ပုဏ္ဏ

From Wikipedia, the free encyclopedia

ပုဏ္ဏ
Remove ads

[] (၁) ပြည့်-ပြည့်စုံ-ခြင်း။ []

(၂) ပုဏ္ဏ ဟူသောအသံ။ (တိ) (ပုဏ္ဏ ဟူသောအသံသည် မင်္ဂလာဟုသမုတ်အပ်သော အသံဖြစ်သည်။) []

(၃) ပြည့်-ပြည့်စုံ-သော၊ သူ။ []

(၄) ပုဏ္ဏ (ပုဏ္ဏာ)မည်သော၊ သူ။

  • (က) သုနာပရန္တတိုင်းသား ပုဏ္ဏထေရ်
  • (ခ) နွားကဲ့သို့ကျင့်သော ပုဏ္ဏေမည်သူ။
  • (ဂ) မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏထေရ်
  • (ဃ) ရာဇဂြိုဟ်သူဋ္ဌေး၏ ကျွန် ပုဏ္ဏ။
  • (င) ရသေ့တို့၏ဟင်းရွက်ချက်သူ ပုဏ္ဏ။
  • (စ) သာဝတ္ထိပြည် သူကြွယ်သမီး ပုဏ္ဏာ။
  • (ဆ) အနာထပိဏ် သူဌေး၏ ကျွန်မ ပုဏ္ဏာ။
  • (ဇ) သေနာနိဂုံးနေသူဋ္ဌေးသမီး သုဇာတာ ကျွန်မ ပုဏ္ဏာ။
  • (ဈ) ရာဇဂြိုဟ်သူဋ္ဌေး၏ ကျွန်မ ပုဏ္ဏာ။

(ခ) နွားကဲ့သို့ကျင့်သော ပုဏ္ဏ မည်သူ

ထိုပုဏ္ဏသည် ကောလိယ၏သားဖြစ်သည်။ ဂေါဝတိက-နွားကဲ့သို့ကျင့်သူဖြစ်သည်။ အစေလကတက္ကတွန်း သေနကသည် ကုက္ကုရဝတိက-ခွေးကဲ့သို့ကျင့်သူဖြစ်သည်။ ထိုနှစ်ဦးသည် ဘုရားရှင်ထံသို့ချဉ်းကပ်၍ မိမိတို့၏ လားရာဂတိကို မေးကြသည်။ ဘုရားရှင်က မမေးရန် မိန့်သော်လည်း သုံးကြိမ်တိုင် မေးသဖြင့် ကုက္ကရဝတိက အကျင့်ဖြင့် သေသူသည် ကွယ်လွန်သောအခါ ခွေး ဖြစ်လိမ့်မည်၊ ကုက္ကရဝတိက အကျင့်ဖြင့် သေသူသည် နတ်ရွာရောက်မည်ဟု မှတ်ယူခြင်းသည် မှားယွင်းသောအယူ ဖြစ်သည်။ မှားယွင်းသောအယူရှိသူ၏ လားရာကား ငရဲ တိရစ္ဆာန်နှစ်ခုတွင် တစ်ခုခုတည်း-ဟု မိန့်တော်မူသည်။

ထို့အတူ ဂေါဝတိကပုဂ္ဂိုလ်အားလည်း ဟောတော်မူသည်။ ထိုအခါ ထိုနှစ်ယောက်တို့ ငိုကြသည်။ ထို့နောက် ဘုရားရှင်က ကဏှ ကဏှဝိပါကကံ-စသော ကံလေးပါးတရားတော်ကို အကျယ်ဟောတော်မူသည်။ တရားတော်အဆုံး၌ ပုဏ္ဏသည် သရဏဂုံတည်သော ဥပါသကာ အဖြစ်သို့ရောက်သည်။ သေနိယသည် ရဟန်း ဝတ်၍ ရဟန္တာအဖြစ်သို့ ရောက်သည်။ အကျယ်ကို []-[]ကြည့်။ []

Remove ads

(ဃ) ရာဇဂြိုဟ်သူဌေး၏ကျွန် ပုဏ္ဏ

ရာဇဂြိုဟ်ပြည်၌ ရာဇဂြိုဟ်သူဋ္ဌေး (သုမန မည်သောသူဋ္ဌေး။ [])၏ ကျွန်ပုဏ္ဏအား ဥတ္တရာမည်သော မယား၊ ဥတ္တရာ မည်သော သမီးတစ်ယောက်ရှိသည်။

နက္ခတ်ပွဲသဘင်သို့ မသွားကြဘဲ ပုဏ္ဏ လယ်ထွန်နေသောအခါ နိရောဓသမာပတ်မှ ထသော အရှင်သာရိပုတ္တရာမထေရ်သည် ပုဏ္ဏ ရှိရာသို့ ကြွလာသည်။ ပုဏ္ဏသည် မထေရ်အား တံပူ၊ သောက်ရေတို့ကို လှူဒါန်းသည်။ မထေရ်သည် မယား ဖြစ်သူ ဥတ္တရာ လာရာလမ်းသို့ ကြွသောအခါ ဥတ္တရာသည် မထေရ်အား ပုဏ္ဏအတွက် စီမံလာသော ထမင်းကို လှူခဲ့သည်။ အိမ်သို့ပြန်၍ ထမင်းချက်လျက် ပုဏ္ဏထံပေးပို့ကာလင် မယား နှစ်ဦးသည် မိမိတို့ပြုသော ကုသိုလ်ကို ဝေမျှလျက် ဝမ်းသာပြီး အပန်းပြေအိပ် စက်ကြသည်၊ အိပ်ယာမှထသောအခါ ပုဏ္ဏ ထွန်ထားသောလယ်မြေသည် ရွှေတုံးရွှေခဲ ဖြစ်နေသည်ကိုတွေ့ မြင်၍ ရာဇဂြိုဟ်မင်းအား လျှောက်ထားသောအခါ မင်းကြီးသည် အရှင်သာရိပုတ္တရာအား ပုဏ္ဏတို့ လှူဒါန်းအပ်သော ကောင်းမှု၏ အကျိုးဟုသိရှိသဖြင့် ဗဟုဓနသေဋ္ဌိ ဘွဲ့ဖြင့် သူဋ္ဌေးအရာ ပေးခဲ့သည်။

အိမ်တက်မင်္ဂလာ၊ သူဋ္ဌေးထီးဖြူဆောင်းမင်္ဂလာ ပြုသောအခါ၌ မြတ်စွာဘုရား အမှူးရှိသော ရဟန်းတော်တို့အား (၇) ရက်တိုင်တိုင် ဆွမ်းစသည် လှူဒါန်း၍ တရားနာသောအခါ သောတာပန်ဖြစ်ကြသည်။

မိစ္ဆာအယူရှိသော သူဋ္ဌေးတစ်ဦးက သူ့သား နှင့် ထိမ်းမြားရန် ရာဇဂြိုဟ် သူဋ္ဌေးမှတဆင့် ပြောသောကြောင့် သမီးဥတ္တရာသည် ထိုသူဋ္ဌေးအိမ်သို့ လိုက်ပါသွားရသည်။ ဘုရားရှင်အား မဖူးရသဖြင့် သိရိမာမည်သော ပြည့်တန်ဆာမအား မိမိကိုယ်စား ယောက်ျားကိုပြုစုရန် တစ်ရက် တစ်ထောင် ပေး၍ ငှါးရမ်းကာ ဘုရားအမှူးရှိသော သံဃာအား ဆွမ်းစသည် လှူဒါန်းသည်။ သိရိမာသည် စိတ်ယုတ်ဝင်၍ ဥတ္တရာကို ဆီပူလောင်းသောအခါ မပူလောင်သည်ကို တွေ့သဖြင့် တောင်းပန်သည်။ မိမိ၏ဖခင် ဘုရားရှင်ထံ တောင်းပန်ခိုင်းသည်တွင် ဘုရားရှင်၏ တရားကို နာယူရသဖြင့် သိရိမာသည်လည်း သောတာပန် ဖြစ်လေသည်။ လင်နှင့် ယောက္ခမ နှစ်ဦးတို့လည်း သောတာပန်ဖြစ်ကြ၍ ဥတ္တရာသည် သကဒါဂါမ်ဖြစ်လေသည်။ []

ရာဇဂြိုဟ်၌ ထိုပုဏ္ဏနှင့်တကွ ဇောတိကဇဋိလမေဏ္ဍကကာကဝလိယ-ဟု အမိတဘောဂ သူဋ္ဌေးငါးဦးရှိသည်။ [၁၀] [၁၁]


(င) ဘဒ္ဒိယမြို့နေ ကျွန် ပုဏ္ဏ

ဘဒ္ဒိယမြို့မေဏ္ဍကသူဋ္ဌေး၊ သူဋ္ဌေးကတော် စန္ဒပဒုမာ၊ သား ဓနဉ္စယ၊ ချွေးမ သုမန ဒေဝီ၊ မြေးမ ဝိသာခါ၊ ကျွန် ပုဏ္ဏ ဟု အိမ်သူအိမ်သား ငါးဦးရှိသည်။

ထိုသူတို့၏ရှေးကုသိုလ်ကံကို အကျဉ်းဖော်ပြမည်။ ဝိပဿီဘုရားရှင်လက်ထက် အဝရောဇသူကြွယ်၏ တူသည် အဝရောဇပင် အမည်တွင်သည်။ ဦးရီးသည် ဘုရားရှင်အတွက် ဂန္ဓကုဋိကို ဆောက်လုပ်သောအခါ တူဖြစ်သူက ကုသိုလ် အတူ ပြုခွင့်ပေးရန် ပြောကြားသော်လည်း ဦးရီးက ခွင့်မပြုသဖြင့် ဂန္ဓကုဋီ၏ ရှေ့၌ ဘုရားရှင်အတွက် ရတနာ (၇)ပါးဖြင့် စီချယ်အပ်သော ကုဉ္ဇရသာလာကို ဆောက်လုပ်လှူဒါန်းလေသည်။ ကျောင်းလှူပွဲ၌ ဘုရားရှင်နှင့် တကွ ရဟန်းတော်(၆၈)သိန်းတို့အား လေးလ တိုင်တိုင် ဆွမ်းဘောဇဉ် ဆက်ကပ်၍ တိစီဝရိက်သင်္ကန်း လှူဒါန်းခဲ့လေသည်။

ဤ ဘဒ္ဒကမ္ဘာ၌ ဗာရာဏသီပြည်၌ ဗာရာဏသီ သူဋ္ဌေး ဖြစ်လာသည်။ ဗာရာဏသီပြည်၌ ငတ်မွတ်ဘေးဖြစ်သောအခါ နောက်ဆုံး ကျန်သော ငါးယောက်စာဆန်ကို ချက်၍ စားကြမည်ပြုစဉ် ပစ္စေကဗုဒ္ဓါ ကြွလာသည်နှင့်ကြုံ၍ ထိုငါးဦးသည် မိမိတို့ ဝေလက်စထမင်းတို့ကို အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်း၍ မိမိတို့အလိုရှိရာနှင့် တကွ ဤအိမ်၌ပင် ဤလင် ဤမယား ဤသား ဤ ချွေးမ ဤကျွန် ဖြစ်ရလိုပါ၏ဟု ဆုတောင်း ကြသည်။ ဆာလောင်စွာအိပ်၍ အိပ်ယာမှ ထကြသောအခါ မိမိတို့ တောင်းအပ်သော ဆု ပြည့်စုံနေသည်ကို တွေ့ မြင်ကြသည်။ ထိုဘဝမှစုတေ၍ နတ်ပြည်သို့ ရောက်ကြပြီး ဤဘုရားရှင်ပွင့်သောအခါ သူဋ္ဌေးသည် ဘဒ္ဒိယမြို့ ကြွယ်ဝသောအမျိုး၌ ဖြစ်သည်။

ထိုမိသားစုတို့သည် ပြန်လည်ဆုံစည်းမိကြသည်။ မိမိတို့၏ ကိုယ်စီကိုယ်စီ အစွမ်းတို့ကိုလည်း ရရှိကြသည်။ ပုဏ္ဏကျွန်သည် တန်ဆာဆင်၍ ရွှေထွန်တုံး၌ တန်ဆာဆင် ထားသောနွားတို့ကို ကလျက် လယ်ထွန်သောအခါ ထွန်ရေး (၇) ကြောင်းတို့သည် ရှေးဆုတောင်း အတိုင်း ဖြစ်ပေါ် လာကြသည်။ ဘဒ္ဒိယမြို့သို့ ဘုရားရှင်ကြွလာသောအခါ အိမ်သူအိမ်သားလုံး ဥပါသကာ ဖြစ်ကြသည်။ [၁၂]-တို့ကြည့်။

[၁၃]-တို့၌ ဤငါးဦးကို ပဉ္စ မဟာပုည-ဟု ဖော်ပြထားသည်။ ဓနဉ္စယ၏သမီးသည် ကျောင်းအမ ဝိသာခါပင် ဖြစ်သည်။ ဘုရားရှင် ဘဒ္ဒိယမြို့သို့ ကြွသောအခါ ဓနဉ္စယ သူဋ္ဌေးသည် သမီး ဝိသာခါကို ဘုရားရှင်အား အကြိုခိုင်းသည်။ ဘုရားရှင် တရားတော်ကိုနာယူရ၍ ဝိသာခါ၊ ဖခင်ဓနဉ္စယသူဌေးတို့ သောတာပန် ဖြစ်ကြသည်။ ကောသလမင်းသည် ဗိမ္ဗိသာရမင်းထံ သူဋ္ဌေးတောင်းသောအခါ မေဏ္ဍကသူဌေး၏သား ဓနဉ္စယကို ပေးလိုက်သည်။ ကောသလမင်းသည် သာဝတ္ထိပြည်မှ (၇) ယူဇနာအကွာ သာကေတမြို့၌ သူဋ္ဌေး အရာပေး၍ နေစေသည်။ ဓနဉ္စယ၏သမီး ဝိသာခါကို သာဝတ္ထိပြည် မိဂါရသူဌေး၏ သား ပုဏ္ဏဝဍ္ဎန နှင့် လက်ထပ်၍ သာဝတ္ထိပြည်သို့ ထည့်လိုက်သည်။ မိဂါရသူဋ္ဌေးသည် တိတ္ထိတို့ကို ကိုးကွယ်သူဖြစ်သည်။ [၁၄]-၌ သူဋ္ဌေး၏ မေဏ္ဍက အမည်သာ ပါရှိ၍ကျန်သောသူတို့၏အမည် မပါရှိပါ။

Remove ads

(စ) ရသေ့တို့၏ ဟင်းရွက်ချက်သူ ပုဏ္ဏ

[၁၅]

(ဆ) သာဝတ္ထိပြည် သူကြွယ်သမီး ပုဏ္ဏာ

ရှေးရှေးဘုရားတို့၌ ဝဋ်ဆင်းရဲမှ ကင်းလွတ်ကြောင်း အားကောင်းသော ကုသိုလ် ပြုခဲ့သောအမျိုးသမီးတစ်ဦးသည် ၉၄-ကမ္ဘာထက် ကိန္နရီမ ဘဝ၌ ရှင်ပစ္စေကဗုဒ္ဓါအား ကျူပန်းပွင့် လှူခဲ့သောကောင်းမှုကြောင့် ၉၄-ကမ္ဘာတိုင်တိုင်အပါယ်မကျဘဲ ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိပြည် သူကြွယ်အိမ်၌ဖြစ်၍ ပုဏ္ဏာ-ဟု အမည်တွင်သည်။ အသက်နှစ်ဆယ်၌ ဂေါတမီထေရီ ထံတွင် တရားနာယူရသဖြင့် ရဟန်းမ အဖြစ်ကို ရယူသည်။ ဘုရားရှင်ဟောအပ်သော “ပုဏ္ဏေ ပူရဿု” စသောတရားတော်ကို နာယူရသဖြင့် ရဟန္တာအဖြစ်သို့ ရောက်သည်။ အကျယ်ကို [၁၆]-ကြည့်။ [၁၇]-၌ နဠမာလိကာထေရီ ဟု လာသည်။ [၁၈]

Remove ads

(ဇ) အနာထပိဏ်သူဌေး၏ ကျွန်မ ပုဏ္ဏာ

ဝိပဿီ စသော ဘုရား(၇) ဆူ၌ ရဟန်းမအဖြစ်သို့ ရောက်သော ဗဟုဿုတ တိပိဋကဓရ ဓမ္မကထိက ဖြစ်သော ရဟန်းမ တစ်ပါးသည် မာနကြီးသဖြင့် ကိလေသာကို မပယ်နိုင်ခဲ့ပါ။ မာနကိုမှီပြီး ကုသိုလ်ပြုခဲ့သဖြင့် အနာထပိဏ်သူဋ္ဌေး၏ ကျွန်မဝမ်း၌ ပဋိသန္ဓေ နေသည်။ ပုဏ္ဏာ အမည်တွင်သည်။ ဆောင်း ဥတုကာလ ရေအိုးယူ၍ အစိရဝတီမြစ်၌ နံနက်စောစော ရေခပ်သွားသောအခါ အလွန်အေးသော မြစ်ရေ၌ မန္တာန်ရွတ် ရေစိမ်ပြီး ခိုက်ခိုက်တုံစွာ ကမ်းပေါ်တက်လာသော ဗြဟ္မဗန္ဓုမည်သော ပုဏ္ဏားကို မြင်သဖြင့် အဘယ်ကို ကြောက်၍ အေးလွန်းသော မြစ်ရေ၌ ဆင်းနေသနည်းစသဖြင့် မေးသည်၊ ပုဏ္ဏားက သင်သည် သိလျက် မေးဘိ၏၊ ရေ၌ ကုသိုလ်အမှု ပြုနေ၏ ပြုခဲ့သောအကုသိုလ်တို့ကို ပိတ်ဆို့၏၊ အကုသိုလ်ပြုသူသည် မြစ်ရေစိမ်ခြင်း သွန်းလောင်း ချိုးခြင်းဖြင့် အကုသိုလ်မှ လွတ်၏-စသည်ဖြင့် ပြောသောကြောင့် သံဝေဂရ၍ ရဟန်းမ ဘောင် တက်လိုစိတ်ဖြစ်ပေါ်ခဲ့သည်။

ထိုပုဏ္ဏားကို “ဒီလိုဆိုရင် ငါး, ဖား, လိပ်-စသော ရေသတ္တဝါတွေ နတ်ပြည် ရောက်မှာပေါ့-စသည်ဖြင့် ဆုံးမသောအခါ ပုဏ္ဏားသည် ထိုအယူမှားကို စွန့်လျက် သရဏဂုံခိုလှုံပြီး ရဟန်းဘောင်တက်ရောက်သဖြင့် ရဟန္တာ ဖြစ်လေသည်။

ဘုရားရှင်သည် ဝါဆိုခါနီး၌ ဇေတဝန်ကျောင်းတော်မှ ဒေသစာရီ ကြွတော်မူသောအခါ ဘုရားရှင်ကို ကြွတော်မမူရန် ကောသလမင်း အနာထပိဏ်သူဋ္ဌေး စသည်တို့က လျှောက်တော်မူတော်လည်း မရနိုင် ဖြစ်နေသဖြင့် အနာထပိဏ် သူဌေး သည် အိမ်ပြန်လာကာ မှိုင်နေစဉ် ကျွန်မ ပုဏ္ဏာက ဘုရားရှင်ကို သူတားမြစ်ပါမည့် အကြောင်းပြောသည်။ သူဋ္ဌေးက တားမြစ်နိုင်လျှင် ကျွန်အဖြစ်မှ လွတ်မြောက် ဖြူစင်စေမည်ဟု ပြောသည်။

ပုဏ္ဏာသည် ဘုရားရှင်၏ခြေတော်ရင်း၌ ဝပ်စင်းလျက် ပြန်နစ် (ပြန်လှည့်)တော်မူပါဘုရား ဟု လျှောက်ထားသောအခါ “ပုဏ္ဏာ-သူတစ်ပါးကိုမှီ၍ အသက်မွေးရသောသင်က ငါဘုရား တွက် ဘာလုပ်ပေးနိုင်မည်နည်း”ဟု မြတ်စွာဘုရား မိန့်သောအခါ “တပည့်တော်မှာ လှူဖွယ်မရှိသည်ကို အရှင်ဘုရားတို့ သိပါသည်၊ အရှင်ဘုရားတို့ ပြန်လှည့်တော်မူလျှင် သရဏဂုံခံယူ၍ ငါးပါးသီလဆောက်တည်ပါမည်”စသည်ဖြင့် လျှောက်ထားသည်။ ဘုရားရှင်သည် သာဓုခေါ်ကာ ဇေတဝန် ကျောင်းတော်သို့ ပြန်ဝင်တော်မူသည်။ အနာထပိဏ်သူဋ္ဌေးသည် ပုဏ္ဏာကို ကျွန်အဖြစ်မှ လွတ်စေ၍ သမီးအရာ၌ ထားသည်။ ရဟန်းမအဖြစ်ရောက်သောအခါ သီဟနာဒသုတ်အဆုံး၌ သောတာပန်ဖြစ်သည်။ ဘုရားရှင် ဟောကြားအပ်သော “ပုဏ္ဏေ ပူရေသိ သဒ္ဓမ္မံ” စသော ဂါထာ အဆုံး၌ ရဟန္တာအဖြစ်ရောက်သည်။ ဥဒကသုဒ္ဓိ အယူရှိသော တိတ္ထိကို ဆုံးမခဲ့သည်။ [၁၉]

Remove ads

(ဈ) သေနာနိဂုံးသူ သူဋ္ဌေးသမီး သုဇာတာ၏ ကျွန်မ ပုဏ္ဏာ

ထိုပုဏ္ဏာသည် ညောင်ပင်ကို သုတ်သင်ရှင်းလင်းရန် ညောင်ပင် ရှိရာသို့သွားသောအခါ ညောင်ပင်အောက်၌ သီတင်းသုံးသောဘုရားအလောင်းတော်ကို ဖူးမြင်ရသဖြင့် ညောင်ပင်စောင့်နတ်ဟု ထင်၍ သုဇာတာအား ပြောကြားသူ ဖြစ်သည်။ [၂၀]

(ည) ရာဇဂြိုဟ်သူဋ္ဌေး၏ ကျွန်မ ပုဏ္ဏာ

ထိုပုဏ္ဏာသည် ညအခါ မီးထွန်းလျက် မောင်းထောင်း ဆံဖွတ်ပြီး အပြင်ထွက်၍ လေညှင်း ခံနေစဉ် အရှင်ဒဗ္ဗသည် ရဟန်းတော်တို့ကို လက်ချောင်းမီးထွန်းလျက် နေထိုင်ရာ ကျောင်းများသို့ ပို့ဆောင်ပေးနေသည်ကို မြင်ရ၍ ငါကား ငါ့ဒုက္ခဖြင့် မအိပ်နိုင်ဖြစ်ရ၏၊ ရဟန်းတော်တို့သည် အဘယ့်ကြောင့် မအိပ်သေးကုန်သနည်း၊ ရဟန်းတစ်ပါးပါး မချမ်းသာခြင်း ဖြစ်နေမည်လော၊ မြွေကိုက် ခံရသည်ဖြစ်လတ္တံ့-ဟု ကြံမိလေသည်။

ပုဏ္ဏာသည် နံနက်စောစော စားစရာ မုန့်အိုးကင်းကပ်ကို ယူလျက် ရေခပ်သွားစဉ် နောက်ပါ အရှင်အာနန္ဒာနှင့်အတူ ဆွမ်းခံကြွတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် ဝမ်းသာစွာ မုန့်အိုးကင်းကပ်ကို လှူလေသည်၊ မိမိလှူအပ်သော အညံ့စားမုန့်ကို ဘုရားရှင် ဘုဉ်းပေးမှ ဘုဉ်းပေးပါ မည်လော စသဖြင့် ကြံစည်နေသည်ကို ဘုရားရှင်သိမြင်သဖြင့် အာနန္ဒာ ခင်းအပ်သောနေရာ၌ ထိုင်တော်မူ၍ ဘုဉ်းပေးလေသည်၊ နတ်တို့သည် လူတို့အတွက် မျှတလောက်သော ဩဇာတို့ကို ထည့်ကြသည်။

ဆွမ်းကိစ္စပြီးသောအခါ ပုဏ္ဏာကိုခေါ်၍ “အဘယ့်ကြောင့် ငါဘုရား၏တပည့်တို့ကို နှိပ်ချ ရေရွတ်ဘိသနည်း” ဟုမေးတော်မူ၍ “ပုဏ္ဏာ သင်သည် ဒုက္ခဖြင့် မအိပ်ခြင်းဖြစ်သည်၊ ငါဘုရား၏ တပည့်တို့ သည်ကား အမြဲနိုးကြားနေကြသဖြင့် မအိပ်ခြင်းဖြစ်သည်” စသည်ဖြင့်ဟောတော်မူသောအခါ ပုဏ္ဏာသည် ရပ်လျက် တရား နာစဉ်ပင် သောတာပန်ဖြစ်လေသည်။ ရဟန်းတော်တို့သည် ပုဏ္ဏာ၏ မုန့် အိုးကင်း ကပ်ကို ဘုရားရှင်ဘုဉ်းပေးတော်မူခြင်းကို အကြောင်းပြု၍ ပြောနေစဉ် ဘုရားရှင် ကြွတော်မူ၍ “ကုဏ္ဍက သိန္ဓဝပေါတကဇာတ်”ကို ဟောတော်မူသည်။ အကျယ်ကို [၂၁]-ကြည့်။

[၂၂]-၌ ဆင်းရဲလှသော အဖွားအိုကလှူဒါန်းအပ်သော ယာဂုစသော ဘောဇဉ်ကို အရှင်သာရိပုတ္တရာ ဘုဉ်းပေးခြင်းကို အကြောင်းပြု၍ ဟောတော်မူကြောင်းလာသည်။ [၂၃]

(စ) ပုဏ္ဏာကျွန်မ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads