ပြည်ကြီးတံခွန်မြို့နယ်
မြန်မာနိုင်ငံ၊ မန္တလေးမြို့၏ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
ပြည်ကြီးတံခွန်မြို့နယ်သည် မန္တလေးမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှုတွင် ပါဝင်သောမြို့နယ် ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးစက်မှုဇုန် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
၁၉၉၂ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ မန္တလေးမြို့ဖွဲ့စည်းပုံပြင်ဆင်ရေးအရ ၁၀.၁၂.၁၉၉၂တွင် ပြည်ကြီးတံခွန်မြို့နယ် ပေါ်ပေါက်လာသည်။[၃]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၂မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၉၆မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၅မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂မိုင်၊ တောင်မှမြောက်သို့ ၄မိုင်ရှိပြီး ၉.၈၉စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်နှင့် အနောက်ဘက်တွင် အမရပူရမြို့နယ်၊မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့ တည်ရှိသည်။[၃]
မြေမျက်နှာသွင်ပြင်
ညီညာပြန့်ပြူးသော မြေပြန့်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၆ပေတွင် တည်ရှိသည်။ ပရံတော်ချောင်းသည် မြောက်မှ တောင်သို့ စီးဆင်းနေသည်။
Remove ads
လူဦးရေ
ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၃]
စီးပွားရေး
ပြည်ကြီးတံခွန်မြို့နယ်သည် စက်မှုဇုန်များတည်ရှိရာဖြစ်သည်။ မြို့နယ်အတွင်းရှိလူများသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။
မြို့နယ်အတွင်း စပါး၊ဟင်းသီးဟင်းရွက်၊နေကြာ စသည်တို့အနည်းငယ် စိုက်ပျိုးသည်။ စက်မှုဇုန်များတွင် စက်ရုံ ၁၈၇ရုံ၊ အလုပ်ရုံ ၇၈၄ရုံ ရှိသည်။ အိမ်တွင်းစက်မှုလုပ်ငန်း ၂၁၈ခုရှိသည်။[၃]
ဈေးများ
- စက်မှု ၁
- တံခွန်တိုင်
- ချမ်းမြရွှေပြည်
- ပြည်ရန်ကျော်
- စက်မှု ၂
- ရတနာပုံ (စ)
- ရတနာပုံ (ဆ)
- ရန်အောင်
- ရတနာပုံ (ဇ)
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
မန္တလေးမြို့၏ အကြီးဆုံးကားကွင်းဖြစ်သည့် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်)ကားကွင်း တည်ရှိသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း၏ မန္တလေးအဝင်မြို့နယ်ဖြစ်သည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၃ကျောင်းရှိသည်။
- အထက ၂၇
- အထက ၃၂
- အထက (စရပ်ကွက်)
အထက (ခွဲ)/အလက
- အလက(ထ(ခွဲ)) ၂၀
- အလက (ထ(ခွဲ)) ၂၃
- အလက (ထ(ခွဲ)) ၂၄
- အလက ၅
- အလက ၂၅
- အလက ၂၉
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇ကျောင်းရှိသည်။
ကျန်းမာရေး
ပြည်နယ်အတွင်း အစိုးရဒေသန္တရဆေးပေးခန်းနှင့် တိုင်းရင်ဆးခန်း ပုဂ္ဂလိကဆေးရုံများလည်းရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads