ဗြိတိသျှဓနသဟာယ
ယခင်ဗြိတိသျှကိုလိုနီနိုင်ငံအများစုပါဝင်သော နိုင်ငံတကာအဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
ဓနသဟာယဘုံ နှင့် မရောထွေးပါနှင့်။
ဗြိတိသျှဓနသဟာယ(အင်္ဂလိပ်: Commonwealth of Nations)သည် ဗြိတိသျှ နေမဝင် အင်ပါယာထဲတွင် ပါဝင်ခဲ့သော နိုင်ငံများကို စုစည်း၍ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ မူလက ဗြိတိသျှ ဓနသဟာယ နိုင်ငံများအဖွဲ့ ဟုခေါ်ဆိုခဲ့ပြီး ၁၉၂၆ ခုနှစ် ဗြိတိသျှ အင်ပါယာ စတင် မပြိုကွဲခင် အချိန်တွင် ဖွဲ့စည်းခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၅၃နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ မိုဇမ်ဘစ် နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများမှာ ဗြိတိသျှ ကိုလိုနီဟောင်းများ ဖြစ်သည်။ ထို အဖွဲ့သည် စီးပွားရေး၊ ကျန်းမာရေးနှင့် ဆင်းရဲမှု တိုက်ဖျက်ရေး စသည့် အရေးကြီးလုပ်ငန်းများတွင် လက်တွဲ လုပ်ဆောင်ကြသည်။
Remove ads
Remove ads
သမိုင်းကြောင်း
ဓနသဟာယ နိုင်ငံများအဖွဲ့ ဟူသော အကြံအစည် ကို ၁၈၈၄ တွင် လော့ဒ် ရို့စ်ဘရီ အာချီဘော ပရီမို့စ် က ဩစတြေးလျ နိုင်ငံသို့ အလည်ရောက်ရှိစဉ် စတင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ နောင်တချိန် တွင် ဗြိတိသျှ ကိုလိုနီများ လွတ်လပ်ရေး ရလာနိုင်ကြောင်း နှင့် ထိုနိုင်ငံများ စုစည်း၍ ဓနသဟာယ နိုင်ငံများအဖွဲ့ ဖွဲ့စည်းဖို့ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ရည်ရွယ်ချက်
ဓနသဟာယ နိုင်ငံများအဖွဲ့သည် နိုင်ငံရေးအဖွဲ့ မဟုတ်ပေ။ ဓနသဟာယ နိုင်ငံများအဖွဲ့(the Commonwealth of Nations)၏ အကြီးအကဲအဖြစ်ထမ်းဆောင်ရသော ဗြိတိသျှဘုရင်မကြီး အဲလိဇဘက် (၂)သည် ဤလွတ်လပ်သောအဖွဲ့အစည်း၏ ပြယုတ်အမှတ်သင်္ကေတလည်းဖြစ်၏။ သို့သော် နိုင်ငံရေး၊ အုပ်ချုပ်ရေးအာဏာသက်ရောက်မှုမရှိပေ။ ပြယုတ်သဘောသာဖြစ်ပေသည်။ ထို့ပြင် သူသည် အဖွဲ့ဝင် ၁၆နိုင်ငံ ဖြစ်သော ဓနသဟာယဘုရင့်နိုင်ငံများအဖွဲ့(Commonwealth realm)[မှတ်စု ၁] ၏ (အခြေခံဥပဒေအရ)နိုင်ငံတော်အ၏ စည်းမျဉ်းခံဘုရင်နှင့် အကြီးအကဲလည်း ဖြစ်သည်။ သို့သော် အတွင်းရေးမှူးသည်သာ အဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်သည်။ သို့သော် ဗြိတိသျှနိုင်ငံ သို့မဟုတ် အတွင်းရေးမှူးသည် ထိုနိုင်ငံများအပေါ် မည်သည့် ထိန်းချုပ်မှုမျိုးကို မှ မလုပ်ဆောင်နိုင်ပေ။ ၅၃ နိုင်ငံလုံး နီးပါး သည် လွတ်လပ်သော နိုင်ငံများ အဖြစ်ရပ်တည်နေပြီး ၎င်းတို့၏ ကိုယ်ပိုင် အစိုးရလည်း ရှိသည်။ ထိုနိုင်ငံများသည် တူညီသော ရည်မှန်းချက်များ ကို လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ရည်မှန်းချက် အချို့မှာ −
- အဖွဲ့ဝင် နိုင်ငံများကြားတွင် စီးပွားရေး ဆိုင်ရာများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊
- အဖွဲ့ဝင် နိုင်ငံများကြားတွင် ဒီမိုကရေစီ ကို မြှင့်တင်ပေးရန်၊
- အဖွဲ့ဝင် နိုင်ငံများသည် လူ့အခွင့်အရေး ကို လေးစားလိုက်နာရန် စသည်တို့ ဖြစ်ကြသည်။
Remove ads
အဖွဲ့ဝင်နိုင်ငံများ
အင်တီဂွါနှင့် ဘာဘူဒါ
ဩစတြေးလျ
ဘဟားမား
ဘင်္ဂလားဒေ့ရှ်
ဘာဘေးဒိုးစ်
ဘလိဇ်
ဘော့ဆွာနာ
ဘရူနိုင်း
ကင်မရွန်း
ကနေဒါ
ဆိုက်ပရပ်စ်
ဒိုမီနီကာ
ဖီဂျီ
ဂမ်ဘီယာ
ဂါနာ
ဂရီနေဒါ
ဂိုင်ယာနာ
အိန္ဒိယ
ဂျမေကာ
ကင်ညာ
ကီရီဘတ်စ်
လီဆိုသို
မာလဝီ
မလေးရှား
မော်လတာ
မောရစ်ရှ
မိုဇမ်ဘစ်
နမီးဘီးယား
နအူရူးနိုင်ငံ
နယူးဇီလန်
နိုင်ဂျီးရီးယား
ပါကစ္စတန်
ပါပူအာ နယူးဂီနီ
ရဝမ်ဒါ
စိန့်ကစ်နှင့် နီးဗစ်
စိန့်လူစီယာ
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်
ဆမိုးအား
ဆေးရှဲ
ဆီရာလီယွန်
စင်ကာပူ
ဆော်လမွန်ကျွန်းစု
တောင်အာဖရိက
သီရိလင်္ကာ
အဲ့စ်ဝါတီးနီ
တန်ဇေးနီးယား
တုံဂါနိုင်ငံ
ထရီနီဒတ်နှင့် တိုဘက်ဂို
တူဗားလူ
ယူဂန်းဒါး
ယူနိုက်တက်ကင်းဒမ်း
ဗနွားတူနိုင်ငံ
ဇမ်ဘီယာ
သိမှတ်ဖွယ်ရာ အချက်အချို့
- ထို ၅၃ နိုင်ငံ ၏ လူဦးရေ သည် ၁.၉၇၅ ဘီလျှံ ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၃၁% (၃ ပုံ ၁ ပုံ နီးပါး) ရှိသည်။
- လူဦးရေ အများဆုံး နိုင်ငံ ၄ ခုမှာ အိန္ဒိယ ၁.၁ ဘီလျှံ၊ ပါကစ္စတန် ၁၆၀ မီလျှံ၊ ဘင်္ဂလားဒေ့ရှ် ၁၄၀ မီလျှံ နှင့် နိုင်ဂျီးရီးယားနိုင်ငံ ၁၃၇ မီလျှံ တို့ ဖြစ်ကြသည်။
- တူဗားလူနိုင်ငံသည် လူအနည်းဆုံး အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး လူဦးရေ ၁၁၀၀၀ သာ ရှိသည်။
- ထို ၅၃ နိုင်ငံ ၏ ကုန်းမြေဧရိယာ စုစုပေါင်းမှာ ၁၂.၁ မီလျှံ စတုရန်းမိုင် ရှိပြီး ကမ္ဘာ့၏ ၂၁ % (၅ ပုံ ၁ ပုံ )ရှိသည်။
- အဖွဲ့ဝင်များထဲ တွင် အကြီးဆုံးနိုင်ငံများမှာ ကနေဒါ ဖြစ်ပြီး ၃.၈ မီလျှံ စတုရန်းမိုင်၊ ဩစတြေးလျ ၃ မီလျှံ စတုရန်းမိုင် နှင့် အိန္ဒိယ ၀.၇၁၄ မီလျှံ စတုရန်းမိုင် ရှိကြသည်။
- အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးမှာ ကမ္ဘာ့စီးပွားရေး ၏ ၁၆ % ရှိသည်။
Remove ads
မြန်မာနိုင်ငံနှင့် ဓနသဟာယ နိုင်ငံများအဖွဲ့
မြန်မာနိုင်ငံ သည် လည်း လွတ်လပ်ရေး ရရန်ညှိနိုင်းမှုများ ပြုလုပ်စဉ်အခါ က ဓနသဟာယ နိုင်ငံများအဖွဲ့ သို့ဝင်ရန် အခွင့်အရေး ရသော်လည်း မဝင်ရောက်ခဲ့ပေ။
မှတ်စု
- Commonwealth realmနှင့် Commonwealth of Nations ကိုမရောထွေးပါနှင့်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads