ဘယ်လ်ဂျီယမ်နိုင်ငံ
အနောက်မြောက်ဥရောပနိုင်ငံ From Wikipedia, the free encyclopedia
Remove ads
ဘယ်လ်ဂျီယံနိုင်ငံ ၏ တရားဝင်အမည်မှာ ဘယ်လ်ဂျီယံ ဘုရင့်နိုင်ငံဖြစ်သည်။ အနောက်ဥရောပရှိ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခု ဖြစ်၍ ဘယ်လ်ဂျီယမ် ဘုရင်မင်းမြတ်သည် ဖီးလစ်ပ် ဘုရင် ဖြစ်သည်။[၉] ဥရောပသမဂ္ဂ ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသောတိုင်းပြည်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဥရောပသမဂ္ဂ၊ နေတိုး နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများစွာတို့အတွက် ဌာနချုပ်ရုံးများ တည်ရှိရာ တိုင်းပြည်လည်းဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၃၀၅၂၈ ကျယ်ဝန်းပြီး၊ လူဦးရေ စုစုပေါင်း ၁၀.၈သန်းခန့်ရှိသည်။ ဂျာမန်ယဉ်ကျေးမှုနှင့် လက်တင်ဥရောပ ယဉ်ကျေးမှုနှစ်ရပ်ကြားရှိနိုင်ငံဖြစ်သောကြောင့် ဘယ်လ်ဂျီယံသားတို့တွင် ဘာသာစကားမျိုးစုံ ပြောဆိုကြသည်။ အဓိကအားဖြင့် ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုး နှင့် ပြင်သစ်စကားပြော ဝါလွန်း လူမျိုး တို့ဖြစ်ပြီး ဂျာမန်စကားပြောများလည်း အနည်းငယ်ရှိသေးသည်။ ဘယ်လ်ဂျီယံ၏ အကြီးဆုံးဒေသကြီးများမှာ ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုးများနေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ဖလန်းဒါးစ်နယ် နှင့် ပြင်သစ်စကားပြော ဝါလွန်းလူမျိုးများနေထိုင်ရာ နိုင်ငံတောင်ပိုင်းရှိ ဝါလိုနီးယားနယ် တို့ဖြစ်ကြသည်။ မြို့တော်ဖြစ်သော ဘရပ်ဆဲလ်တွင် ပြင်သစ်စကားပြော ဖလင်းမစ်ရှ်လူမျိုးက အများစုဖြစ်သည်။ ဂျာမန်စကားပြော လူနည်းစုကမူ ဝါလိုနီးယားနယ်၏ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။ [၁၀][၁၁][၁၂] ဘယ်လ်ဂျီယမ်၏ ဘာသာစကားကွဲပြားမှုကြောင့် နိုင်ငံရေးနှင့်ယဉ်ကျေးမှုပဋိပက္ခများကို ဖြစ်ပေါ်စေပြီး အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံများမှာ အနည်းငယ်မျှ ရှုပ်ထွေးနေသည်။ [၁၃]
ဘယ်လ်ဂျီယမ်ဟူသော ဝေါဟာရမှာ ဂယ်လီယာ ဘယ်လ်ဂျီကာ ဟူသော စကားလုံးမှ ဆင်းသက်လာခဲ့သည်။ ရောမအင်ပါယာခေတ်က မြောက်ဘက်အစွန်ဆုံးကျသော ဘယ်လ်ဂျေးလူမျိုးများ နေထိုင်ရာ ဂေါလ်နယ် ဖြစ်သောကြောင့် ယင်းသို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ဘယ်လ်ဂျေးလူမျိုးဟူသည်မှာ ဆဲ့လ်ထ် လူမျိုးနှင့် ဂျာမန်အနွယ် လူမျိုးများ သွေးနှောရာမှ ပေါက်ပွားလာခဲ့ခြင်းဖြစ်သည်။ [၁၄] သမိုင်းကြောင်းအရ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံ အစရှိသည့် (၃)နိုင်ငံကို နိုင်ငံကျ ဟုခေါ်ဆိုခဲ့ကြသည်။ အလယ်ခေတ်အကုန်မှ ၁၇ရာစုနှစ်အတောအတွင်း ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးစည်ကားရာ ဒေသဖြစ်ခဲ့သည်။ ၁၆ရာစုနှစ်မှ ၁၈၃၀ ဘယ်လ်ဂျီယမ်တော်လှန်ရေး ကာလအထိ ယင်းဒေသတွင် ဥရာပမှ အင်အားကြီးနိုင်ငံတို့၏ စစ်မက်ဖြစ်ပွားရာ စစ်တလင်းပြင် ဖြစ်ခဲ့သည်။ [၁၅]
Remove ads
သမိုင်း
၁၈၃၀ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီ ၁၈၃၉ ခုနှစ်တွင် ဘယ်လ်ဂျီယမ်ဘုရင့်နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင် စက်မှုတော်လှန်ရေးကို တက်ကြွစွာဆင်နွှဲခဲ့သည်။ [၁၆] ၂၀ရာစုခေတ်တွင် အာဖရိကတွင် ဘယ်လ်ဂျီယမ်ကိုလိုနီနယ်များ အများအပြားပိုင်ဆိုင်ခဲ့သည်။ [၁၇]၂၀ရာစုနောက်ပိုင်းတွင် ယဉ်ကျေးမှု မတူခြင်းနှင့် ဖလန်းဒါးစ်နယ်၏ စီးပွားရေး မညီမျှခြင်းတို့ကြောင့် ဖလင်းမစ်ရှ် နှင့် Francophones (ပြင်သစ်စကားပြော) တို့ကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ယင်းပဋိပက္ခများမှာ ယခုချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခင်က စည်းလုံးညီညွတ်ခဲ့သော ဘယ်လ်ဂျီယမ်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် အခက်အခဲများရှိနေစေသည်။ ကမ္ဘာစစ်ကြီးနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ပိုတက်လာခဲ့သည်။ ၁၉၇၀ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်အကြားတွင် ဖက်ဒရယ်တည်ဆောက်ပုံစနစ်အသစ်သို့ ပြောင်းလဲတည်ဆောက်ခဲ့သည်။ ဥရောပသမဂ္ဂ တည်ထောင်သူနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့သည်။ [၁၈]
Remove ads
ပထဝီ
ဘယ်လ်ဂျီယမ်နိုင်ငံသည် နယ်သာလန်၊ ဂျာမနီ၊ လူဇင်ဘတ်နှင့် ပြင်သစ်တို့နှင့် နယ်နိမိတ်ချင်းဖြစ်သည်။ မြို့တော် ဘရပ်ဆဲလ်မြို့သည် ဥရောပသမဂ္ဂ စသောနိုင်ငံတကာအဖွဲ့အစည်းများစွာ၏ ရုံးချုပ်ဖြစ်သည်။ လူဦးရေ ၁၁ သန်းကျော်ရှိပြီး၊ ပြင်သစ်၊ ဒတ်ချ်၊ ဂျာမန် ဘာသာများကို သုံးစွဲသည်။ ယူရိုငွေကြေးကို အသုံးပြုသည်။
ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆၀ ရာခိုင်နှုန်း၊ ဘာသာမဲ့ ၃၁ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၇ ရာခိုင် ရှိသည်။[၁၈]
Remove ads
အစိုးရ
ဘယ်လ်ဂျီယမ်နိုင်ငံသည် ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်နိုင်ငံဖြစ်သည်။ လူမျိုးစုများ၊ ဒေသများ ဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုဖြစ်သည်။ ဖက်ဒရယ်အဆင့်မှာ နိုင်ငံတကာရေး၊ ကာကွယ်ရေး စသည့် အရေးကြီးကိစ္စကို အုပ်စိုးပြီး အုပ်စုများ၊ ဒေသများသည် ၎င်းတို့နှင့် သက်ဆိုင်ရာ ခွဲဝေကျင့်သုံးထားသောအာဏာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည်။ ဤအဆိုပါ အုပ်စုနှင့်ဒေသများသည် ရပ်တည်ချက်နှစ်ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပထမရပ်တည်ချက်သည် ဘာသာစကားနှင့် ယဉ်ကျေးမှုပေါ်တွင် အခြေခံ၍ သတ်မှတ်ထားတော ဒတ်ချ်ဘာသာစကားပြောကြသော ဖလီမစ်ရှ် အုပ်စု၊ ပြင်သစ်ဘာသာစကားပြောကြသော ဝါလူးန် အုပ်စုနှင့် ဂျာမန်ဘာသာစကားပြောကြသော အုပ်စုဟူ၍ အုပ်စုသုံးစုခွဲခြား သတ်မှတ်သည်။ ဒုတိယရပ်တည်ချက်သည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပထဝီဒေသအားဖြင့် ဖလန်းဒါး၊ ဝါလူးနီယားနှင့် ဘရပ်ဆဲလ်မြို့တော် ဒေသုံးခုဖြင့် ဖွဲ့စည်းထားရှိပါသည်။[၁၈][၉]
ဘုရင်စနစ်အောက်ရှိသော်လည်း အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်အပါအဝင် မျှတစွာ ခွဲဝေထားသည်။ ဆုံးဖြတ်ချက် များကို ဖီးလစ်ပ် ဘုရင်မင်းမြတ်၏ အမည်ကိုသုံး၍ စီရင်ချက် ချမှတ်ပါသည်။
ဥရောပသမဂ္ဂ ပါလီမန်အတွက်လည်း ဘယ်လ်ဂျီယမ်မှ ကိုယ်စားလှယ် ၂၁ ဦး ပါဝင်သည်။[၁၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads