အက်ဒီးဒက်စ်
ဂျာမန် နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်း From Wikipedia, the free encyclopedia
Remove ads
အက်ဒီးဒက်စ် (ဂျာမန်: Adidas; ဂျာမန် အသံထွက်: [ˈʔadiˌdas] ( ))[၄] သည် ဂျာမနီနိုင်ငံရှိ အားကစားဝတ်စုံနှင့် ဖိနပ် ထုတ်လုပ်ရေး လုပ်ငန်းစုဖြစ်ပြီး ဘာဗေးရီးယားပြည်နယ်၊ ဟာဇိုဂနောဟာမြို့တွင် ရုံးချုပ်တည်ရှိသည်။ ၎င်းသည် အားကစားဝတ်စုံ ထုတ်လုပ်ရေးတွင် ဥရောပ၏ အကြီးဆုံး လုပ်ငန်းစုဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် နိုက်ခီ (အင်္ဂလိပ်: Nike) ပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။[၅][၆] ၎င်းသည် ဘိုင်ယန်မြူးနစ် ဘောလုံးကလပ်၏ ရှယ်ယာ ၈.၃၃ %[၇] နှင့် ဩစတြီးယား ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ နည်းပညာကုမ္ပဏီ Runtastic တို့၏ အစုရှယ်ယာများ ပါဝင်သည့် Adidas Group ၏ ဦးပိုင်ကုမ္ပဏီဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Adidas သည် ဝင်ငွေအနေဖြင့် ယူရို ၂၁.၉၁၅ ဘီလီယံ ရရှိခဲ့သည်။
ကုမ္ပဏီကို အဒေါ့ဖ် ဒက်စလာက ၎င်း၏ မိခင်အိမ်၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် ၎င်း၏အစ်ကိုဖြစ်သူ ရုဒေါ့ဖ် ဒက်စလာနှင့်ပူးပေါင်း၍ Gebrüder Dassler Schuhfabrik ("ဒက်စလာနှင့် ညီအစ်ကိုများ ဖိနပ်စက်ရုံ") ဟူသောအမည်သို့ပြောင်းလဲခဲ့သည်။ ဒက်စလာသည် အားကစားပွဲများစွာအတွက် အပြေးဖိနပ်များ တီထွင်ဆန်းသစ်မှုတွင် အကူအညီများစွာပေးခဲ့သည်။ အားကစားဖိနပ်များ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက် ယခင်က လေးလံသော သတ္တုစပ်ပုံစံမှ ကင်းဗတ်နှင့် ရော်ဘာကို အသုံးပြုခြင်းသို့ ကူးပြောင်းခဲ့သည်။ ဒက်စလာသည် ၁၉၃၆ ခုနှစ် နွေရာသီအိုလံပစ်တွင် သူ၏လက်လုပ် အပြေးဖိနပ်များကိုအသုံးပြုရန် အမေရိကန် အပြေးသမား ဂျက်ဆီ အိုဝင်ကို ဆွဲဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ညီအစ်ကိုများကြား ဆက်ဆံရေးပျက်ပြားသွားပြီးနောက် အဒေါ့ဖ်သည် Adidas ကို တည်ထောင်ခဲ့ပြီး ရုဒေါ့ဖ် သည် Puma ကုမ္ပဏီကို တည်ထောင်ကာ Adidas ၏ စီးပွားပြိုင်ဘက်ဖြစ်လာခဲ့သည်။
အစင်းကြောင်း သုံးတန်း ပုံသည် ကုမ္ပဏီ၏အဝတ်အစားနှင့် ဖိနပ်ဒီဇိုင်းများ ဈေးကွက်အတွက် Adidas ၏ အမှတ်အသားတံဆိပ်အဖြစ် အသုံးပြုထားသည်။ Adidas သည် ၎င်းအမှတ်အသားတံဆိပ်အား ဖင်လန်အားကစားကုမ္ပဏီ Karhu Sports ထံမှ ၁၉၅၂ ခုနှစ်တွင် ယူရိုငွေ ၁,၆၀၀ နှင့် ဝီစကီ ၂ ပုလင်း[၈] စုစုပေါင်းဈေးနှင့်ညီမျှသော တန်ကြေးဖြင့် ဝယ်ယူခဲ့ပြီး[၉] ၎င်းအမှတ်တံဆိပ်သည် အောင်မြင်လာခဲ့သဖြင့် ဒက်စလာသည် Adidas ကို "အစင်းကြောင်းသုံးတန်း ကုမ္ပဏီ (The three stripes company)" အဖြစ် ညွှန်းဆိုခဲ့သည်။[၈][၉]
Remove ads
ကော်ပိုရိတ်အချက်အလက်များ
လက်ရှိအမှုဆောင်ဘုတ်အဖွဲ့
- အမှုဆောင်အရာရှိချုပ် : Kasper Rørsted
- ဘဏ္ဍာရေးအရာရှိချုပ် : Harm Ohlmeyer
- ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များ : Eric Liedtke
- ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု : Gil Steyeart
- ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု : Roland Auschel
စီမံခန့်ခွဲရေး ပုဂ္ဂိုလ်ဟောင်းများ
- အမှုဆောင်အရာရှိချုပ် (၁၉၉၃ - ၂၀၀၂) : Robert Louis-Dreyfus
- အမှုဆောင်အရာရှိချုပ် (၂၀၀၂ - ၂၀၁၆) : Herbert Hainer
ငွေကြေးဆိုင်ရာ အချက်အလက်များ
Remove ads
ပုံများ
- အဒေါ့ဖ် ဒက်စလာပုံ၊ Adidas ၏ တည်ထောင်သူ၊ ၁၉၁၅ ခုနှစ်။
- ဒက်စလာ ညီအစ်ကိုများ ဖိနပ်စက်ရုံပုံ၊ ၁၉၂၈ ခုနှစ်။
- ၁၉၉၇ ခုနှစ်အထိ အသုံးပြုသော မူရင်း Adidas လိုဂို။ ၎င်းကို Adidas Originals မူလထုတ်လုပ်ရေးလိုင်းတွင် အသုံးပြုသည်။
- ၁၉၉၀–၂၀၂၂ လိုဂိုကို အားကစားပစ္စည်း ထုတ်လုပ်ရေးလိုင်းအတွက် မူလဒီဇိုင်းထုတ်ထားပြီး၊ နောင်တွင် ကော်ပိုရိတ်တံဆိပ်အဖြစ် အသုံးပြုခဲ့သည်။
- Beau Jeu (ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် အသုံးပြုသော တရားဝင် ဘောလုံး)
- Telstar 18 (၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသုံးပြုသော တရားဝင် ဘောလုံး)
- Adidas ကုမ္ပဏီ၏ အစင်းကြောင်း သုံးတန်း အမှတ်အသားပါရှိသော ဖိနပ်တစ်ရံပုံ။
- Adilette ကွင်းထိုးဖိနပ်များ
Remove ads
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads