ကောသမ္ဗီ

From Wikipedia, the free encyclopedia

ကောသမ္ဗီ
Remove ads

ကောသမ္ဗီမြို့

ယင်းမြို့သည် ဝံသတိုင်း မြို့တော်ဖြစ်၏ []

ယမုနာမြစ်ကမ်း၌ တည်ရှိ၍ ဗာရာဏသီမှ ရေလမ်းခရီးအားဖြင့် ယူဇနာ ၃၀-ကွာဝေး၏ []

ကောသမ္ဗီသည် ဂင်္ဂါမြစ်ကမ်း၌ တည်၏ဟု []-၌ ဆိုရာ ယမုနာမြစ်ကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်၏။

ကြို့ပင်များစွာ ပေါက်ရောက်ရာဖြစ်သောကြောင့် ကောသမ္ဗီ အမည်တွင်သည်။ ကုသုမ္ဗ (= ကုသမ္ဗ) ရသေ့၏ သင်္ခမ်း ကျောင်းအနီး၌ တည်ထောင် ဖန်ဆင်းခြင်းကြောင့် ကောသမ္ဗမည်၏ ဟူ၍လည်း အချို့ က ဆိုကြသည် []

ယခုအမည် “ကောဆမ်” ဖြစ်၍ မြို့ဟောင်းနေရာ၌ ကိုဆမ်ဣနာမ်, ကိုဆမ်ခိရာဂျ ရွာငယ် ၂-ခု တည်ရှိသည်။ ဧလာဟဘဒ်ခရိုင်၌ ပါဝင်သည် (ဗုဒ္ဓသာသနိကပဌဝီဝင်)။ []

Remove ads

ဘုရားရှင်လက်ထက်တော်အခါ

ဘုရားရှင် လက်ထက်၌ ယင်းမြို့ကို ပူရန္တပ္ပမင်းအုပ်စိုး၍ ထိုမင်းလွန်သောအခါ သားတော် ဥတေနမင်း အုပ်စိုးသည် []

အရှင်အာနန္ဒာက မြို့သိမ် မြို့ငယ်၌ ပရိနိဗ္ဗာန်မပြုပဲ မြို့ကြီးများ၌သာ ပရိနိဗ္ဗာန်ပြုတော်မူပါဟု ဘုရားရှင်အား လျှောက်ထားရာ၌ ကောသမ္ဗီသည် မြို့ကြီးစာရင်း အပါအဝင် ဖြစ်လေသည် []

ထိုမြို့၌ အာပတ်သင့် မသင့် ငြင်းခုံရာမှ အစပြု၍ သံဃာချင်း ကွဲပြားကာ အဓိကရုဏ်း ဖြစ်ပွါးသည်၊ ဘုရားရှင်သည် အဓိကရုဏ်းငြိမ်းစေရန် ရဟန်းတို့အား ဒီဃာဝုဝတ္ထု ဟောကြား၍ အကြိမ်ကြိမ် ဆိုဆုံးမပါသော်လည်း မလိုက်နာကြသောကြောင့် ကောသမ္ဗီမှထွက်ခါ၍ ဗာလကလောဏကရွာ, ပါစီနဝံသတောတို့ကို ဖြတ်သန်း၍ ပါလိလေယျကတောအုပ်သို့ ကြွတော်မူသည် [] စတင်ငြင်းခုံခြင်း၏ အကြောင်းကို မ၊ဋ္ဌ၊၂၊၂၉၁-ကြည့်။

Remove ads

ထင်ရှားသော ကျောင်းတိုက်များ

ယင်းမြို့၌ ဃောသိတသူဌေး ဆောက်လုပ်လှူဒါန်းသော ဃောသိတာရုံကျောင်းတိုက် ကုက္ကုဋသူဌေး ဆောက်လုပ် လှူဒါန်းသော ကုက္ကုဋာရုံ ကျောင်းတိုက်, ပါဝါရိကသူဌေးဆောက်လုပ် လှူဒါန်းသော ပါဝါရိကမ္ဗဝနကျောင်းတိုက်တို့ တည်ရှိသည် []

ဗဒရိကာရုံကျောင်းတိုက်လည်း ရှိသည် [၁၀] []

ဟောတော်မူသော သုတ္တန်များ

ဃောသိတာရုံကျောင်းတိုက်၌ ဘုရားရှင် အမှူးရှိသောရဟန်းသံဃာတို့ သီတင်းသုံးစဉ် ဇာလိယသုတ် [၁၁]

ကောသမ္ဗိယသုတ် [၁၂]

သန္ဒကသုတ် [၁၃]

ကောသမ္ဗိသုတ် [၁၄]

ခေမကသုတ် [၁၅]

ဥပဝါနသုတ် [၁၆]

ပိဏ္ဍောလဘာရဒွါဇသုတ် [၁၇]

ဥဏ္ဏာဘဗြာဟ္မဏသုတ်[၁၈]

ကမ္ဗောဇသုတ် [၁၉]

ကကုဓထေရသုတ်[၂၀]

ဘဒ္ဒဇိသုတ် [၂၁]

အနုရုဒ္ဓသုတ် [၂၂]

အာနန္ဒသုတ်[၂၃]တို့ကို

(အချို့သုတ်ကို ဘုရားရှင်, အချို့သုတ်ကို သာဝကတို့ ဟောကြားသည်။ (အခြား ကျောင်းတိုက်၌ သီတင်းသုံးစဉ် ဟောကြားသော ဇာတ်ဝတ္ထုအနည်းငယ်သာ တွေ့ရ၍ ဘုရားရှင်သည် အများအားဖြင့် ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးသည်ဟု ယူဆဖွယ်ရာရှိ၏။)[]

Remove ads

ဟောတော်မူသောတရားနှင့် မဟောသောတရား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads