ဖောင်းပြင်မြို့နယ်

From Wikipedia, the free encyclopedia

ဖောင်းပြင်မြို့နယ်map
Remove ads

ဖောင်းပြင်မြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖောင်းပြင်မြို့ ဖြစ်သည်။

အချက်တိုများ ဖောင်းပြင်မြို့နယ်, နိုင်ငံ ...


Remove ads

သမိုင်း​ကြောင်း

‌ ‌ဖောင်းပြင်မြို့နယ်သည် ဒုတိယကုန်းဘောင်ခေတ်အထိ ထင်ရှားခဲ့ခြင်း မရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ဘောင်း​ပြင်ဟူသော အသုံးအနှုန်းအစား ဖောင်းပြင်ဟု ခေါ်ဆိုခဲ့သည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာ​ကြောင်းရေ(၄၂-၄၃) တွင်လည်း ဘောင်းပြင်မြို့ဟု ဖော်ပြထားသည့်ကို တွေ့ရှိရသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ​ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်​ဝေါ်သုံးစွဲလျက် ရှိကြသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊ ၃/၁၀၆/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ အတည်ပြု ဖွဲ့စည်းထားပြီး ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads