ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ
From Wikipedia, the free encyclopedia
Remove ads
ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ (အင်္ဂလိပ်: Union Farmer-Labour Force Party) သည် ၂၀၁၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ပဲခူးတိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။[၂]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅၃) ဖြင့် ခွင့်ပြုခဲ့သည်။ [၃]
ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ် (A/၄၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။
ပါတီဖျက်သိမ်းခြင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီမှုကြောင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာလိုက်သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads