ဗြဟ္မဇာလသုတ် စူဠသီလခန်း

From Wikipedia, the free encyclopedia

Remove ads

ဗြဟ္မဇာလသုတ် စူဠသီလခန်း၌ ပုထုဇဉ်တစ်ယောက်သည် ဘုရား၏ဂုဏ်ကို အနိမ့်ဆုံးအနေဖြင့် စောင့်ထိန်းအပ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ချီးမွမ်းပြောဆိုနိုင်သည်ကို အကျယ်ရှင်းပြထားသည်။ အကျဉ်းအားဖြင့်ဆိုသော် (မိစ္ဆာကမ္မန္တဖြစ်သော) ပါဏာတိပါတ၊ အဒိန္နာဒါန နှင့် အဗြဟ္မစရိယအမှု၊ (မိစ္ဆာဝါစာဖြစ်သော) မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊ မျိုးစေ့အပင်တို့ကို ဖျက်ဆီးခြင်း၊ နေလွဲညစာစားခြင်း၊ ပွဲကြည့်ခြင်း၊ ပန်းနံ့သာတို့ဖြင့် ဖြီးလိမ်းပြင်ဆင်ခြင်း၊ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်း၊ ရွှေငွေတို့ကို ခံယူခြင်း၊ (မိစ္ဆာအာဇီဝဖြစ်သော) မမှန်ကန်သော အသက်မွေးမှု ပြုခြင်းတို့မှ မြတ်စွာဘုရားသည် လုံးဝရှောင်ကြဉ်ခြင်း ဟူသည့်ဂုဏ်နှင့်ပြည့်စုံကြောင်းကို ပုထုဇဉ်တစ်ယောက်မှ ချီးမွမ်းပြောဆိုနိုင်သည်ဟု ဟောပြထားသည်။ အသေးစိတ်ကို အောက်မှမြန်မာပြန်တွင် တွေ့ရှိနိုင်သည်။

Remove ads

ဗြဟ္မဇာလသုတ် စူဠသီလခန်း ပါဠိနှင့် မြန်မာပြန်

နောက်ထပ် အချက်အလက်များ စဉ်, ပါဠိ ...
Remove ads

မှတ်စု

  1. ပုထုဇဉ် = အရိယာမဟုတ်သူများ။
  2. အနာစာရီ (က)
  3. ပဋိဝိရတော (ကတ္ထစိ)
  4. ဌေတော (သျာ၊ ကံ)
  5. သမာရဗ္ဘာ (သီ၊ က)
  6. ပဋိဝိရတော (ကတ္ထစိ)
  7. နစ္စဂီတဝါဒိတဝိသုကဒဿနာ (က)
  8. သာဝိယောဂါ (သျာ၊ကံ၊က)
  9. ကောက်စိမ်း = ဟူသည် ၁-သလေး (ကောက်ကြီး)၊ ၂-ကောက်လတ် (ကောက်ကြမ်း)၊ ၃-လူး၊ ၄-နတ်ကောက် (ဂျုံ)၊ ၅-ပြောင်း၊ ၆-မုယော (ဗာလီ)၊ ၇-ဆပ် ဤစပါး ခုနစ်မျိုးတည်း။

အခြားအဓိပ္ပာယ် ဖွင့်ဆိုချက်များ

ဗုဒ္ဓဂုဏ်တော်ကို ချီးမွမ်းရာတွင် အကျယ်ချဲ့၍ ပြောခြင်းမဟုတ်ပဲ အကျဉ်းမျှသာ ပြောနိုင်သူတို့အတွက် ထို အကျဉ်းပြောအပ်သောသီလကို "စူဠသီလ = သီလငယ်"ဟု နာမည်တပ်၍ ကန့်သတ်ခွဲခြားထားသည်။[]"ရဟန်းဂေါတမသည် သူ့အသက်ကို မသတ်၊ မိစ္ဆာဇီဝမှုကို မပြု"စသော ဂုဏ်ကလေးများကား သစ္စာလေးပါးစသောတရားထူးများကို ဟောကြားသော သဗ္ဗညုတာဉာဏ်တော်နှင့်ယှဉ်ကြည့်လျှင် အလွန်အောက်ကျသော ကိုယ်ကျင့်သီလကလေးမျှသာ ဖြစ်သည်။ ထိုဂုဏ်ကလေးများဖြင့် ချီးမွမ်းနေခြင်းကား သာသနာ့အပြင်ဘက်က ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့၏ အမြင်ဖြင့် အပေါ်ယံ ချီးမွမ်းခြင်းသာ ဖြစ်လေသည်။[]

ဆက်စပ်စာမျက်နှာများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads