မင်းတုန်းမြို့

From Wikipedia, the free encyclopedia

Remove ads

မင်းတုန်းမြို့သည် အထက် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးသရက်ခရိုင်တွင် ပါဝင်သော မင်းတုန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ မင်းတုန်းမြို့သည် ရခိုင်တောင်တန်းများနှင့် ၄-၅ မိုင်ခန့်အကွာ မင်းတုန်း(မထုံး)မြစ်၏ လက်ယာ ဘက်ကမ်း ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့်သာယာသော မြို့ကလေး ဖြစ်သည်။ သရက်မြို့နှင့် ၄၂ မိုင်ဝေး၍ မော်တော်ကားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ မြန်မာမင်းများ လက်ထက်က မင်းတုန်းကို မြို့ဝန်အုပ်ချုပ်၏။ သက်ဦးဆံပိုင်သော မင်းတုန်းမြို့ဝန်သည် မင်းတပ်၊ တိုင်တား၊ မြို့သစ်၊ ပန်းတိမ်း၊ ငဖဲ၊ နန်းတော၊ မင်းတုန်းဟူသော တောင်စဉ်ခုနစ်ခရိုင်ကို စီရင်အုပ်ချုပ်ရလေသည်။

အချက်တိုများ မင်းတုန်းမြို့, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မင်းတုန်းမြို့ကို ခရစ် ၁ဝဝ ပြည့်နှစ်ခန့်က သရေခေတ္တရာပြည်မှ ပြေးလွှား ပုန်းအောင်းလာသော သမုဒ္ဓရာဇ် အမည်ရှိသော မင်းသားတစ်ပါးက ဘုမ္မဝတီဟူသော အမည်ဖြင့် တည်ထောင်ခဲ့သည် ဆို၏။ မင်းသားပုန်းအောင်းသည်ကို အစွဲပြု၍ မင်းပုန်း တွင်ရာမှ မင်းတုန်းဟု ရွေ့လျော်ပြောင်းလဲ လာသည် ဆို၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads