ဘာဗေးရီးယားပြည်နယ်

From Wikipedia, the free encyclopedia

ဘာဗေးရီးယားပြည်နယ်
Remove ads

ဘာဗေးရီးယားပြည်နယ် (အင်္ဂလိပ်: Bavaria/bəˈvɛəriə/) ၏ တရားဝင်အမည်အရှည်မှာ လွတ်လပ်သောဘာဗေးရီးယားပြည်နယ် (the Free State of Bavaria သို့မဟုတ် Freistaat Bayern [ˈfʁaɪʃtaːt ˈbaɪɐn])) ဖြစ်သည်။ ၎င်းသည် ဂျာမနီနိုင်ငံ၏ အရှေ့တောင်ထောင့်တွင်ရှိသော ကုန်း​တွင်း​ပိတ်ပြည်နယ်တစ်ခု ဖြစ်သည်။ ဧရိယာ ၇၀,၅၅၀.၁၉ စတုရန်းကီလိုမီတာ (၂၇,၂၃၉.၅၈ စတုရန်းမိုင်) ရှိသဖြင့် ဘာဗေးရီးယားပြည်နယ်သည် ဂျာမနီနိုင်ငံ၏ စုစုပေါင်း ဧရိယာ၏ ငါးပုံတစ်ပုံခန့်ရှိပြီး၊ ဧရိယာအားဖြင့် အကြီးဆုံး ဂျာမန်ပြည်နယ် ဖြစ်သည်။ လူဦးရေ ၁၃-သန်းရှိပြီး၊ ဂျာမနီ၏ နော့တ်ရိုင်းန်ဗက်စ်ဖားလဲန်ပြည်နယ် (Nordrhein-Westfalen or North Rhine-Westphalia) ပြီးလျှင် ဒုတိယ လူဦးရေ အများဆုံးပြည်နယ် ဖြစ်သည်။ ဘာဗေးရီးယား ၏ အဓိက မြို့ကြီးများမှာ မြူးနစ်မြို့၊ နူရဲန်ဘာ့ဂ်မြို့၊ အောက်ဇ်ဘာ့ဂ်မြို့တို့ ဖြစ်သည်။ မြူးနစ်မြို့မှာ ၎င်းပြည်နယ်မြို့တော်နှင့် ပြည်နယ်အတွင်း အကြီးဆုံးမြို့ဖြစ်ပြီး ဂျာမနီနိုင်ငံရှိတတိယအကြီးဆုံးမြို့လည်းဖြစ်သည်။[]

အချက်တိုများ ဘာဗေးရီးယားပြည်နယ် Freistaat Bayern, လွတ်လပ်သောဘာဗေးရီးယားပြည်နယ် (Free State of Bavaria) ...

ဘာဗေးရီးယားဒေသတွင် အစောဆုံးအခြေချနေထိုင်သူများမှာ သံခေတ်က ကဲလ်တစ်လူမျိုးစုများ (Celtic tribes) ဖြစ်သည်။ ဘီစီ ၁ ရာစုတွင် ရောမအင်ပါယာက သိမ်းပိုက်ပြီးနောက် ဤနယ်မြေကို Raetia နှင့် Noricum ပြည်နယ်များ အောက်သို့ ထည့်သွင်းခဲ့သည်။ အနောက်ရောမအင်ပါယာ ပြိုကွဲပြီးနောက် အေဒီ ၆ ရာစုတွင် နယ်စားကြီးအုပ်ချုပ်သောနိုင်ငံငယ်တစ်ခု (a stem duchy) ဖြစ်လာခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် မြင့်မြတ်သောရောမအင်ပါယာ (Holy Roman Empire)အတွင်းသို့ ရောက်ရှိခဲ့ပြီး၊ လွတ်လပ်သော ဘုရင့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၈၇၁-ခုနှစ်တွင် ပရပ်ရှန်း(Prussian) ဦးဆောင်သော ဂျာမန်အင်ပါယာသို့ ဝင်ရောက်ခဲ့သော်လည်း ဘုရင့်နိုင်ငံတော်ဟူသော အမည်ကို ဆက်ထိန်းထားခဲ့သည်။ နောက်ဆုံး ၁၉၄၉-ခုနှစ်တွင် ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။[]

ဘာဗေးရီးယားတွင် အခြားနှင့်မတူ ထူးခြားသော ယဉ်ကျေးမှု ရှိသည်။ အဓိကအားဖြင့် ပြည်နယ်နေထိုင်သူများတွင် ကက်သလစ်ဘာသာဝင် အများစုဖြစ်ခြင်းနှင့် ရှေးရိုးစွဲ ထုံးတမ်းစဉ်လာများကြောင့် ဖြစ်သည်။[] ဘာဗေးရီးယားပြည်နယ်ဒေသခံများ သို့မဟုတ် ဘာဗေးရီးယန်း (Bavarians)တို့သည် အစဉ်အလာအားဖြင့် သူတို့၏ ဘာသာစကား၊ အစားအစာများ၊ ဗိသုကာလက်ရာများ၊ အောက်တိုဘာဖက်စ် (Oktoberfest) ကဲ့သို့သော ပွဲတော်များနှင့် အယ်လ်ပ်တောင်တန်းဒေသ၏ သင်္ကေတလက္ခဏာများ ပါဝင်သော သူတို့၏ ယဉ်ကျေးမှုအပေါ် ဂုဏ်ယူကြသည်။[] ဂျီဒီပီစာရင်းများအရ ၎င်းပြည်နယ်သည် ဂျာမန်ပြည်နယ်များကြားတွင် ဒုတိယ စီးပွားရေး အတောင့်တင်းဆုံးဖြစ်ပြီး ချမ်းသာသော ဂျာမန်ဒေသတစ်ခုအဖြစ် သတ်မှတ်သည်။[]

မျက်မှောက်ခေတ် ဘာဗေးရီးယားပြည်နယ် နယ်နမိတ်အတွင်း၌ ဖရဲန်ကိုးနီးယား(Franconia) နှင့် ဆွေးဗီးယား(Swabia)ဟုခေါ်သော အစောပိုင်းခေတ်များ၏ နိုင်ငံငယ်နှစ်ခုတို့၏ အစိတ်အပိုင်းအချို့လည်း ပါဝင်သည်။

Remove ads

အခေါ်အဝေါ်

"လွတ်လပ်သောပြည်နယ်" ("Free State") ဟူသောအခေါ်အဝေါ်ကို ပထမကမ္ဘာစစ်အပြီးတွင် ဘုရင်စနစ်ကိုဖျက်သိမ်းပြီးနောက် ဂျာမန်ပြည်နယ်အချို့တွင် စတင်သုံးစွဲခဲ့ကြသည်။ ၁၉၁၈-ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် တတိယ လွတ်ဒ်ဗစ်ဂ် ဘုရင် (Ludwig III) မှ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံး ဘုရင့်အပေါ် ကျမ်းသစ္စာ ကျိန်ဆိုခြင်းမှ ကင်းလွှတ်ခွင့်ပေးခဲ့သည့် အဲနစ်ဖ် ကြေညာချက်(Anif declaration)ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းကို အသစ်ဖွဲ့စည်းထားသော ရီပတ်ဘလီကန်အစိုးရ သို့မဟုတ် "ပြည်သူ့ပြည်နယ်" ဆိုရှယ်လစ် ဝန်ကြီးချုပ် ကာ့တ်အိုင်းစနာ (Kurt Eisner) မှ နန်း​စွန့်​ခြင်း​ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။[] သို့သော် ယနေ့အထိ ဗစ်တယ်လ်စဘာ့ဂ် နန်းတော် (House of Wittelsbach)မှ မည်သူတစ်ဦးတစ်ယောက်မျှ နန်းစွန့်မည်ဟု တရားဝင်ကြေညာခြင်း မရှိခဲ့ပါ။[၁၀]

Remove ads

ပထဝီဝင်

Thumb
ဘာဗေးရီးယန်း အဲလ်ပ်စ်တောင်တန်းမှ မြင်ကွင်းတစ်ခု

ဘာဗေးရီးယားပြည်နယ်သည် ဩစတြီးယားနိုင်ငံ (Salzburg၊ Tyrol၊ Upper Austria နှင့် Vorarlberg ဒေသများ)၊ ချက်သမ္မတနိုင်ငံ (Karlovy Vary၊ Plzeň နှင့် South Bohemian ဒေသများ)၊ ဆွစ်ဇာလန်နိုင်ငံ (Constance Lake မှ St. Gallen Canton အထိ) တို့နှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဤနိုင်ငံအားလုံးသည် ရှဲန်ဂန်ဧရိယာ (Schengen Area) သဘောတူချက်အောက်တွင် ပါဝင်သောကြောင့် နယ်စပ်သည် လုံးဝပွင့်လင်းသည်။ (ပြည်ဝင်ခွင့် အစစ်အဆေးမရှိ သွားလာနိုင်ခြင်းကို ဆိုလိုသည်။) ဂျာမနီနိုင်ငံအတွင်းရှိ အိမ်နီးချင်းဒေသများမှာ Baden-Württemberg၊ Hesse၊ Thuringia နှင့် Saxony ပြည်နယ်တို့ ဖြစ်သည်။ ဤဒေသကို ဒန်ညုမြစ် (Danubeနှင့် မိုင်းမြစ် (Main) ဟုခေါ်သော အဓိကမြစ်နှစ်စင်း ဖြတ်စီးနေသည်။ ဘာဗေးရီးယန်း အဲလ်ပ်စ်တောင်တန်းသည် အိမ်နီးချင်းဖြစ်သော ဩစတြီးယားနိုင်ငံနှင့် နယ်နမိတ်ခြားထားရာ နေရာဖြစ်သည်။ ဩစတြီးယားဘက်ခြမ်းတွင် ၎င်း၏ ဖက်ဒရယ်ပြည်နယ်များဖြစ်သော ဖောအားရယ်ဘာ့ဂ်ပြည်နယ် (Vorarlberg)၊ တရိုးလ်ပြည်နယ် (Tyrol) နှင့် ဆောလ်ဇ်ဘာ့ဂ်ပြည်နယ် (Salzburg) တို့ရှိကြသည်။ ဤတောင်တန်းဒေသတွင်ပင် ဂျာမနီနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော ဇု(ဂ်)စပီဇယ်(en:Zugspitze)တောင် ရှိသည်။ ချက်သမ္မတနိုင်ငံနှင့် နယ်ခြားဒေသအများစုကို ဘာဗေးရီးယန်းတောအုပ်နှင့် ဘိုဟီးမီးယန်းတောအုပ်တို့က နေရာယူထားသည်။

ဘာဗေးရီးယားပြည်နယ်ရှိ အဓိက မြို့ကြီးများမှာ မြူးနစ် သို့မဟုတ် မွန်ချဲန်မြို့ (Munich သို့မဟုတ် München)၊ နူရဲန်ဘာ့ဂ် သို့မဟုတ် နွန်းဘာ့ဂ်မြို့ (Nuremberg သို့မဟုတ် Nürnberg)၊ အောက်ဇ်ဘာ့ဂ်မြို့ (Augsburg)၊ ရေးဂဲန်စဘာ့ဂ်မြို့ (Regensburg)၊ ဝါ့တ်စဘာ့ဂ်မြို့ (Würzburg)၊ အင်ဂယ်လ်ရှတာ့ဒ်မြို့ (Ingolstadt)၊ ဖော့တ်မြို့ (Fürth) နှင့် အဲယားလမ်ငဲန်မြို့ (Erlangen) တို့ ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ပထဝီမြေအနေအထားအားဖြင့် ဗဟိုချက်သည် ဘာဗေးရီးယားပြည်နယ်၏ အနောက်မြောက်ထောင့်တွင် တည်ရှိသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများ

မကြာသေးမီ နှစ်များအတွင်း နွေရာသီများသည် ပိုမိုပူပြင်းလာခဲ့သည်။[၁၁] ဥပမာအားဖြင့် ရာသီဥတု လေ့လာတွေ့ရှိချက်များကို မှတ်တမ်းတင်ထားသည့်အချိန်မှစ၍ ၂၀၁၉-ခုနှစ် ဇွန်လသည် ဘာဗေးရီးယားပြည်နယ်တွင် အနွေးဆုံးသော ဇွန်လ ဖြစ်သည်။[၁၁] ၂၀၁၉-၂၀၂၀ ဆောင်းရာသီသည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာနှင့် ယှဉ်ကြည့်ပါက ဘာဗေးရီးယားပြည်နယ်တစ်လျှောက်လုံးတွင် အပူချိန် ၃ ဒီဂရီစင်တီဂရိတ် ပိုမိုပူနွေးခဲ့သည်။ ၂၀၁၉-ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် Piding တွင် အပူချိန် ၂၀.၂ ဒီဂရီစင်တီဂရိတ် (၆၈.၄ ဒီဂရီဖာရင်ဟိုက်) ဆောင်းရာသီစံချိန်အဖြစ် တိုင်းတာရရှိခဲ့သည်။[၁၂] ယေဘုယျအားဖြင့် ဆောင်းရာသီတွင် ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဆီးနှင်းကျခြင်းများထက် မိုးရွာသွန်းမှု ပိုမိုများပြားလာသည်ကို တွေ့နေရသည်။[၁၁] ၂၀၁၃ ဥရောပ ရေကြီးမှု (2013 European floods) သို့မဟုတ် ၂၀၁၉ ဥရောပ နှင်းသည်းထန်စွာ ကျရောက်မှု (2019 Bavaria 110cm Snowfall) ကဲ့သို့သော ရာသီဥတု လွန်ကဲပြင်းထန်မှုတို့သည် မကြာခဏ ဖြစ်ပွားလာနေသည်။ ဆက်လက်ပိုမို ပူနွေးလာမှု၏ အကျိုးသက်ရောက်မှုတစ်ခုမှာ ဘာဗေးရီးယားရှိ အဲလ်ပ်စ်တောင်တန်း ရေခဲမြစ်အားလုံးနီးပါး အရည်ပျော်လာခြင်း ဖြစ်သည်။ ဘာဗေးရီးယားရှိ ရေခဲမြစ်ငါးခုအနက် Höllentalferner တစ်ခုတည်းသာ အချိန်ကြာမြင့်စွာ ဆက်တည်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ အခြား ရေခဲမြစ်တစ်ခုဖြစ်သော Südliche Schneeferner သည် ၁၉၈၀ ခုနှစ်များကတည်းက ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။[၁၁]

Remove ads

စီးပွားရေး

ဂျာမနီနိုင်ငံအတွင်းရှိ ဒေသများနှင့် ယှဉ်ကြည့်လျှင် သော်လည်းကောင်း၊ ဥရောပတိုက်အတွင်းရှိ ဒေသများနှင့် ယှဉ်ကြည့်လျှင် သော်လည်းကောင်း၊ ဘာဗေးရီးယားပြည်နယ်မှာ အကြီးမားအတောင့်တင်းဆုံး စီးပွားရေးရှိသော ဒေသများအနက်မှတစ်ခု ဖြစ်သည်။[၁၃] ၂၀၀၇ ခုနှစ်တွင် ၎င်း၏ဂျီဒီပီသည် ယူရို ၄၃၄-ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀၀-ဘီလီယံပတ်ဝန်းကျင်) ကျော်ခဲ့သည်။[၁၄] ဤမြင့်မားသော ဂျီဒီပီက ဘာဗေးရီးယားပြည်နယ်ကို ဥရောပ၌ အကြီးမားဆုံး စီးပွားရေးဒေသတစ်ခု ဖြစ်စေခဲ့ပြီး၊ ကမ္ဘာတစ်ခုလုံးတွင် နိုင်ငံ ၂၀ တွင်သာ ၎င်းထက်ကြီးသော ဂျီဒီပီ ရှိသည်။[၁၅] ၂၀၁၈ ခုနှစ်တွင် ဂျီဒီပီသည် ယူရို ၆၁၇.၁-ဘီလီယံရှိပြီး ဂျာမန်စီးပွားရေး၏ ၁၈.၅% ရှိသည်။ ဝယ်ယူမှုစွမ်းအားဖြင့် ချိန်ငြှိထားသော လူတစ်ဦး ချင်းဂျီဒီပီသည် ယူရို ၄၃,၅၀၀ သို့မဟုတ် အီးယူ-၂၇(EU 27)ပျမ်းမျှ၏ ၁၄၄% ရှိသည်။ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဂျီဒီပီသည် အီးယူပျမ်းမျှ၏ ၁၁၄% ရှိသည်။ ၎င်းအချက်များက ဘာဗေးရီးယားပြည်နယ်ကို ဥရောပရှိ အချမ်းသာဆုံးဒေသတစ်ခု ဖြစ်စေခဲ့သည်။[၁၆] ဘာဗေးရီးယားပြည်နယ်သည် ဩစတြီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ အီတလီမြောက်ပိုင်းဒေသတို့နှင့် ခိုင်မာသော စီးပွားရေး ဆက်ဆံမှု ရှိသည်။[၁၇]

ကုမ္ပဏီများ

အက်ဒီးဒက်စ် (Adidas)၊ အယ်လီးယန်းစ် (Allianz)၊ အော်ဒီ (Audi)၊ ဘီအဲမ်ဒဗ္ဗလျူ သို့မဟုတ် ဘီအဲမ်ဗီ (BMW)၊ ဘိုဆေ့ဖာဇုတိုင်လယ် (Brose)၊ BSH HausgeräteHypoVereinsbank၊ အင်ဖင်းနီယွန် (Infineon)၊ KUKAMAN SEMTU Aero EnginesMunich Re၊ အော့စ်အမ် (Osram)၊ ပူးမား (Puma)၊ ရိုဒယ်အဲန်ရှဝါ့တ်ဇ် သို့မဟုတ် ဟိုဒယ်အွန်ရှဝါ့တ်ဇ် (Rohde & Schwarz)၊ ရှဲ့ဖလာ (Schaeffler)၊ ဇီးမဲန်စ် (Siemens)၊ ဗက်ကာခီမီ (Wacker Chemie) တို့အပါအဝင် များစွာသော ကုမ္ပဏီကြီးများသည် ဘာဗေးရီးယားပြည်နယ်တွင် အခြေစိုက် ရုံးချုပ်ဖွင့်ထားသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

Thumb
ရှလော့စ် နွုက်ရှ်ဗန်းရှတိုင်း သို့မဟုတ် နွုက်ရှ်ဗန်းရှတိုင်း ရဲတိုက်သည် ဘာဗေးရီးယား၏ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် အကျော်ကြားဆုံး အရာများအတွင်းမှ တစ်ခု ဖြစ်သည်။

၂၀၁၉-ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သန်း ၄၀ လာရောက်လည်ပတ်ခဲ့သဖြင့် ဘာဗေးရီးယားပြည်နယ်သည် ဂျာမနီနိုင်ငံတစ်ခုလုံးတွင် ခရီးသည်အများဆုံး လာရောက်လည်ပတ်သည့် ပြည်နယ်တစ်ခု ဖြစ်ပြီး၊ ဥရောပတိုက်၏ ခရီးသွားဧည့်သည်များသွားချင်သည့် ထိပ်ဆုံးနေရာများအနက်မှ တစ်ခု ဖြစ်သည်။ [၁၈]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads