ဗမာနွယ်ဘာသာစကားများ
၆အ From Wikipedia, the free encyclopedia
Remove ads
ဗမာနွယ်ဘာသာစကားများသည် ဗမာစကားနှင့်ဆက်စပ်ဘာသာစကားများဖြစ်ကြသည်။ မြန်မာဘာသာစကား၊ ရခိုင်ဘာသာစကားနှင့် အခြားဗမာဒေသိယစကားများဖြစ်သော ထားဝယ်စကား စသည်တို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့တွင်ပြောဆိုသုံးနှုန်းပြီး စာအရေးအသားစနစ်မရှိသေးသည့် တိုင်းရင်းသားဘာသာစကားများဖြစ်သော မိုင်းသာစကား၊ မရူစကား၊ လရှီစကား နှင့် ဇိုင်ဝါးစကားတို့လည်းပါဝင်သည်။
Remove ads

Remove ads
ဘာသာစကားအမည်များ
ဗမာနွယ်ဘာသာစကားအုပ်စုဝင်တို့ကို ဘာသာစကားအမျိုးမျိုးမှ အမည်အမျိုးမျိုးဖြင့် သတ်မှတ်ခေါ်ဝေါ်ကြလေသည်။ (ဘရက်ဒလေ ၁၉၉၇)
ဇိုင်ဝါး(တရုတ်အခေါ် Xiaoshan 小山)၊ လော်ဝေါ်(တရုတ်အခေါ် Lang'e 浪峨)၊ လချိတ်(တရုတ်အခေါ် Chashan 茶山) နှင့် Pela လူမျိုးစုတို့သည် တရုတ်နိုင်ငံ၏ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များအဖြစ် တရားဝင်သတ်မှတ်ထားပြီး ဂျိန်ဖော့လူမျိုးစုအတွင်းတွင် ပါဝင်သည်။ တရုတ်တို့က ဂျိန်းဖောမျိုးနွယ်စုအားလုံးကို စုပေါင်း၍ Dashan 大山 ဟု ခေါ်ဝေါ်ကြသည်။
ဂျိန်ဖော့၊ ဇိုင်ဝါ၊ လော်ဝေါ်၊ လချိတ်စသည့် မျိုးနွယ်စုတို့သည် ကချင်တိုင်းရင်းသားတို့တွင်ပါဝင်ကာ မိုင်းသာလူမျိုးမှာ ရှမ်းတိုင်းရင်းသားတို့တွင်ပါဝင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးတွင်အပါအဝင်ဖြစ်ကြသည်။
:[၂]
Remove ads
ပါဝင်သည့်ဘာသာစကားများ
လာမာ (၂၀၁၂)
ဤအုပ်စုတွင်ပါဝင်သည့် ဘာသာစကားများ၏ အသံအနိမ့်အမြင့် (တက်ကျသံ) အပေါ်မူတည်၍ လာမာ (၂၀၁၂) က အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။
- ဗမာနွယ်
- ဗမာဘာသာဗဟိုချက်အုပ်စု (တောင်ပိုင်းဗမာနွယ်)
- မိုင်းသာ-ဇိုင်ဝါး (မြောက်ပိုင်းဗမာနွယ်)
- မိုင်းသာအုပ်စု
- ဇိုင်ဝါးအုပ်စု
- ပေါ်လာ (ပေါ်လာ)
- လရှီ-ဇိုင်ဝါး
- လရှီ (လချိတ်)
- မရူ၊ ဇိုင်ဝါး(အဇီး)
နိရှိဘာသာစကား (၁၉၉၉)
နိရှိစကားကို ဗမာနွယ်ဘာသာစကားတို့၏ရှေးဦးဘာသာစကားဖြစ်သော ရှေးမြန်မာစကား၏ စကားလုံးအသုံးအနှုန်းများမှတဆင့် ယနေ့ခေတ်ဗမာနွယ်ဘာသာစကားအသီးသီးတို့တွင် ပြောင်းလဲလာပုံအပေါ်တွင်အခြေခံ၍ ဗမာအုပ်စုနှင့် မရူအုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲခြားထားသည်။ ဗမာအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ ဗမာစကား၊ မိုင်းသာစကားနှင့် ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်တွင်နေထိုင်သော လူဦးရေ ၁၀၀ ခန့်ကသာပြောဆိုကြသော ရှန်းတောင်စကားတို့ဖြစ်ကြသည်။ မရူအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ အဇီး(ဇိုင်ဝါး)၊ လရှီ(လချိတ်၊ မရူနှင့် ပေါ်လာစကားတို့ဖြစ်ကြသည်။ ဗမာအုပ်စုဝင်ဘာသာစကားများစွာထဲမှ ရခိုင်စကားတွင် ရ နှင့် ယ တို့သည် အသံမတူညီသော ဗျည်းအက္ခရာများဖြစ်ကြသော်လည်း ဗမာစကားတွင်မူ ထိုဗျည်းနှစ်ခုစလုံးသည် ယ ဗျည်းသံအဖြစ်သို့ ပြောင်းလဲရောနှောသွားခဲ့ပြီး အခြားဗမာအုပ်စုဝင်ဘာသာစကားအများစုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထားဝယ်စကားတွင်မူ ကျောင်း ကို က္လောင်း၊ မြေ ကို မ္လေ စသည်ဖြင့် လဆွဲသံများကို ယနေ့အချိန်အထိ တွေ့ရှိနိုင်သေးသည်။ ရှေးမြန်မာစကားတွင် တွေ့ရှိရသော ယပင့်နှင့် ရရစ် ဗျည်းတွဲကိုမူ ဗမာအုပ်စုဝင်မည်သည့်ဘာသာစကားတွင်မှ မတွေ့ရတော့ပေ။ ဘိတ်စကားမှာမူ မြန်မာဒေသိယစကားများတွင် လေ့လာမှုအနည်းငယ်သာပြုလုပ်နိုင်သေးသည့် ဘာသာစကားတစ်ခုဖြစ်သည်။
- ဗမာစကား (ရုံးသုံးမြန်မာဘာသာနှင့် ရခိုင်ဘာသာစကား စသည်တို့ ပါဝင်သည်)
- မိုင်းသာစကား
- ရှန်းတောင်စကား
- ဖွန်းစကား
- ဓနုစကား
- မရူအုပ်စုဝင်ဘာသာစကားများ
- ဇိုင်ဝါး(အဇီး)
- ပေါ်လာစကား လရှီစကား
- မရူ(လော်ဝေါ်
ဘရက်ဒလေ (၁၉၉၇)
ဒေးဗဒ် ဘရက်ဒလေ က ထိုင်းနိုင်ငံအနောက်ပိုင်းတွင်ပြောဆိုသည့် ပျောက်ကွယ်လုနီးနီး လိုလို-ဗမာအုပ်စုဝင်ဘာသာစကားတစ်ခုဖြစ်သော ဥဂွန်စကားကို လိုလိုနွယ်အုပ်စုတွင်မထည့်သွင်းပဲ ဗမာနွယ်အုပ်စုတွင်ထည့်သွင်းထားသည်။
- ဥဂွန်-ဗမာနွယ်
- ဥဂွန်နွယ်
- ဗမာနွယ်
- ဗမာဘာသာစကား
- အခြားဗမာအုပ်စု
- ဖွန်း
- ဗမာနွယ် ဗဟိုချက်အုပ်စု
- မရူ၊ အဇီး
- လရှီ၊ မိုင်းသာ၊ ပေါ်လာ၊ ရှန်းတောင်
Remove ads
ပြောဆိုသူဦးရေ
ဗမာဘာသာစကား၏ မိခင်ဘာသာစကား ပြောသူအရေအတွက်သည် ၃၈,၈၀၀,၂၉၀ဦးအထိရှိရာ ၎င်းသည် ဗမာနွယ်စုစုပေါင်း (၄၃,၉၁၇,၃၀၆ဦး, ၁၀၀%) တွင် ၈၈.၃၄% ခန့်အထိ ပြောဆိုကြသည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ မိခင်ဘာသာစကား ပြောဆိုသူအရေအတွက်ကို အောက်တွင်ဖော်ပြထားသော ဗမာနွယ်ဘာသာစကားများ (၂၀၂၁-၂၂)
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads