ဗြဟ္မဇာလသုတ် နိဒါန်း

From Wikipedia, the free encyclopedia

Remove ads

ဗြဟ္မဇာလသုတ် နိဒါန်းပိုင်းတွင် မြတ်စွာဘုရားသည် သူ၏ တပည့် ရဟန်းသံဃာများနှင့်အတူ ရာဇဂြိုဟ်(ပြည်)နှင့် နာဠန္ဒာ (မြို့) အကြား၌ ခရီးရှည်ကြွနေစဉ်၊ သုပ္ပိယပရိဗိုဇ်နှင့် သူ၏တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်တို့သည်လည်း ခရီးလမ်းတူနေကြသဖြင့် မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ၏ နောက်မှ အစဉ်လိုက်ကုန်၏။ ထိုခရီးစဉ်အတွင်း သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏ အပြစ်ကို များစွာပြောပြီး၊ ဗြဟ္မဒတ်လုလင်မှာကား ဘုရား တရား သံဃာ၏ ဂုဏ်ကို များစွာပြော၏။ ဤသို့ဆရာတပည့်နှစ်ဦး တိုက်ရိုက်ဆန့်ကျင်သော စကားကိုပြောဆိုမှုကို ရဟန်းသံဃာများအချင်းချင်း စုဝေးပြောဆိုနေသည်ကို မြတ်စွာဘုရားကတွေ့သဖြင့်၊ ဘုရား တရား သံဃာတို့အား အပြစ်ပြောခြင်းအပေါ် စိတ်နှလုံးမသာကြလျှင် ကိုယ့်ကိုယ်ကိုယ်ပင် အန္တရာယ် ဖြစ်စေပြီး၊ သူတစ်ပါးတို့၏ စကားကောင်းဆိုးကိုလည်း မခွဲနိုင်၊ ထိုကြောင့် မဟုတ်သည်ကို မဟုတ်သည့်အတိုင်းဖြေရှင်းရန် ထိုရဟန်းတို့အား ဟောကြားသည်။ ထို့အတူ ဘုရား တရား သံဃာတို့၏ ဂုဏ်ကိုပြောခြင်းအပေါ်လည်း စိတ်တက်ကြွခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မဖြစ်စေသင့်၊ ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း ဝန်ခံလိုက်ရန်သာ ထိုရဟန်းတို့အား ဟောကြားသည်။

Remove ads

ဗြဟ္မဇာလသုတ် ပရိဗ္ဗာဇကကထာနှင့် မြန်မာပြန် (နိဒါန်း)

နောက်ထပ် အချက်အလက်များ စဉ်, ပါဠိ ...
Remove ads

မှတ်စု

  1. အနုဗဒ္ဓါ (က-သီ၊ဣ)
  2. ဥပဂဉ္ဆိ (သီ၊ သျာ၊ ကံ၊ ဣ)
  3. မင်းကွန်း = မင်းတို့၏ နားနေရန် ပြုလုပ်ထားသော အဆောက်အအုံ။
  4. အကြားစကား ဟူသည် = ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်း စသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလသုတ်ဖွင့် အဋ္ဌကထာ)၊ ငါဘုရားမလာမီ အကြား၌ ဖြစ်သောစကား (ပေါဋ္ဌပါဒသုတ်ဖွင့် အဋ္ဌကထာ)။

ဆက်စပ်စာမျက်နှာများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads