ပွင့်ဖြူမြို့နယ်

မကွေးတိုင်းရှိ မြို့နယ် From Wikipedia, the free encyclopedia

ပွင့်ဖြူမြို့နယ်
Remove ads

ပွင့်ဖြူမြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပွင့်ဖြူမြို့ဖြစ်သည်။

အချက်တိုများ ပွင့်ဖြူမြို့နယ်, နိုင်ငံ ...
Remove ads

တည်နေရာနှင့်အကျယ်အဝန်း

ပွင့်ဖြူမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၀)ဒီဂရီ (၁၈)မိနစ်နှင့် (၂၀)ဒီဂရီ (၁၉)မိနစ်အကြား အရှေ့ လောင်ဂျီတွဒ် (၉၀)ဒီဂရီ (၃၀)မိနစ်နှင့် (၉၄)ဒီဂရီ (၅၈)မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှအနောက် သို့ (၅၀)မိုင်နှင့် တောင်မှမြောက်သို့ (၂၀)မိုင် ရှည်လျားသည်။ ပွင့်ဖြူမြို့နယ်၏ အကျယ်အဝန်းမှာ (၄၇၁.၀၄) စတုရန်းကီလိုမီတာ နှင့် လူဦးရေသိပ်သည်းဆမှာ ၁၃၄.၂ ဦး ရှိသည်။


နယ်နိမိတ်

ပွင့်ဖြူမြို့နယ်၏ အရှေ့ဘက်တွင် ရေနံချောင်းမြို့နယ် ၊ တောင်ဘက်တွင် မင်းဘူး(စကု)မြို့နယ် နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ် တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စလင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပွင့်ဖြူမြို့နယ်၏ အလယ်တွင် မုန်းချောင်းဖြတ်သန်း စီးဆင်းနေသဖြင့် မုန်းချောင်းချိုင့်ဝှမ်းရှိပြီး ညီ ညာပြန့်ပြူးသည်။ မြို့နယ်၏ သုံးပုံနှစ်ပုံမှာ ညီညာသော မြေပြန့်လွင်ပြင်ဖြစ်ပြီး မြို့နယ်၏ အနောက် ဘက်ခြမ်း သုံးပုံတစ်ပုံမှာ တောင်ကုန်းတောင်တန်းများ ရှိသည်။ ထင်ရှားသော တောင်များမှာ လွမ်းတောင် မြကျိုင်းတောင် နှင့် သံဆည်တောင် တို့ဖြစ်သည်။


ရေဆင်း

ပွင့်ဖြူမြို့နယ်တွင် တောင်ကုန်းတောင်တန်းများ ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများ သည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်။ ပွင့်ဖြူမြို့နယ်၏ အလယ်တွင် မုန်းချောင်း မှာ အနောက် မှ အရှေ့သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ် မှာ မြောက်မှတောင်သို့ စီးဆင်းသည်။ မုန်းချောင်းရေမှာ ရေချို ဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မုန်းချောင်းမှာ နွေရာသီတွင် ရေအနက်(၃)ပေခန့် သာရှိ၍ သာမန်လှေများသာ သွားနိုင်သည်။


Remove ads

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ပွင့်ဖြူမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၂၀၀)ပေတွင် တည်ရှိသည်။


ရာသီဥတု

ပွင့်ဖြူမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်(၄၁)ဒီဂရီစင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၄)ဒီဂရီစင်တီဂရိတ်ဖြစ်သည်။


သဘာဝပေါက်ပင်များ

ပွင့်ဖြူမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကျွန်းပျဉ်းကတိုးအင်ကြင်းရှားဒဟတ်သန်းထောက်ကြံ့မျှင်ဝါးသစ်စေးလွန်ဘိုတည်ပင်တို့ဖြစ်ပြီး ဆေးဘက်ဝင်သည့် အပင် များမှာ ဇီးဖြူဝံအူစာသူငယ်ဦးနှောက်တို့ ဖြစ်သည်။


ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများ

ပွင့်ဖြူမြို့နယ်တွင် ပွင့်ဖြူမြို့ပေါ် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၂) အုပ်စု ၊ ကျေးရွာပေါင်း (၂၀၅) ကျေးရွာ ရှိသည်။ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များမှာ - အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် သက်တော်ရှည်ရပ်ကွက် တို့ ဖြစ်သည်။


လူဦးရေ

ပွင့်ဖြူမြို့နယ် တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၁၆၃၆၉၂ ဦး ရှိသည်။[]


ထင်ရှားသည့် စေတီများ

ရှေးက သုနာပရန္တတိုင်း အမည်တွင်သည် ဆိုသော ပွင့်ဖြူမြို့နယ် မုန်းချောင်းလွင်ပြင် အတွင်း "ရုံလေးရုံ" ဟု ‌ကျော် ကြားထင်ရှားသော ရှေးဟောင်းသမိုင်းဝင်ဘုရားလေးဆူ ရှိ သည်။ ဂေါတမ ဘုရားရှင် စန္ဒကူး နံသာ ကျောင်းတော်ရာတွင် ကြွရောက် သီ တင်းသုံးစဉ် ရှေးဘုရားရှင် သုံးဆူတို့ သီတင်းသုံးခဲ့ရာ ကျောင်းတော်ရာ နေရာ များသို့ လှည့်လည် သီတင်းသုံးခဲ့သဖြင့် အားလုံးပေါင်း၍ ရုံလေးရုံ ဟု ခေါ်တွင်ခဲ့ကြသည်။ ဂေါတမဘုရားရှင် သီတင်းသုံးရန် မဟာပုဏ္ဏမထေရ်အမှူးပြုသော ညီ စူဠပုဏ္ဏသူကြွယ်နှင့် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်များ က ဂန္ဓာရုံ ၊ ကုက္ကုဋ သူဌေးကြီးက ကုက္ကုဋာရုံ ၊ ဃောသိတသူဌေးကြီးက ဃောသိတာရုံ ၊ ပါဝါရိက သူဌေးကြီးက ပါဝါရုံ ဟု ကျောင်းတော်ကြီးများ လှူဒါန်းခဲ့ကြသည်။ ထို ‌နေရာ လေးနေရာတွင် အထိန်းအမှတ် စေတီများ တည်ထားသည်။ [] ရုံလေးရုံ ကျောင်းတော်ရာများမှာ -

  • ၁။ ကုက္ကုဋာရုံ (အုတ်ဖိုကျေးရွာ) - ကကုသန်ဘုရားရှင် ခုနစ်ရက် သီတင်းသုံးခဲ့ရာ‌ နေရာဖြစ်သည်။ တည်ထားသောဘုရား ဘွဲ့မည်မှာ ကုက္ကုဋာရုံ မြို့စဖိုလ် စေ တီ ‌တော် ဖြစ်သည်။ ပွင့်ဖြူမြို့ မှ အနောက်-အနောက်တောင် ၈ မိုင်ခန့် အကွာ၊ မုန်းချောင်း ထောင်ဘက်ကမ်းနဖူးပေါ်ရှိ အုပ်ဖိုရွာ ၏ အပြင်ဘက်၊ ရွာမှာ တောင်-အနောက်တောင် ဘက် ၂ မိုင်ခန့်အကွာ တွင် ရှိသည်။
  • ၂။ ဃောသိတာရုံ (ရွာခိုင်ကျေးရွာ) - ‌ကောဏာဂုံ ဘုရားရှင် သီတင်းသုံးခဲ့ရာ နေရာ ဖြစ် သည်။ တည်ထားသောဘုရား ဘွဲ့မည်မှာ မဟာဃောသိတာရုံ ဝိဟာရ စေတီ တော် ဖြစ်သည်။ ပွင့်ဖြူမြို့ မှ အ ရှေ့ မြောက် ဖက် ၅ မိုင်ခန့်အကွာ၊ ကုန်းဇောင်းရွာမှ အနောက်စူးစူး ၂မိုင်ခွဲခန့် အကွာ၊ ရွာခိုင်ရွာစွန် မုန်းချောင်း၏ မြောက်ဘက်ကမ်းနဖူး တွင် တည်ရှိသည်။
  • ၄။ ဂန္ဓာရုံ (ကျောင်းတော်ရာကျေးရွာ) - ဂေါတမ ‌ဘုရားရှင် သီတင်းသုံးခဲ့ရာ ကျောင်းတော် အမည်မှာ သရက္ခန် ဂန္ဓာရုံ ‌ကျောင်း တော် ရာ ဖြစ်သည်။ တည်ထားသောဘုရား ဘွဲ့မည်မှာ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဖြစ်သည်။ ပွင့်ဖြူမြို့ အရှေ့ဖက် ၆ မိုင်ခန့်အကွာ၊ ပွင့်ဖြူ-စကု ကားလမ်းပေါ် ရှိ လယ်ကိုင်းရွာ မှ မြောက်-အရှေ့ မြောက်ဘက် ၄ မိုင်ခန့် အကွာ၊ မုန်းချောင်း အနောက်ဖက်ကမ်းရှိ ‌ကျောင်း တော် ရာ ရွာ တွင် တည်ရှိသည်။

ပွင့်ဖြူမြို့၏တောင်ဘက်တစ်မိုင်ခန့်အကွာတွင် အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော ရွှေပန်းမြိုင်ဘုရား ရှိသည်။

မြို့၏ အရှေ့တောင်ဘက်တွင် ရွှေဘုံသာ၊ သက်တော်ရှည် နှင့် သက်တော်ရ ဟူ၍ တန်ခိုးကြီးဘုရား သုံးဆူ ရှိသည်။

Remove ads

ထင်ရှားသည့် ဈေးများ


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads