ဘိုကလေးမြို့

From Wikipedia, the free encyclopedia

Remove ads

ဘိုကလေးမြို့သည် ဧရာဝတီတိုင်းဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်ပြီး ခုန်ညင်းတန်းမြစ်နှင့် ကျိုက်ပိမြစ်ဆုံရာ၊ ခုန်ညင်းတန်းမြစ်၏ လက်ဝဲဘက်ကမ်းတွင် တည်ရှိသည်။ မြစ်အကွေ့တွင် တည်ရှိသောကြောင့် မြစ်ကို နှစ်ဖက်မျက်နှာပြုထားပြီး ပင်လယ်မှ ၄၃ မိုင်ခန့် ကွာဝေးသည်။ ဖျာပုံခရိုင်အတွင်း လူဦးရေအများဆုံးနှင့် အရောင်းအဝယ် အစည်ကားဆုံးမြို့ဖြစ်သည်။

အချက်တိုများ Bogale ဘိုကလေးမြို့, နိုင်ငံ ...
Remove ads

မြို့ဖြစ်ပေါ်လာပုံ

ဘိုကလေးဟု ခေါ်တွင်ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀-၇၀ ခန့်က မြို့၏ တစ်ဖက်ကမ်းတွင် သာပေါင်းရွာကြီး ရှိခဲ့ပြီး ဘိုကလေးဘက်ခြမ်းသည် ဆင်နေကျားအောင်းသော တောကြီးသာဖြစ်သည်။ ထိုစဉ်က အင်္ဂလိပ်ကပြား မုဆိုးတစ်ဦးသည် နတ်ချောင်းဝတွင် ဗိုလ်တဲသဏ္ဌာန် အိမ်ကလေးဆောက်၍ နေထိုင်ရာ ထိုအစုအဝေးကို ထိုမုဆိုးကို အစွဲပြု၍ "ဗိုလ်ကလေးစု" ဟု ခေါ်တွင်ခဲ့သည်။ သစ်ခုတ်၊ ထင်းခုတ်လာသူများ လုံခြုံရေးအတွက် ဤအစု၌ ခိုလှုံရာမှ လူသိများလာပြီး တဖြည်းဖြည်း ရွာ၊ ထို့နောက် မြို့အဖြစ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

Remove ads

ပထဝီဝင်နှင့် ထွက်ကုန်များ

ဘိုကလေးမြို့နယ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြေနိမ့်မြေပြန့်များ၊ မြစ်ချောင်းပေါများသော ဒေသဖြစ်သည်။ ခုန်ညင်းတန်းမြစ်နှင့် ကျိုက်ပိမြစ်တို့ ပေါင်းဆုံပြီးနောက် တောင်ဘက်သို့ စီးဆင်းရာတွင် ဘိုကလေးမြစ်ဟု ခေါ်တွင်ပြီး ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ ထိုမြစ်သည် ရေငန်ပိုင်း၌ ထင်ရှားသော ဦးရှင်ကြီးနတ်နှင့် သက်ဆိုင်သည့် ကျွန်းညိုကြီး၊ မိန်းမလှကျွန်း၊ ဆတ်ကျွန်း စသည့် စိမ်းစိုသာယာသော ကျွန်းများကို ဖြတ်သန်းသွားသည်။

မြို့နယ်၏ ထက်ဝက်ကျော်သည် ထင်းတောများဖြစ်ပြီး ကနစိုကြတ်နံကန့်ပလာ၊ မြင်းက၊ ဗျူး၊ လမု စသည့် ထင်းတောများ ပေါက်ရောက်သည်။ ထို့ကြောင့် ထင်းသည် ဘိုကလေးမြို့နယ်၏ အဓိကထွက်ကုန်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံး၌ သုံးသောထင်း အများစုမှာ ဘိုကလေးမြို့နယ်မှ ဖြစ်သည်။ မီးသွေးလည်း ဖုတ်၍ တင်ပို့ရောင်းချပြီး ရန်ကုန်တွင် ဘိုကလေးမီးသွေးမှာ လူသိများသည်။ ကနစိုသစ်များကိုလည်း အိမ်သုံး၊ ကျောင်းဆောက်သစ်အဖြစ် သစ်စက် ၁၅ စက်ဖြင့် ခွဲစိတ်တင်ပို့ရောင်းချသည်။

အခြားအရေးပါသော ထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး မြို့နှင့် မြို့နယ်အတွင်း ဆန်စက် ၂၁ လုံးကျော်ခန့် ရှိသည်။ ဧရာရွာ၊ အမာရွာ၊ ကဒုံကနီရွာကြီးများမှ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသော ပင်လယ်ထွက်ကုန်များကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ ကိုင်းသောင်၊ သောင်ကတုံး စသော ပင်လယ်ကမ်းရိုးတန်းရှိ သဲသောင်များမှ လိပ်ဥများကိုလည်း များစွာ ရရှိသည်။

Remove ads

လူဦးရေနှင့် သွားလာရေး

ဘိုကလေးမြို့နယ်၏ အကျယ်အဝန်းသည် ၁၀၈၈ စတုရန်းမိုင်ရှိပြီး ဖျာပုံခရိုင်အတွင်း အကျယ်ဆုံး မြို့နယ်ဖြစ်သည်။ သူကြီးတစ်ပိုင်းကျေးရွာပေါင်း ၇၆ ရွာ ပါဝင်ပြီး မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ ၁၃၁,၁၈၅ ဦး (၁၉၅၆ ခန့်မှန်း) ဖြစ်သည်။ မြို့ပေါ်လူဦးရေမှာ ၂၃,၂၁၁ ဦး (၁၉၅၃ သန်းခေါင်စာရင်း) ဖြစ်သည်။ မြို့ပေါ်နှင့် မြို့နယ်အတွင်း နေထိုင်သူများအနက် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများဆုံးဖြစ်ပြီး ကရင်၊ တရုတ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိသည်။

ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး မိုးရာသီတွင် မိုးများသည်။ မြစ်ချောင်းပေါများသောကြောင့် မြို့နယ်အတွင်းနှင့် အပသို့ ရေလမ်းခရီးဖြင့် သွားလာကူးသန်းကြသည်။ ရန်ကုန်-မော်လမြိုင်ကျွန်း (မြောင်းမြခရိုင်) သွား ပရသဖအဖွဲ့ပိုင် သင်္ဘောများသည် ဘိုကလေးမြို့နှင့် မြင်းကကုန်းရွာကြီးကို ဖြတ်သန်းသွားပြီး ကျိုက်လတ်မြို့၌ ရပ်နားသည်။ ဖျာပုံမြို့နှင့် ဘိုကလေးမြို့သို့ ရက်ခြားပြေးဆွဲသော ပရသဖသင်္ဘောများနှင့် ပုဂ္ဂလိကပိုင် သင်္ဘောများလည်း ရှိသည်။

မြို့ပြအုပ်ချုပ်ရေးနှင့် အထင်ကရနေရာများ

ဘိုကလေးမြို့သည် ဗြိတိသျှခေတ်တစ်လျှောက်လုံး ဒိစတြိတ်ကောင်စီ အုပ်ချုပ်ရေးဖြင့်သာ ရှိနေခဲ့ရာ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ မြူနီစီပယ် အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သည်။

မြို့တွင် အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ရပ်ကွက်ခွဲခြားထားသည်။ မြို့ပေါ်၌ မြို့ပိုင်ရုံး၊ သမဝါယမရုံး၊ အစိုးရတန်းမြင့်ကျောင်း၊ အလယ်တန်းကျောင်း၊ ဆေးရုံ၊ ရဲဌာန စသော အစိုးရအဆောက်အအုံများ ရှိသည်။ အထင်ကရ အဆောက်အအုံများမှာ သာသနိက အဆောက်အအုံများ ဖြစ်ကြသည်။ ၎င်းတို့မှာ စေတီသုံးထပ်ငုံ၍ တည်ထားသော အောင်စကြာစေတီ၊ မြို့လည် ဘုရားတန်ဆောင်းကြီး၊ အင်္ဂလိပ်ခေတ်ကပင် ငွေ ၃ သိန်းခန့်အကုန်အကျခံကာ ဆောက်လုပ်ထားသော စံကျောင်းခေါ် စာသင်တိုက်ကျောင်းကြီးနှင့် ဒွါရကျောင်း၊ ကံဦးကျောင်း၊ မိတ္ထီလာကျောင်းဟူ၍ ကျောင်းကြီး ၄ ကျောင်းအပြင် ကျောင်းငယ်ပေါင်း ၄၀ ကျော်ခန့် ရှိသည်။

မြို့ပြင်အစပ်တွင် ၁၉၅၁ ခုနှစ်က တူးဖော်ခဲ့သော အလျား ၁၃၆၀ ပေ၊ အနံ ၆၃၀ ပေ ရှိ မဟာသီဘဝဲ ကန်တော်ကြီးသည် နွေရာသီတွင် ရေရှားပါးမှုအခက်အခဲကို ဖြေရှင်းပေးသော ဘိုကလေးမြို့၏ ကျက်သရေဆောင် ကန်ကြီးလည်း ဖြစ်သည်။ []

Remove ads

အထင်ကရ ပုဂ္ဂိုလ်များ

  • ဗိုလ်ကလေးတင့်အောင် - မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads