တောင်မြို့နယ်, Country ...
Remove ads

တည်နေရာ

ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို မဟာဗန္ဓုလတံတားဖြင့် ဆက်သွယ်ထားသည်။

ခေါ်တွင်ပုံ

ပုဇွန်တောင်ဟု အမည်ခေါ်တွင်ပုံမှာ မွန်ဘာသာ (ပသုန်ဒဵု - မဇုန်ဒေး) = ကုန်းငါးကုန်း (ညောင်ကုန်း၊ ပေတောကုန်း၊ မလွှကုန်း၊ မအူကုန်း၊ ပိန္နဲကုန်း) ရှိသော အရပ်ဟု အဓိပ္ပာယ်ရသည်။ [] ပုဇွန်တောင် - ပသုန် - ငါး၊ ဒဵု - တောင်ကုန်းငယ် (တောင်ငါးလုံး)[] ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းနှင့် ပြည်သူ့ဆေးရုံ (၁) ရုံရှိသည်။ ပုစွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့မှာ ပုဇွန်တောင်မြို့နယ်ရှိ အဓိကကျသော ဈေးကြီးများဖြစ်သည်။

ထင်ရှားသော အဆောက်အဦးများ

ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပုဇွန်တောင်မြို့နယ်သည် အရှေ့ဘက်အကျဆုံးအပိုင်း ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဇွန်တောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads