ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဥပဒေပြုလွှတ်တော်များ From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံ ကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု တို့ဖြင့် ဖွဲ့စည်းထားသည်။ ယခင် တိုင်းများကို တိုင်းဒေသကြီးများအဖြစ် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ပြောင်းလဲခေါ်ဆိုခဲ့သည်။[၁]
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်နယ် လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် တစ်ခုစီကို ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များအား ရွေးချယ်ခန့်အပ်ခွင့်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အမတ်နေရာ အရေအတွက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အရေအတွက် နှင့် နေထိုင်သည့် လူမျိုးစုများအပေါ် မူတည်သည်။ အမတ်နေရာအများဆုံး လွှတ်တော်များမှာ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ ဖြစ်ကြပြီး အမတ်နေရာ ၁၄၃ နှင့် ၁၂၃ နေရာ အသီးသီးဖြစ်သည်။ အမတ်နေရာ အနည်းဆုံးလွှတ်တော်များမှာ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် လွှတ်တော်များ ဖြစ်ပြီး အမတ်နေရာ ၂၀ နှင့် ၂၂ နေရာ အသီးသီးဖြစ်သည်။
လက်ရှိ လွှတ်တော်ကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်ခဲ့ကာ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လွှတ်တော် ခေါ်ယူကျင်းပခဲ့သည်။
Remove ads
ဒုတိယအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၆-၂၁)
ခေါင်းဆောင်များ
Remove ads
ပထမအကြိမ် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၁-၁၆)
ခေါင်းဆောင်များ
Remove ads
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads