ဖင်လန် အမျိုးသား ဘောလုံးအသင်း
From Wikipedia, the free encyclopedia
Remove ads
ဖင်လန် အမျိုးသား ဘောလုံးအသင်း (ဖင်လန်: Suomen jalkapallomaajoukkue, ဆွီဒင်: Finlands fotbollslandslag) သည် ဖင်လန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သော အမျိုးသားဘောလုံးအသင်းဖြစ်၍ ဖင်လန်ဘောလုံးအဖွဲ့ချုပ်၏ ကွပ်ကဲမှုအောက်တွင်ရှိသည်။ ၁၉၀၄ မှစ၍ ဖီဖာအဖွဲ့ဝင်၊ ၁၉၅၇ မှစ၍ ယူအေးဖာအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
အခြားဥရောပနိုင်ငံများကဲ့သို့မဟုတ်ဘဲ ရေခဲပြင်ဟော်ကီကစားနည်းသည် ဖင်လန်တွင် ရေပန်းစားသော အားကစားနည်းတစ်ရပ်ဖြစ်ကာ ဤအချက်ကြောင့်ပင် ဘောလုံးအားကစားက်ုညစိတ်ဝင်စားမှုနည်းပြီး ရလဒ်ကောင်းစွာလည်းမရရှိခဲ့သေးပေ။ ယူရို ၂၀၂၀ ပြိုင်ပွဲအထိ အဓိကပြိုင်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ဘောလုံးလောကတွင် မှေးမှိန်စွာဖြင့်တည်ရှိခဲ့သော ဆယ်စုနှစ်များစွာအပြီး ၂၀၀၀ ပြည့်နှစ်များမှစကာ တိုးတက်မှုများရှိလာကာ အထင်ကရ ဥရောပအသင်းများနှင့် ကစားရာ၌ ထင်ရှားသောရလဒ်များ ရရှိနိုင်ခဲ့ပြီး ၂၀၀၇ တွင် ဖီဖာအဆင့် ၃၃ အထိ ရရှိခဲ့ပေသည်။ ရလဒ်ကောင်းမရရှိခဲ့သော နှစ်အနည်းငယ်ကြာပြီးနောက် ၂၀၁၇ တွင် ဖီဖာအဆင့် ၁၁၀ အထိ ကျဆင်းခဲ့ရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads