ဘုရင့်ညီဂူ
From Wikipedia, the free encyclopedia
Remove ads
ဘုရင့်ညီဂူသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှ (၁၂)မိုင်အကွာ သံလွင်မြစ်အရှေ့ ဘက်ကမ်းပေါ်ရှိ နောင်ကျန်ရွာအနီးတွင် တည်ရှိသည်။[၁]
ဘုရင့်ညီဂူသည် တောင်ကုန်းပေါ်တွင် တည်ရှိပြီး အုတ်လှေကားများဖြင့် အပေါ်သို့ တက်ရောက်နိုင်သည်။ တောင်စောင်းတစ်လျှောက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ဂူအတွင်းတွင် ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်သည်။ ဂူသည် ၁ ဖာလုံခန့် ရှည်လျားသည်။ ဘုရင့်ညီဂူအခြေတွင် သဘာဝအလျှောက် ဖြစ်ပေါ်နေသော ရေပူ၊ ရေအေးစိမ့်စမ်းအိုင်လည်း ရှိသည်။ ဂူထဲတွင် ဂဝံကျောက်အုတ်၊ ရှေးခေတ်ဟောင်း လက်လုပ်မြေအုတ်တို့ဖြင့် ထွင်းထုထားသော ဘုရားများစွာလည်း ရှိသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads