ဒေါပုံမြို့နယ်
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ မွန်ဘာသာအရ ဒေု-တောင်၊ ပန်-လေး၊ တောင်လေးလုံးဟု အဓိပ္ပာယ်ရသည်။[၂]
ဒေါပုံမြို့နယ်၏ မြောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှေ့ဘက်တွင် သာကေတမြို့နယ်နှင့် တောင်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် ပုဇွန်တောင်မြို့နယ်တို့ တည်ရှိသည်။
ဒေါပုံမြို့နယ်ကို ရပ်ကွက်ပေါင်း (၁၄)ခုဖြင့် ဖွဲ့စည်းထားသည်။ မဟာဗန္ဓုလတံတားသည် ဒေါပုံမြို့နယ်နှင့် ရန်ကုန်မြို့လယ်ကို ဆက်သွယ်ပေးထားသည်။
ဒေါပုံမြို့နယ် အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်းရှိသည်။
ထင်ရှားသော နေရာများမှာ Capital ကုန်တိုက်၊ ရွှေပုဇွန် မုန့်တိုက်နှင့် ကော်ဇောစက်ရုံတို့ ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads