ဘီနင်နိုင်ငံ

From Wikipedia, the free encyclopedia

ဘီနင်နိုင်ငံmap
Remove ads

ဘီနင်နိုင်ငံ (Benin)(/bɛˈnn/ ( ) BEN-een, /bɪˈnn/ BIN-een;[] ပြင်သစ်: Bénin [benɛ̃]), တရားဝင်အားဖြင့် ဘီနင် သမ္မတနိုင်ငံ (ပြင်သစ်: République du Bénin) (ယခင်က ဒါဟိုမေး သမ္မတနိုင်ငံဟု သိရှိထားခဲ့) အနောက်အာဖရိကတွင် တည်ရှိသော နိုင်ငံတစ်ခုသည်။ အနောက်ဘက်တွင် တိုဂိုနိုင်ငံ၊ အရှေ့ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ မြောက်ဘက်တွင် ဘာကီးနားဖားဆိုနှင့်နိုင်ဂျား တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နိုင်ငံ၏တောင်ပိုင်းတွင် ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်နေပြီး လူနေထူထပ်သည်။ ဘီနင်နိုင်ငံ၏မြို့တော်မှာ ပိုတိုနိုဗို (Porto-Novo) ဖြစ်သော်လည်း အစိုးရအဖွဲ့ရုံးထိုင်ရာသည် အကြီးဆုံးမြို့တော်ဖြစ်သော ကိုတိုနို(Cotonou) မြို့ ဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၁၁၀,၀၀၀) (စတုရန်းကီလိုမီတာပေါင်း ၄၂,၀၀၀) ရှိပြီး လူဦးရေမှာ ၉.၀၅သန်းရှိသည်။ ဘီနင်သည် အပူပိုင်း၊ ဆာဟာရတစ်ပိုင်း နိုင်ငံဖြစ်သည်။ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ []

အချက်တိုများ ဘီနင် သမ္မတနိုင်ငံ République du Bénin (ပြင်သစ်), မြို့တော် ...

ဘီနင်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ ဒေသခံဘာသာစကားများဖြစ်သော ဖွန် (Fon language) စကားနှင့် ယိုရူဘာ (Yoruba) စကားတို့မှာ အပြောများသည်။ ကိုးကွယ်ရာလူဦးရေအများဆုံးဘာသာမှာ ရိုမန်ကက်သလစ် (Roman Catholicism) ဖြစ်သည်။ မူဆလင်ဗိုဒွန် (Vodun) နှင့် ပရိုတက်စတင့် (Protestants) များလည်း ရှိကြသည်။ ဘီနင်သည် ကမ္ဘာ့ကုလသမဂ္ဂအာဖရိကသမဂ္ဂအစ္စလမ်ကွန်ဖရင့်အဖွဲ့ (rganisation of the Islamic Conference) တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) ဆာဟာရတိုင်းပြည်များအဖွဲ့ (Community of Sahel-Saharan States)၊ အာဖရိကရေနံထုတ်လုပ်သူများအဖွဲ့ (African Petroleum Producers Association) နှင့် နိုင်ဂျားမြစ်ဝကျွန်းပေါ်အာဏာပိုင်အဖွဲ့ (Niger Basin Authority) တို့တွင် အဖွဲ့ဝင်ဖြစ်သည်။ [၁၀]

၁၇ရာစုနှစ်မှ ၁၉ရာစုနှစ်အထိ ဘီနင်နိုင်ငံကို ဒါဟိုမေဘုရင့်နိုင်ငံက အုပ်ချုပ်ခဲ့သည်။ ၁၇ရာစုအစောပိုင်းကာလများတွင် အတ္တလန္တိတ်သမုဒ္ဒရာဖြတ် ကျွန်ကုန်ကူးရေး လမ်းကြောင်း သင့်နေသောကြောင့် ကျွန်ရောင်းဝယ်ရာဒေသဖြစ်ခဲ့သည်။ ၁၈၉၂တွင် ကျွန်ရောင်းဝယ်ရေးကို ပိတ်ပင်တားမြစ်ခဲ့ပြီး ဒေသတွင်း ဩဇာကျဆင်းလာသည်။ ပြင်သစ်က သိမ်းပိုက်လိုက်ပြီး ပြင်သစ်ပိုင်ဒါဟိုမေ (French Dahomey) ဟုအမည်ပေးခဲ့သည်။ ၁၉၆၀တွင် ပြင်သစ်ထံမှ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ၁၂နှစ်အကြာအထိ ဒီမိုကရေစီနိုင်ငံကို တည်ထောင်ခဲ့သည်။

၁၉၇၂မှ ၁၉၉၀အထိ မာ့ခ်စ်-လီနင်ဝါဒီ (Marxist-Leninist) ဟုအမည်ခံသော အာဏာရှင်အုပ်ချုပ်သည့် ဘီနင်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of Benin) ကို တည်ထောင်ခဲ့သည်။ ထိုကာလအတွင်းစီးပွားရေး ယိုယွင်းပျက်စီးခဲ့သည်။ ၁၉၉၁တွင် ဘီနင်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး ပါတီစုံစနစ်ကို ကျင့်သုံးခဲ့သည်။

Remove ads

ဝေါဟာရရင်းမြစ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads