အနီရောင်

အရောင် From Wikipedia, the free encyclopedia

အနီရောင်
Remove ads

အနီရောင်သည် မြင်နိုင်သောအလင်းစဉ်၏ အရောင်တခုဖြစ်ပြီး ယင်းရှေ့တွင် လိမ္မော်ရောင်ရှိပြီး ဆန့်ကျင်ဘက်မှာ ခရမ်းရောင်ဖြစ်သည်။ အနီရောင်တွင် အနီရင့်ရောင်(Scarlet)၊ အနီဖျော့ရောင် အစရှိသည်ဖြင့် ရှိသည်။

အချက်တိုများ အနီရောင်, ရောင်စဉ်တန်း ကိုဩဒိနိတ်များ ...

ရှေးခေတ် အီဂျစ်လူမျိုးများနှင့် မာယာလူမျိုးတို့သည် ပွဲလမ်းသဘင်များတွင် မျက်နှာအား အနီရောင်ဖြင့် ခြယ်သလေ့ရှိသည်။ ရောမ စစ်ဗိုလ်ချုပ်များသည် အောင်ပွဲများကျင်းပချိန်တွင် ခန္ဓာကိုယ်အား အနီရောင်ဖြင့် လွှမ်းခြုံကြသည်။ အနီရောင်သည် တရုတ်နိုင်ငံတွင် အရေးပါသောအရောင်တခုဖြစ်ပြီး ကဗျာစာပေများတွင် ဦးစွာအသုံးပြုခဲ့ကာ နောက်ပိုင်းတွင် တံခါးများနှင့် နန်းတော်နံရံများတွင် အသုံးပြုခဲ့သည်။[]:60–61 အနီရောင်သည် ကွန်မြူနစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒ၏ သင်္ကေတဖြစ်ပြီး ဆိုဗီယက် ရုရှားသည် ၁၉၁၇ ခုနှစ်မှစ၍ အလံနီကို စတင်အသုံးပြုခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းတလျှောက်တွင် အလံနီကို ၁၉၂၂ ခုနှစ်မှစ၍ ၁၉၂၂ ခုနှစ်ထိ အသုံးပြုခဲ့သည်။ တရုတ်နိုင်ငံသည်လည်း အလံနီကို ၁၉၄၉ ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် ၁၉၅၄ခုနှစ်တွင်လည်းကောင်း စတင်အသုံးပြုခဲ့သည်။

အနီရောင်သည် သွေး၏အရောင်ဖြစ်သောကြောင့် သမိုင်းကြောင်းအရ ယင်းသည် ပေးဆပ်မှု၊ အန္တရာယ်နှင့် သတ္တိတို့ကို ကိုယ်စားပြုသည်။ ဥရောပနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ ခေတ်သစ်စစ်တမ်းများအရ အနီရောင်သည် အပူ၊ လှုပ်ရှားမှု၊ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်း၊ ဒေါသ၊ ချစ်ခြင်းနှင့် ပျော်ရွှင်မှုတို့နှင့် အများဆုံး ဆက်နွယ်သည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှနိုင်ငံအများစုတွင် အနီရောင်သည် ပျော်ရွှင်မှုနှင့် ကံကောင်းခြင်းတို့၏ သင်္ကေတတခုဖြစ်သည်။[]:39–63



Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads