မောင်မောင်အုန်း

ပြန်ကြားရေးဝန်ကြီး From Wikipedia, the free encyclopedia

မောင်မောင်အုန်း
Remove ads

ဦးမောင်မောင်အုန်း (၁၈ မေ ၁၉၅၀ မွေးဖွား) သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်လည်း​ကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်း​ကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဦး မောင်မောင်အုန်း, ပြန်ကြားရေးဝန်ကြီး ...
Remove ads

နိုင်ငံရေးသမားဘဝ

၂၀၁၄

၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[]

၂၀၂၁

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၇ ဖေဖော်ဝါရီ ၂၀၂၁ မှ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်။ [] ထို့နောက် ၂၀၂၁ ဩဂုတ် ၅ ရက်တွင် ဦးဌေးအောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်ခံခဲ့သည်။

Remove ads

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးမောင်မောင်အုန်း အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။

နောက်ထပ် အချက်အလက်များ အရေးယူသည့် နိုင်ငံများ, ပိတ်ဆို့အရေးယူသည့် ရက်စွဲ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads