ဖလံခုံရွာ၊ ရေဦးမြို့နယ်
ရေဦးမြို့နယ်ရှိ ရွာ From Wikipedia, the free encyclopedia
ဖလံခုံရွာ (အင်္ဂလိပ်: Hpalankhon)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်(ယခင်)၊ ရေဦးခရိုင်(ယခု)၊ ရေဦးမြို့နယ်၊ ဖလံခုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၂၄၆ ဖြစ်သည်။ [1]
ဖလံခုံ ဖလံဂုဏ် | |
---|---|
ရွာ | |
ဖလံခုံရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°48′31″N 95°22′03″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ရွှေဘိုခရိုင် |
မြို့နယ် | ရေဦးမြို့နယ် |
ကျေးရွာအုပ်စု | ဖလံခုံ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဖလံဂုဏ်ရွာ(ရှေးအခေါ် ဗလသမာန်းကုန်းရွာ) ကို ရတနာပူရ အင်းဝစတုတ္ထနန်းတည် ဘကြီးတော် ဖန်နန်းရှင်မင်းတရား၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီဖြစ်သော မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဘေးတော်ကြီးဖြစ်သော ဗလသမာန်း အမည်ရှိ ဗိုလ်မှူးမင်းသားသည် သက္ကရာဇ် ၁၁၀၀ ပြည့်နှစ်တွင် နယ်မြေခံ ပုဂံအနွယ်တော်များနှင့် ပူပေါင်းဆောင်ရွက် တည်ထောင်ခဲ့ကြသော အိမ်ခြေ(၇၀၀)ခန့်ရှိ ရွာကြီးဖြစ်သည်။ ယခုအခါ အိမ်ခြေ ၂၅၀ ခန့်သာရှိတော့သည်။
ဓာတ်ပုံများ
- ဖလံဂုဏ်ရွာရှိ နန်းမတော်မယ်နု ကောင်းမှုတော်
- ဖလံဂုဏ်ရွာ ကန်ရေပြင်
- ဖလံဂုဏ်ရွာရှိ ရှေးဟောင်းစေတီပုထိုးများ
- ဖလံဂုဏ်ရွာရှိ စေတီများ
- ဖလံဂုဏ်ရွာရှိ ဘုန်းတော်ကြီးကျောင်း
- ဖလံဂုဏ်ရွာရှိ အပင်တစ်ပင်
- ဖလံဂုဏ်ရွာစေတီရှေ့ရှိ ခြင်္သေ့ကြီးနှစ်ကောင်
- ဖလံဂုဏ်ရွာစေတီရှေ့ရှိ ခြင်္သေ့ကြီးနှစ်ကောင်
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.