ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း(စစ်တွေ)
From Wikipedia, the free encyclopedia
Remove ads
ဗျူးပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံး၊ ဘင်္ဂလားပင်လယ်အော်နှင့် ကုလားတန်မြစ်ကြား တွင်တည်ရှိပြီး ပွိုင့်ကမ်းခြေဟုလည်းခေါ်ဆို့သည်။ ပွိုင့်ဟုခေါ်ဆို့ရခြင်းမှ မြို့၏အစွန်ဆုံးအပိုင်းတွင် ရှိသောကြောင့် ဖြစ်သည်။

ထိုကမ်းခြေတွင် ရှုခင်းကြည်ရန် ရင်ပြင်ကျယ်တခုရှိပြီး ရှုခင်းကြည့် တာဝါတခု၊ မီးပြတိုက်တခု၊ ရခိုင့်ရိုးရာ အထိမ်းအမှတ် သင်္ကေတဖြစ်သည့် နဝရူပ ဗျာလ် ရုပ်တု တခု နှင့် နပန်းထိုးသတ်နေသည့်ဟန် ရခိုင့်ရိုးရာ ကျင် ရုပ်တုကိုလည်း တွေ့နိုင်သည်။ ၎င်းအပြင် ရင်ပြင်တွင် ပလွေမှုတ်နေဟန် ရုပ်တုကြီး တခုနှင့် ၅ပေခန့်ရှည်သောရှေးဟောင်းအမြောက်တစ်ခုရှိသည်။
ထိုရင်ပြင်၏အစွန်သည် တောင်ဘက်စွန်းစွန်းသို့ ဦးတည်လျက်ရှိပြီး ထိုတည့်တည့်တွင် လေးချမ်းတောင် ဟုခေါ်သော မီးပြတိုက်ဟောင်းတခု တည်ရှိသည်။[၁]
ဓညဝတီရေတပ်စခန်းသည့် ပွိုင့်ကမ်းခြေအနီးတွင် တပ်စွဲလျက်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads