ဗြဟ္မဇာလသုတ်

From Wikipedia, the free encyclopedia

Remove ads

သီလက္ခန္ဓဝဂ်၌ ဗြဟ္မဇာလသုတ်သည် အဦးဆုံးသုတ်ဖြစ်သည်။ ဤသုတ်သည် ဘာသာရေးသမိုင်းမှကြည့်လျှင် အထူးအရေးကြီးသည်။ ဗုဒ္ဓဘာသာရဟန်းတို့ ကျင့်ကြံလိုက်နာရမည့်စည်းမျဉ်းများ၊ ဗုဒ္ဓဘာသာရဟန်းတို့ ရှောင်ကြဉ်အပ်သည့် အလုပ်အကိုင်အမျိုးမျိုး၊ အသက်မွေးဝမ်းကျောင်းအမျိုးမျိုး၊ ထိုခေတ်ထိုအခါက သမဏ၊ဗြဟ္မဏတို့၏ အယူဝါဒအမျိုးမျိုးကို မြတ်စွာဘုရားသည် စုံလင်စွာ ပေါင်းစု ဟောကြားခဲ့သည်။ "သဿတဝါဒ" "ဥစ္ဆေဒဝါဒ" စသော ထိုခေတ်ထိုအချိန် အိန္ဒိယ ပြည်၌ ထွန်းကားလျက် ရှိသော ၆၂ ပါးသောအယူဝါဒများအကြောင်းကိုလည်း ဤသုတ်၌ပင် မြတ်စွာဘုရား ရှင် ဆွေးနွေးဖော်ပြထားသည်။

Remove ads

သမိုင်းတန်ဖိုး

အထူးသဖြင့် သီလနှင့် ပတ်သက်သော အခန်းတွင် လူအမျိုးမျိုး၏အခြေအနေ၊ အနုပညာအမျိုးမျိုး၊ လက်မှုပညာအမျိုးမျိုး၊ ကစားခုန်စားနည်းအမျိုးမျိုး၊ ပျော်ပါးမှုအမျိုးမျိုး၊ ယဇ်ပူဇော်နည်းအမျိုးမျိုး၊ လူတို့၏ အလုပ်အကိုင်အမျိုးမျိုး၊ နေ လ နက္ခတ်တာရာ ဖတ်နည်းအမျိုးမျိုး၊ စာရင်းကိုင်ပညာ၊ နိုင်ငံရေး၊ ဆေးပညာ၊ ခွဲစိပ်ကုသနည်း၊ ဗိသုကာအတတ်၊ လက္ခဏာဖတ်နည်း၊ အမှတ်အသား အရိပ်အခြေကိုကြည့်၍ နိမိတ်ဖတ်နည်း၊ အင်္ဂဝိဇ္ဇာဟောနည်း၊ မင်္ဂလာအခမ်းအနားရွေးနည်း၊ စစ်ရပ်စဲနည်း၊ အိပ်မက်ဖတ်နည်း၊ ဂါထာမန္တရားရွတ်ဆိုကာ ကိုယ်ဝန်စောင့်ထိန်းနည်း၊ နတ်တို့နှင့်ပတ်သက်သော အယူအဆအမျိုးမျိုး ကို မြတ်စွာဘုရားသည် ဤသုတ်တွင် အသေးစိတ် ဟောကြားခဲ့သည်။

Remove ads

တရားဟောရခြင်းအကြောင်းရင်း

ဗြဟ္မဇာလ သုတ်ကို ဟောပြောရခြင်း၏ အကြောင်းရင်းမှာ သမဏဂိုဏ်းဝင် "သုပ္ပိယ"၏တပည့်ဖြစ်သူ "ဗြဟ္မဒတ္တသည် မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆို သောအခါ "သုပ္ပိယ"သည် မြတ်စွာဘုရား၏အကြောင်း မကောင်းပြောသောကြောင့် ဖြစ်သည်။

ဗြဟ္မဇာလ အမည်တွင်ပုံ

ကျွမ်းကျင်လိမ္မာသော တံငါသည်သည် ကြီးငယ်မရွေး ငါးဟူသမျှကို သူ၏ကွန်ရက်ဖြင့် ဖမ်းမိနိုင်သကဲ့သို့ ဗုဒ္ဓမြတ်စွာသည်လည်း မိမိ၏မွန်မြတ်သိမ်မွေ့လှသော တရားကွန်ရက်တွင် အဘိဓမ္မာဆရာကြီးများနှင့် ဂိုဏ်းဆရာကြီးများအား သိမ်းသွင်းနိုင်ခြင်းကြောင့် ဤသုတ်သည် ဗြဟ္မဇာလသုတ်ဟူ၍ ထင်ရှားသည်။ (ဓမ္မဇာလ၊ အတ္ထဇာလ၊ ဒိဋ္ဌိဇာလ၊ အနုတ္တရသင်္ဂါမ ဝဇယသုတ်ဟူ၍လည်း ကျော်ကြားသည်။)

သမဏ၊ ဗြဟ္မဏတို့၏ အယူဝါဒ အကျိုးမဲ့ပုံ

ဗြဟ္မဏတို့နှင့် အခြားဂိုဏ်းဝင် သမဏတို့ ယုံကြည်ကြသော အယူဝါဒတို့သည် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်စွမ်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်'အတ္တ'က တစ်နည်းတစ်လမ်းအားဖြင့် အစစ်အမှန်ကဲ့သို့ ယူဆထင်မှတ်နေကြသောကြောင့် ဖြစ်သည်။ အတ္တကို လုံးဝမပယ်ဖျောက် မဖျက်စီးပဲ နိဗ္ဗာန်သို့ မရောက်နိုင်ပေ။

ကြည်ညိုဖွယ် မြတ်ဗုဒ္ဓ

ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် "စံထားရာ ကျင့်ဝတ်စောင့်ထိန်းသူ ပုဂ္ဂိုလ်ထူး"အဖြစ်သာမက ထိုခေတ်အခါက ပေါ်ပေါက်ထွန်းကားလာကြသော ခေတ်ပြိုင် အဘိဓမ္မာဆရာကြီးတို့ထက် အဆပေါင်းများစွာ ထူးကဲသာလွန်သော အဘိဓမ္မာဆရာကြီးအဖြစ် ထင်ရှားသည်။ မြတ်စွာဘုရားသည် ကျင့်ဝတ်သီလများကို သူမတူအောင် အစွမ်းဆုံး စောင့်ထိန်းခဲ့ရုံမျှမက တုဘက်ကင်းသော အဘိဓမ္မမာဆရာကြီးအဖြစ် "ဒိဋ္ဌိအယူဝါဒ အားလုံး" တို့ကို သုတ်သင် ရှင်းလင်းတော်မူခဲ့သည်။

အတ္တကိုပယ်ဖျက်မှသာလျှင် နိဗ္ဗာန်ကိုရနိုင်မည်ဖြစ်ကြောင်း၊ မည်သိုသောနည်းနှင့်ဖြစ်ဖြစ် အတ္တကို တိုက်ခိုက်သုတ်သင်ရမည်ဖြစ်ကြောင်း မြတ်စွာဘုရားက ဤဗြဟ္မဇာလသုတ်တွင် အတိအလင်း ကြေညာတော်မူခဲ့သည်။ []

Remove ads

ဗြဟ္မဇာလသုတ် ဖွဲ့စည်းပုံ‬

ဗြဟ္မဇာလသုတ်ကို စာပိုဒ်ပေါင်း ၁၄၉-ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။[] (ယှဉ်ကြည့်မည်ဆိုလျှင် ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌလာ ရတနသုတ်သည် ၁၈-ပိုဒ်သာ ပါဝင်သည်။[])

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, စာပိုဒ်ရေ ...

အရှည်ဆုံးအပိုင်း မိစ္ဆာဒိဋ္ဌိ ပြခန်း၌ ၇၇-ပိုဒ်ပါဝင်ပြီး၊ ပုဗ္ဗန္တာနုဒိဋ္ဌိ တစ်ဆယ့်ရှစ်မျိုးနှင့် အပရန္တာနုဒိဋ္ဌိ လေးဆယ့်လေးမျိုး၊ စုစုပေါင်း ၆၂-မျိုးတို့ကို ဖော်ပြထားသည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads